Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ရော့ထန်နဲ့ တာကေးရု တို့ ၂၀၂၅ ခုနှစ် မတ်လမှာ ထိုးမယ်

    ထိုင်းဖိုက်တာတွေထဲက နာမည်ကျော် ရော့ထန်နဲ့ မကြာသေးခင်ကမှ သန့်ဇင်ကို အနိုင်ရထားတဲ့ တာကေးရု တို့ ပွဲထိုးပါတော့မယ်။


    ရော့ထန်ရဲ့မန်နေဂျာကိုယ်တိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရော့ထန်နဲ့ တာကေးရု တို့ ပွဲထိုးမယ့်အချိန်ကို ပြောပြလိုက်တာပါ။


    ရော့ထန်နဲ့ တာကေးရု တို့ဟာ ၂၀၂၅ ခုနှစ် မတ်လမှာ ထိုးကြတော့မယ်လို့ သိရှိရပါတယ်။ ပွဲထိုးရမယ့်နေ့ရက် အတိအကျကိုတော့ လတ်တလောမှာ မသိရှိရသေးပါဘူး။


    တာကေးရုက စူပါလက်ခ်၊ သန့်ဇင် စတဲ့ သူ့ပြိုင်ဘက်တွေကို သူ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကစ်ဘောက်ဆင်ဘက်မှာချည်း ယှဉ်ပြိုင်ခွင့်ရခဲ့လို့ ဒီပွဲကလည်း ကစ်ဘောက်ဆင်နည်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲပဲ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။


    ရော့ထန်နဲ့ တာကေးရုတို့ရဲ့ ပွဲမှာ ဘယ်သူ နိုင်သွားလေမလဲ။

    2 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (စက်တင်ဘာလ ၂၉ ရက်ကနေ အောက်တိုဘာလ ၅ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    11 min
  • One Championship က ဗရော်နီကာ ကို စာချုပ်ချုပ်တော့မယ်

    ကယန်းဖိုက်တာမလေး ဗရော်နီကာ ကို One Championship က စာချုပ်ချုပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။


    ဗရော်နီကာ ဟာ One Championship မှာ ပွဲထိုးခွင့်ရချင်နေတာ ကြာပါပြီ။ အခုတော့ သူမရဲ့မျှော်လင့်အိပ်မက်တွေ ပြည့်ဝပါတော့မယ်။


    ဇန်နဝါရီလ ၁ ရက်နေ့ကိုရောက်ရင် တစ်ခုခု ထူးခြားတော့မယ်လို့ ဗရော်နီကာ က အသိပေးလာတဲ့အတွက် အားလုံးက စိတ်ဝင်စားလို့နေပါတယ်။


    One Championship နဲ့ နီးစပ်သူတွေက ဗရော်နီကာ ဟာ One Championship ထဲကို ရောက်ရှိလာဖို့ သေချာနေပါပြီလို့ ပြောထားပါတယ်။


    ဗရော်နီကာ ဟာ One Championship မှာ ဘယ်လိုတွေ အစွမ်းပြလေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

    3 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စက်တင်ဘာလ ၂၈ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min
  • အောက်တိုဘာလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မောရဝတီရေတပ်က ဖမ်းထားတဲ့ ကံပေါက်ဒေသခံတစ်ဦးကို ထားဝယ်ထောင်ပို့လိုက်တဲ့သတင်း


    - စစ်မှုထမ်းရှောင် မြန်မာတစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းပေါက်တဲ့သတင်း


    - ထောက်ပို့ထီ ပထမဆု ကျပ်သိန်းငါးရာ မြိတ်ခရိုင်က ရဲဘော်တစ်ဦး ဆွတ်ခူးရရှိခဲ့တဲ့အကြောင်း


    - မွန်တွင် လုံခြုံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်းကောက်တာ၊ စစ်ဆေးတာတွေလုပ်နေတဲ့အခြေအနေ


    - မြိတ်မြို့ပေါ်မှာ ဆိုင်ကယ်စီးသွားလာချိန် ရိုက်နှက်ခံရမှုတွေကြုံလာရတဲ့အခြေအနေ


    - တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အခြေအနေ

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • အောက်တိုဘာလ ၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လုံခြုံရေးတင်းကြပ်ပြီး စစ်ကောင်စီက ထားဝယ်မြို့ပေါ် သန်းခေါင်စာရင်းကောက်ယူနေတဲ့အကြောင်း


    - စစ်ကောင်စီတပ်က ဒရုန်းနဲ့တိုက်ခိုက်လို့ တနင်္သာရီမြို့နယ်က ကလေးတစ်ဦးသေဆုံးခဲ့တဲ့အခြေအနေ


    - ရေဖြူမြို့နယ်မှာ ပြည်သူ့စစ်သင်တန်းဆင်းထားတဲ့သူတွေကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ အသုံးပြုလာနေတာ


    - မြိတ်မြို့မှာ ဆိုင်ကယ်ချင်းတိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံးသွားတဲ့အကြောင်း


    - ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို အစ္စရေးက ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • အောက်တိုဘာလ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တရုတ်ထုတ်မီးပုံးပျံတွေ ထားဝယ်ဈေးကွက်ထဲ စဝင်လာတဲ့သတင်း


    - တရုတ်က အဝယ်ရပ်လို့ ထားဝယ်မှာ ဝဥဈေးပြန်ကျနေတဲ့ အခြေအနေ


    - ထိုင်းမှာ ရွှေ့ပြောင်းလုပ်သားတွေ လုပ်ခွင့်မရှိတဲ့အလုပ်တွေဝင်လုပ်နေတာကို စစ်ဆေးအရေးယူမယ့်အကြောင်း


    - မြန်မာလုပ်သားတွေရဲ့ ဘဏ်စာအုပ်တွေကို ထိုင်းပွဲစားက အဓမ္မသိမ်းသွားတဲ့သတင်း


    - အီရန်က အစ္စရေးနိုင်ငံထဲ ပဲ့ထိန်းဒုံးကျည် ၁၈၀ကျော်ပစ်ခတ်တိုက်ခိုက်တဲ့သတင်း အပါအဝင်


    - ဘတ်နဲ့ ရွှေ ဈေးအတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • အောက်တိုဘာလ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း‌ကောက်တာနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့အကြောင်း


    - ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့မှာ အိမ်ငှားခ နှစ်ဆဝန်းကျင် ဈေးတက်သွားတဲ့အခြေအနေ


    - ပုလောက စစ်ကောင်စီတပ်ရင်းနဲ့ ရဲစခန်းကို လေးရက်အတွင်း ဒရုန်းနဲ့ ၁၆ကြိမ် ဗုံးချတိုက်ခိုက်ခဲ့တဲ့အကြောင်း


    - ရေးမြို့က အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီ ချလိုက်တဲ့သတင်း


    - ဘန်ကောက်မြို့နားမှာ မူလတန်းကျောင်းကား မီးလောင်လို့ သေဆုံးသူများတဲ့သတင်း အပါအဝင်


    - ထိုင်းဘတ်ဈေး ဆက်တိုက်ကျလာတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • Dawei Watch ရဲ့ ချန်ပီယံလိဂ်ညချမ်း ပွဲစဉ်သုံးသပ်ချက်များ

    ဒီနေ့မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်(၂)ဆီကို ရောက်လာခဲ့ပါပြီ။


    ချန်ပီယံလိဂ်ဟာ စနစ်သစ်နဲ့ကျင်းပနေတာမို့ အသင်းအားလုံးက ချိန်ဆကစားနေပြီး အသင်းကြီးတွေတောင်မှ အခင်းအကျင်းတွေ၊ ဗျူဟာပိုင်းဆိုင်ရာတွေ အပြောင်းအလဲလုပ်လာတာကို မြင်ကြရပါတယ်။


    အခုညမှာလည်း အသင်းကြီးတွေအတွက် အရေးပါတဲ့ပွဲစဉ်တွေ ပါဝင်နေလို့ Dawei Watch ရဲ့ ချန်ပီယံလိဂ်သုံးသပ်ချက်များအဖြစ် စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။

    5 min
  • စက်တင်ဘာလ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့မှာ ဒရုန်းရှာဖွေတာလို့ဆိုပြီး စစ်ကောင်စီက နေအိမ်တွေထဲဝင်ရောက်စစ်ဆေးတဲ့အကြောင်း


    - ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စု ဂန့်ဂေါ်တောင်ရွာက အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သ တ်ခံရတာ


    - ထားဝယ်မြို့မှာ သန်းခေါင်းစာရင်းဖြည့်ရမယ့်စာရွက်တွေ အိမ်အရောက်လိုက်ဝေနေတဲ့အခြေအနေ


    - အုန်းသီးရှားပါးနေလို့ ထားဝယ်နဲ့ မြိတ်က မုန့်လုပ်ငန်းတွေ ရပ်နားနေကြရတဲ့အကြောင်း


    - ပလမြို့က‌နေ မြိတ်ကိုသွားမယ်ဆိုရင် ရဲစခန်းထောက်ခံစာ မဖြစ်မနေယူဖို့ စစ်ကောင်စီက တင်းကျပ်လိုက်တာ


    - ဘန်းကောက်မြို့အနီးမှာ အိမ်အကူအလုပ်ရမယ်‌ဆိုပြီးသွားတွေ့ခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံလိုက်ရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။