
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်က ဗိုလ်မှူးနှစ်ဦး ဒေါနစစ်ကြောင်းဆီ ခိုလှုံလာတဲ့အကြောင်း
- ထားဝယ်ဒေသမှာ မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲပြုလုပ်ခဲ့တဲ့အခြေအနေ
- ဇာဒီရွာဘက်ကို မောရဝတီရေတပ်နဲ့ စစ်သင်္ဘောက လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အကြောင်း
- မွေးကင်းစ ထိုင်းကလေးနှင့် မြန်မာကလေးကို ထိုင်းဆေးရုံကြီးက မှားပြီးပေးမိတဲ့အကြောင်း
- ထိုင်းမြောက်ပိုင်း ရေကြီးချိန် ထိုင်းမိသားစုကိုကယ်တင်ခဲ့တဲ့ မြန်မာတွေကို ဟီးရိုးတွေလို့ ချီးကျူးကြတဲ့သတင်း
- မြန်မာ့ရေဘေးအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ အိန္ဒိယက ထောက်ပံ့တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဒီညမှာတော့ ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီး အစပြုပါပြီ။ ဒါဟာ ဥရောပမှာ ပြိုင်ပွဲကြီးတွေအားလုံးစုံလင်သွားပါပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံပါပဲ။
ချန်ပီယံလိဂ်မှာ ပါဝင်တဲ့အသင်းအားလုံးဟာ သက်ဆိုင်ရာလိဂ်အလိုက်မှာ ထိပ်တန်းအဆင့်တွေရှိကြလို့ ဘယ်အသင်းကိုမှ လျှော့မတွက်သင့်ပါဘူး။
ဒီညမှာဆိုရင် အေစီမီလန်နဲ့ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ စတုဂတ်တို့ အားပြိုင်မယ့် ပွဲကောင်းတွေလည်း ရှိလို့နေပါတယ်။
စနစ်သစ်နဲ့အစပြုလိုက်တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲတွေမှာ ဘယ်အသင်းတွေ ရလဒ်ကောင်း ရရှိနိုင်လေမလဲဆိုတာကို စောင့်မျှော်ရင်ခုန်လိုက်ကြပါစို့။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာကို ဒရုန်းကနေဗုံးချတိုက်ခိုက်ခဲ့တဲ့အကြောင်း
- စစ်ကောင်စီတပ်က လောင်းလုံး ဇလွတ်ရွာနေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေကို အဓမ္မယူဆောင်သွားကြတဲ့အခြေအနေ
- တနင်္သာရီမြို့နယ်လမ်းပိုင်းကို ညဖက်ဖြန်သန်းသွားသွာလာတာမလုပ်ဖို့ ပြည်သူ့ကွယ်ရေးအဖွဲ့ကာသတိပေးထုတ်ပြန်ထားတာ
- ဆံပင်ညှပ်အလုပ်လုပ်တဲ့ မြန်မာတစ်ဦး ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးတာခံလိုက်ရတဲ့အကြောင်း
- ရှမ်းတိုင်းရင်းသား ကလေးငယ်တွေကို နှိပ်စက်ခိုင်းစေခဲ့တဲ့ ထိုင်းစုံတွဲကို ဖမ်းဆီးလိုက်တဲ့အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
One ဘက်မှာ ဖိုက်တာကောင်းတစ်ယောက်အဖြစ် နာမည်ရေးထိုးစိုက်ထူထားတဲ့ ထိုင်းဖိုက်တာ စူပါလက်ခ်က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထိုးရမယ့် မြန်မာဖိုက်တာ စိုးလင်းဦးနဲ့ ထိုင်း-အယ်လ်ဂျီးရီးယားနွယ်ဖွား နာဘီးလ်တို့ရဲ့ပွဲမှာ နာဘီးလ် နိုင်သွားလိမ့်မယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။
စူပါလက်ခ် ဟာ South China Morning Post သတင်းမီဒီယာနဲ့တွေ့ဆုံခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ အခုလို ထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။
စိုးလင်းဦးနဲ့ နာဘီးလ်တို့ဟာ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့ကိုရောက်ရင် လမ်ပီးနီးအားကစားကွင်းကြီးထဲမှာ စိန်ခေါ်ပွဲ ထိုးကြတော့မှာပါ။
ဒီပွဲဟာ နိုင်ပွဲဆက်နေတဲ့ ဖိုက်တာနှစ်ယောက်ရဲ့ပွဲဖြစ်လို့ ပရိသတ်စိတ်ဝင်စားမှုကလည်း မြင့်တက်နေပါတယ်။
သူတို့နှစ်ယောက်ရဲ့စိန်ခေါ်ပွဲ တွဲဆိုင်းပါဝင်တဲ့ One Friday Fights 81 အတွက် လက်မှတ်တွေကတော့ ပြိုင်ပွဲမစခင် တစ်လအလိုကတည်းက အကုန်အစင် ရောင်းကုန်သွားခဲ့ပြီးပါပြီ။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ စက်တင်ဘာလ ၈ ရက်နေ့ကနေ စက်တင်ဘာလ ၁၄ရက်နေ့အထိ တစ်ပတ်တာ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ လိဂ်အမှတ်ပေးပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လို့ လာခဲ့ပါပြီ။
ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကလည်း စတင်တော့မှာဆိုတော့ အသင်းတိုင်းဟာ ရေကုန်ရေခမ်း အားထည့်ပြင်ဆင်နေကြမှာပါ။
အထူးသဖြင့် လိဂ်ဘက်မှာ အတိုင်းအတာတစ်ရပ်အထိ စိတ်ချရတဲ့အခြေအနေကိုဖန်တီးဖို့ အသင်းတိုင်းက ကြိုးစားလာပါလိမ့်မယ်။
မန်ယူဆိုရင်လည်း နှစ်ပွဲဆက်အရှုံးရလဒ်ကို ချေဖျက်ပြရတော့မှာပါ။ ဒီတစ်ပတ်မှာတော့ အသင်းကြီးတိုင်းက ပုံစံကောင်းတစ်ခု ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ထားမိပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စက်တင်ဘာလ ၇ ရက်နေ့ကနေ စက်တင်ဘာလ ၁၃ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြို့နယ် ဇလွတ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့တိုက်ခိုက်လို့ ဒေသခံတစ်ဦးဒဏ်ရာရတဲ့သတင်း
- လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့အခြေအနေ
- ရေးမှာ PDF ကိုထောက်ပံ့တယ်ဆိုပြီး ဒေသခံ ၅ ဦးကို စစ်တပ်ကဖမ်းဆီးတဲ့အကြောင်း
- ထိုင်းမှာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးမှု စစ်ကောင်စီထပ်မံတင်းကျပ်လာတဲ့သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- လက်နက်ကြီးထိလို့ တနင်္သာရီမြို့နယ်က ဒေသခံလေးဦးသေဆုံးခဲ့တဲ့အကြောင်း- လောင်းလုံးမှာ အမျိုးသားတစ်ဦးကိုသ တ်ပြီး အလောင်းစွန့်ပစ်မှုဖြစ်ပွားခဲ့တဲ့အခြေအနေ- မွန်ပြည်နယ် ဘီလင်းနဲ့ကျိုက်ထိုမှာ ရေကြီးရေလျှံနေလို့ ဒေသခံရာချီပြောင်းရွေ့နေရတာ- မြန်မာကလေးငယ်နှစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုတဲ့စွတ်စွဲချက်နဲ့ ထိုင်းရောက်မြန်မာတစ်ဦး အဖမ်းခံထားရတဲ့အကြောင်းစတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed