
Sign up to save your podcasts
Or


မြောက်ကိုရီးယား ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားပါပြီ။ အကြိတ်အနယ်ကစားပြီး ကမ္ဘာ့ဖလားချန်ပီယံအဖြစ် မြောက်ကိုရီးယား အောင်ပွဲခံသွားခဲ့တာပါ။
ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ချန်ပီယံဟာ မြောက်ကိုရီးယား ဖြစ်သွားခဲ့ပါပြီ။ ဒါတင်ပဲလားဆိုတော့ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုနဲ့ ဂိုးအများဆုံးသွင်းယူသူ ရွှေဖိနပ်ဆုတွေကို ဆွတ်ခူးရယူသွားခဲ့ပါတယ်။
မြောက်ကိုရီးယားအမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီဆိုတာကို သိလိုရအပြီးမှာ ကင်ဂျုံအန် အပါအဝင် မြောက်ကိုရီးယားအကြီးအကဲအသိုင်းအဝိုင်းမှာ ချက်ချင်းဆိုသလိုပဲ ခြိမ့်ခြိမ့်သဲ အောင်ပွဲခံအခမ်းအနားကျင်းပတာတွေရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မြောက်ကိုရီးယား ယူ-၂၀ အမျိုးသမီးဘောလုံးအသင်းဟာ ဗိုလ်လုပွဲမှာ ဂျပန် ယူ-၂၀ အမျိုးသမီးဘောလုံးအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးသွားခဲ့တာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မှာ ကျောင်းသားတစ်ဦးက ဆရာမကို ထိုးကြိတ်လို့ ဆေးရုံတင်လိုက်ရတဲ့အကြောင်း
- ထိုင်းရောက်မြန်မာတွေထွက်သွားကြဖို့ ထိုင်းနိုင်ငံသားတွေ မြန်မာသံရုံးရှေ့ ဆန္ဒပြကြတဲ့အကြောင်း
- မြိတ်မှာ ကျပ်သိန်းခြောက်ထောင်တန်ဖိုးရှိ စိတ်ကြွဆေးတွေ ဖမ်းမိတဲ့အကြောင်း
- မြိတ်လေယာဉ်ကွင်းနားမှာ အမျိုးသားအလောင်း တစ်လောင်းတွေ့ရတဲ့သတင်း
- လောင်းလုံးမှာ ဘုန်းကြီးကိုယ်တိုင်မောင်းလာတဲ့ကားနဲ့ တိုက်မိလို့ စစ်ရှောင်တစ်ဦးသေဆုံးသွားတဲ့ အကြောင်း
- ထားဝယ်ရွှေဈေး တစ်ကျပ်သား ၆၈ သိန်းနီးပါးဈေးပေါက်နေပြီး အရောင်းအဝယ်ပါးနေတဲ့ အခြေအနေ
- ရက်ပေါင်း ၁၀၀ ကျော်အတွင်း ထိုင်းနိုင်ငံ လုပ်ငန်းခွင်ထဲရှိ မြန်မာ တစ်ထောင်ကျော် အဖမ်းခံရတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ စက်တင်ဘာလ ၁၅ ရက်နေ့ကနေ စက်တင်ဘာလ ၂၁ရက်နေ့အထိ တစ်ပတ်တာ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ စက်တင်ဘာလ ၂၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
***********
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပုလောမြို့နယ် မီးလောင်အော်ရွာနဲ့ ရှပ်ပုံရွာက နေအိမ် သုံးဆယ့်လေးလုံးမီးရှို့ခံရပြီး မီးလောင်နေတဲ့ ရုပ်အလောင်းနှစ်ခုတွေ့ရတဲ့အကြောင်း
- သံဖြူဇရပ်က ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦး ဖမ်းဆီးခံရ
- ထိုင်းတောင်ပိုင်းက မြန်မာဘုန်းကြီးပျံဈာပန
- တရားမဝင် မြန်မာလုပ်သားတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးဖို့ ထိုင်းအတိုက်အခံပါတီတိုက်တွန်းလိုက်တဲ့သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်းအပါအဝင် ဒေသအချို့မှာ မိုးကြီးပြီး၊ ရေကြီးမြေပြိုတာတွေဖြစ်နိုင်တဲ့အကြောင်း
- စစ်ကောင်စီနဲ့ စာချုပ်အသစ်ချုပ်ပြီးနောက်ပိုင်း ထားဝယ်ခရိုင် မီတာခဈေးတွေ လစဉ်းနီးပါးမြင့်တက်လာနေတာ
- ရေဖြူက ဇာဒီကျေးရွာအုပ်စုကို စစ်ကောင်စီက လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ထားတဲ့အခြေအနေ
- ပုလောမြို့အနီးက ရှပ်ပုံကျေးရွာအုပ်စု မီးလောင်အော်တစ်ရွာလုံးနီးပါး မီးရှိူ့ခံလိုက်ရတဲ့အကြောင်း
- လောင်းလုံးမြို့နယ် ကျောက်ပုံကျေးရွာမှာ အမျိုးသမီးတစ်ဦး အိမ်ပေါ်မှာ သတ် ဖြတ်ခံလိုက်ရတာ
- တနင်္သာရီတိုင်းရေဘေးအလှူအဖွဲ့ ရမည်းသင်းမြို့နယ်မှာ သွားရောက်လှူဒါန်းမယ့်အခြေအနေ
- NUG နဲ့ ပူးပေါင်းတာမလုပ်သလို မန္တလေးနဲ့ တောင်ကြီးကိုလည်း ထိုးစစ်ဆင်မှာမဟုတ်ဘူးလို့ ကိုးကန့်တပ်က ထုတ်ပြန်လိုက်တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ချန်ပီယံလိဂ် တတိယညမှာ ဘယ်အသင်းတွေကို အားပေးကြမလဲ
************
ချန်ပီယံလိဂ်စနစ်သစ်အရ ချန်ပီယံလိဂ်ကို ညကြီး ၃ ညဆက်တိုက် ကြည့်ရဖို့ ဖြစ်လာခဲ့ပါပြီ။
ဒါကြောင့်လည်း ကစားသမားတွေက ပွဲစဉ်တွေ ရက်ကပ်လွန်းပြီး အနားရတဲ့အချိန်က နည်းလာတယ်လို့ အသံထွက်လာတာပါ။
ဒီညမှာ ကစားရမယ့်အသင်းတွေဟာဆိုရင် နှစ်ရက်လောက် နားပြီးတာနဲ့တပြိုင်နက် ပြည်တွင်းလိဂ်ပွဲတွေ ကစားရဖို့ ရှိလာတော့မှာပဲဖြစ်ပါတယ်။
အဝေးကွင်းပွဲစဉ် လာရောက်ကစားရတဲ့အသင်းတွေဆိုရင် အပြန်ခရီးနဲ့ လေ့ကျင့်ရေးဆင်းရမှုတွေက တစ်ဆက်တည်းဖြစ်သွားလို့ ပင်ပန်းမှုတွေ ဖိစီးလာမှာပါ။
ဒီည ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘယ်အသင်းတွေက ရလဒ်ကောင်းတွေ ရရှိသွားလေမလဲ
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြို့နယ်ထဲက နေအိမ်ငါးဆောင်ကို စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့သတင်း
- မြိတ်မြို့ အလယ်ကျွန်းရပ် တောကျောင်းဘုန်းကြီးကျောင်းမှာ မီးလန့်မှုဖြစ်တဲ့အကြောင်း
- အဓမ္မစစ်မှုထမ်းဥပဒေကို ဆန်ကျင်ကြဖို့ လောင်းလုံးမှာဆန္ဒပြကြတဲ့သတင်း
- အာဆီယံအဖွဲ့ဝင်အဖြစ် ဘင်္ဂလားဒေ့ရှ်ရဲ့အဆိုပြုချက် မလေးရှားက ထောက်ခံလိုက်တဲ့အကြောင်း
- ပွဲစဉ်များလွန်းတဲ့အတွက် ဖီဖာနဲ့ ယူအီးအက်ဖ်အေကို ဆန္ဒပြဖို့ ထိပ်တန်းကစားသမားတွေ စီစဉ်နေတဲ့သတင်းနဲ့အတူ
- ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ချန်ပီယံလိဂ်စနစ်သစ်အဖွင့်ပွဲရဲ့ဒုတိယမြောက်နေ့ကို ရောက်ရှိလို့လာခဲ့ပါပြီ။
ဒီညမှာလည်း ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ မန်စီးတီးနဲ့ အင်တာမီလန်တို့လိုအသင်းတွေ ယှဉ်ပြိုင်ကစားဖို့ရှိနေလို့ ပွဲကောင်းတွေကို ရှုစားကြရဦးမှာပါ။
ချန်ပီယံလိဂ်ပွဲစဉ်တွေဟာ ပြိုင်ဆိုင်မှုပြင်းထန်သလို ပွဲအားလုံးက အကြိတ်အနယ်ဖြစ်တတ်လေ့ရှိပါတယ်။ ဒီညမှာ ဘယ်အသင်းတွေ အောင်ပွဲခံကြလေမလဲ။
From the publisher's feed