
Sign up to save your podcasts
Or


တနင်္သာရီတိုင်းထဲမှာ အောက်ဘာလ ၆ ရက်ကနေ ၁၂ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့.........
- သန်းခေါင်စာရင်းကောက်ဖို့အတွက်ထားဝယ်မြို့ပေါ်လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်သားတွေ ငွေညှစ်နေတဲ့အကြောင်း
- ထားဝယ်အရှေ့တောမှာ ကော်သူးလေတပ်ကသတ်ထားတဲ့ အမျိုးသားသုံးဦးရဲ့အလောင်းတွေ့တဲ့သတင်း
- ဝက်သားတစ်ပိဿာကို ၂၈၀၀၀ကျပ်နဲ့ရောင်းဖို့ မြို့နယ်စည်ပင်နဲ့ ဝက်သားဒိုင်တို့ သဘောတူလိုက်တဲ့အကြောင်း
- ထားဝယ်စျေးကွက်မှာ ရော်ဘာရာသီ အဖွင့်စျေးကောင်းနေတဲ့အခြေအနေ
- လောင်းလုံးနဲ့ သရက်ချောင်းမှာ သန်းခေါင်စာရင်းကောက်ရာပါဝင်နေတဲ့ Non CDM ဝန်ထမ်းတွေကို PDF ကဖမ်းဆီးတဲ့အကြောင်း
- ရှင်မော်ဘုရားနဲ့ ကျောက်နီမော်ရွာကြားရှိ ရွာခြောက်ရွာကို စစ်ကောင်စီတပ်က လမ်းပိတ်ထားတာ တစ်လလောက်ကြာလာတဲ့ အခြေအနေ
- ရေဖြူတံတားအရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ
- တနင်္သာရီက ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးချလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတဲ့အခြေအနေ
- တနင်္သာရီမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း
- ထိုင်း-မြန်မာနယ်စပ် ဆိပ်ဖူးရွာမှာ အမျိုးသားတစ်ဦး သေနတ်နဲ့အပစ်ခတ်ခံရတဲ့အပေါ် ကော့သောင်း ပကဖ စုံစမ်းစစ်ဆေးနေတဲ့ အကြောင်း
စတဲ့သတင်းတွေကို နားဆင်ရမှာပါ။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့
- နယ်သာလန်က ယူကရိန်းကို ဒေါ်လာ သန်း ၄၄၀ ကူညီမယ်
- ပါကစ္စတန်မှာ ဗုံးပေါက်ကွဲမှုကြောင့် တရုတ်ဝန်ထမ်းနှစ်ဦး သေဆုံး
- လက်ဘနွန်ကို အစ္စရေးက စစ်ဆင်ရေး တိုးချဲ့လာ
- အမေရိကန်မှာ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း တိုက်ခိုက်
- ဓါတုဗေဒ၊ ရူပဗေဒ၊ ဆေးဖက်ဆိုင်ရာနဲ့ စာပေနိုဘယ်ဆုတွေ ကြေညာ
- မလေးရှားမှာ အမျိုးသမီးလို ဝတ်ဆင်တဲ့ နိုင်ငံခြားသားနှစ်ဦး ဒဏ်ငွေ ရိုက်ခံရ
- ဗြိတိန်မှာ လူဦးရေ တစ်ရာခိုင်နှုန်းတိုးလာ
- ဒရုန်းများဖြင့် အီမိုဂျီအများဆုံးပြုလုပ်နိုင်သူအဖြစ် ကင်ဆာဝေဒနာသည်က စံချိန်တင်
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်မယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့
ကျောင်းအုပ်အပါအဝင်ကိုးဦး ဖမ်းဆီးခံရတဲ့သတင်း
- ထားဝယ် ကမြောကင်းတံတား ပုံမှန်တိုင်း ဖြတ်သန်းရနေတဲ့အကြောင်း
- သပိတ်မျှောပွဲနီးလာပေမယ့် သပိတ်ရောင်းအားနည်းနေတဲ့သတင်း
- ကော့သောင်း ဆိပ်ဖူးရွာက အမျိုးသားတစ်ဦး ပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့သတင်း
- ထိုင်းမှာ ၁၃ ချပ် အပါအဝင် လောင်းကစားနည်း ၂၀ ကျော်ကို တရားဝင်ခွင့်ပြုလိုက်တဲ့သတင်း
- ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဂျပန်ကစ်ဘောက်ဆင်ဖိုက်တာ တာကေးရု ဟာ သန့်ဇင်ဖြစ်ချင်တဲ့ စိတ်ကူးဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါပြီ။
သန့်ဇင်ဟာ တာကေးရုနဲ့ ပွဲထိုးဖို့အတွက် Short Notice ရရှိလိုက်ချိန်ကတည်းက ဒီပွဲမှာ သူသာ နိုင်ခဲ့ရင် ထိုးကြေးနဲ့ နိုင်ကြေးထဲက တချို့တဝက်က မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် လှူမယ်၊ ကူမယ်လို့ အမြဲပဲ ပြောနေခဲ့တာပါ။
တာကေးရုနဲ့အတူ ပွဲကြိုသတင်းစာရှင်းလင်းပွဲအဖြစ် သတင်းထောက်တွေမေးမြန်းတဲ့ မေးခွန်းတွေကို ဖြေဆိုရတော့လည်း သူ့ရဲ့အဲ့ဒီရည်ရွယ်ချက်ကို သန့်ဇင်က ထည့်ပြောခဲ့ပါတယ်။
ပွဲပြီးလို့ အရှုံးရလဒ်နဲ့ ရင်ဆိုင်လိုက်ရချိန်မှာလည်း သူ ရှုံးလို့ နာကျင်ရတာထက် ရေဘေးသင့် မြန်မာပြည်သူတွေကို မကူညီနိုင်တော့လို့ ပိုနာကျင်ရတယ်ဆိုပြီး ပရိသတ်တွေနဲ့ တွေ့ဆုံချိန်မှာ သန့်ဇင်က ရင်ဖွင့်ခဲ့ပါသေးတယ်။
အခုတော့ သန့်ဇင်ရဲ့ဆန္ဒကို သူ့ပြိုင်ဘက်ဖြစ်ခဲ့တဲ့ တာကေးရုက ဖြည့်ဆည်းပေးလိုက်ပါပြီ။
သန့်ဇင်ကို အလဲထိုးပြီး အနိုင်ယူခဲ့တဲ့ တာကေးရု ဟာ မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ သန့်ဇင်ရဲ့မန်နေဂျာ ကိုစောဖြိုးဝေနဲ့ချိတ်ဆက်ပြီး အလှူငွေတွေ ထည့်ဝင်လှူဒါန်းလိုက်ပြီဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမြို့နယ် တကူရွာမှာ အငြိမ်းစားကျောင်းဆရာမတစ်ဦး အသ တ်ခံခဲ့ရတဲ့အကြောင်း
- မောင်းမကန်ရွာထဲရောက်လာပြီး ပိုက်နဲ့ငြိနေတဲ့ စပါးအုံမြွေကြီးကို ဒေသခံတွေက လွှတ်ပေးလိုက်တာ
- ထားဝယ်မှာရော်ဘာရာသီအစ အဖွင့်ဈေး မနှစ်ကထက်ပိုကောင်းနေတဲ့အခြေအနေ
- ပင်လယ်ဘူးမြို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်တဲ့အကြောင်း
- ဘန်ကောက်အနီးက ဆောက်လုပ်ရေးမြန်မာအလုပ်သမားတစ်ဦး မိုးကြိုးပစ်လို့သေဆုံးသွားအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်အရှေ့တောမှာ အမျိုးသားသုံးဦး သ တ်ဖြတ်ခံရပြီးအလောင်းစွန့်ပစ်ခံရတဲ့သတင်း
- ထားဝယ်မှာ ဝက်သားတစ်ပိဿာ ၂၈၀၀၀နဲ့ရောင်းဖို့ ဒိုင်နဲ့စည်ပင်တို့ သဘောတူတဲ့အကြောင်း
- မောင်မယ်ရှောင်ရွာက ဆီဆွမ်းလောင်းပွဲကို စစ်ဘေးရှောင်ဒေသမှာ အစဉ်အလာမပျက်ကျင်းပတဲ့သတင်း
- ကံပေါက်ဒေသက ရော်ဘာခြစ်လုပ်သားနဲ့ စစ်ဘေးရှောင်တွေ ထောက်ခံစာလုပ်နေရတဲ့အခြေအနေ
- တနင်္သာရီ ဘန်လောမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချလို့ အမျိုးသမီးတစ်ဦးဒဏ်ရာရသွားတာ
- ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်မှာ မြန်မာပစ္စည်းရောင်းတဲ့ ဆိုင်နှစ်ဆိုင်ကို ထိုင်းအာဏာပိုင်တွေဖမ်းဆီးတဲ့အကြောင်း
- ကန်ချနာဘူရီခရိုင်က ရွှေဆိုင်ကိုဝင်လုတဲ့ မြန်မာတစ်ဦးအဖမ်းခံရတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်-ရန်ကုန်လမ်းမှာ မှန်လုံကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရသွားတဲ့အကြောင်း
- လောင်းလုံးရှိ ရွာခြောက်ရွာကို စစ်ကောင်စီက လမ်းပိတ်ထားတာ တစ်လလောက်ရှိလာတဲ့ အခြေအနေ
- ကျွန်းစုမြို့နယ် ကံမော်ရွာမှာ နေအိမ်ငါးလုံးမီးလောင်သွားတဲ့အကြောင်း
- ကံပေါက်ဒေသက ဟိန္ဒူဘုရားကျောင်းမှာ မုခ်ဦးထီးတင်ပွဲကျင်းပတဲ့သတင်း
- မလေးရှားမှာ အမျိုးသမီးအသွင် ဝတ်ဆင်တဲ့ နိုင်ငံခြားသားနှစ်ဦး ရင်းဂစ်ငွေ ငါးထောင်စီ ဒဏ်ရိုက်ခံရတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမှာ သန်းခေါင်စာရင်း ကောက်သူတွေကို ပကဖ ဖမ်းထားတဲ့အကြောင်း
- ထားဝယ်မှာ လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေဆီက ငွေညှစ်နေတဲ့သတင်း
- တနင်္သာရီက ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့ အခြေအနေ
- မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အကြောင်း
- ထိုင်းရဲ့ ရက် ၁၂၀ စီမံချက်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ ၁၃၀၀ နီးပါး အဖမ်းခံရတဲ့သတင်း
- ထိုင်းတောင်ပိုင်းက မြန်မာစာသင်ဝိုင်းကို ဝင်စစ်ပြီး ထားဝယ်ဒေသခံ CDM ဆရာမကို ဖမ်းဆီးတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
အခုတစ်ပတ်မှာလည်း အားကစားသတင်းထဲက ထူးခြားသတင်းဖြစ်စဉ်တွေကို စုစည်းပြီး Dawei Watch က တင်ဆက်ပေးလိုက်ပါတယ်။ အခုတစ်ပတ် အားကစားသတင်းကဏ္ဍမှာတော့ ဒီသတင်းတွေကို ပရိသတ်တွေ ကြည့်ရှုနားဆင်ကြရမှာပါ။
(၁) အသက် ၃၉ နှစ်ရှိလာပြီဖြစ်ပေမယ့် သူများထက်စောပြီး မနက် ၇ နာရီဆို လေ့ကျင့်ရေးဆင်းနေပြီဖြစ်တဲ့ စီရော်နယ်ဒို
(၂) ဆုဖလား ၄၆ လုံး ဆွတ်ခူးရရှိသူအဖြစ် စံချိန်တင်လိုက်တဲ့ မက်ဆီ
(၃) မန်ယူကို အသင်းကြီးအဖြစ် စကားထဲထည့်မပြောခဲ့တဲ့ လီဗာပူးနည်းပြ အာနေးစလော့တ်
(၄) ပရီးမီးယားလိဂ်ဘက်မှာတော့ ဘရူနီ ဖာနန်ဒက်စ်ရဲ့အနီကတ်ပြစ်ဒဏ် အယူခံအောင်ခဲ့တယ်
(၅) ဂန္ထဝင်ဂိုးသမားကြီး ဘူဖွန် လက်ထပ်မင်္ဂလာပွဲ ကျင်းပလိုက်ပြီ
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ စက်တင်ဘာလ ၂၉ ရက်နေ့ကနေ အောက်တိုဘာလ ၅ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
From the publisher's feed