Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ စက်တင်ဘာလ ၂၂ ရက်နေ့ကနေ စက်တင်ဘာလ ၂၈ရက်နေ့အထိ တစ်ပတ်တာ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    8 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (စက်တင်ဘာလ ၂၂ ရက်ကနေ ၂၈ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    12 min
  • ကိုယ့်အားကိုယ်ထူ တနင်္သာရီ စစ်ဘေးရှောင်များ

    ဇူလိုင်လ အချက်အလက်တွေအရ တနင်္သာရီတိုင်းထဲမှာ စစ်ဘေးရှောင် ခြောက်သောင်းကျော်ရှိနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး ပညာရေး အခက်အခဲတွေ ကြုံနေရပါတယ်။


    ရေဘေးလိုမျိုး ထပ်ဆင့် ကပ်ဘေးတွေကလည်း စစ်ဘေးရှောင်တွေကို ပိုဖိစီးစေပါတယ်။


    ဒီလိုအခြေအနေမှာ ပြင်ပ အကူအညီဆိုတာ မျှော်နေလို့ မရဘဲ ကိုယ်အား ကိုယ်ယူနေရတဲ့ အခြေအနေပါ။


    ဒါတွေအကြောင်း တနင်္သာရီတိုင်းထဲမှာ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ အဖွဲ့နှစ်ဖွဲ့နဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။

    46 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စက်တင်ဘာလ ၂၁ ရက်နေ့ကနေ စက်တင်ဘာလ ၂၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။



    10 min
  • စက်တင်ဘာလ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီတပ် ဖမ်းသွားတဲ့ မောင်းမကန်ရွာသားသုံးဦး ၁၆ ရက်အကြာမှာ အလောင်းပြန်တွေ့ရတဲ့သတင်း


    - မောင်မယ်ရှောင်ရွာ ကားလမ်းမဘေးက လူမရှိတဲ့ အိမ်တွေကို စစ်ကောင်စီတပ် ဖောက်ထွင်းခံရတဲ့အကြောင်း


    - ထိုင်းမှာ လုပ်ငန်းခွင်ထဲ မျက်လုံးထိခိုက်ခဲ့တဲ့ မြန်မာလုပ်သားသုံးဦး နစ်နာကြေးမရတဲ့သတင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    5 min
  • စက်တင်ဘာလ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီမြို့နယ်မှာ တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ရက်နှစ်ဆယ်နီးပါးအကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့တဲ့အကြောင်း


    - ပန်းရောင်ဘတ်ပြုလုပ်ပေးမယ်လို့ ထိုင်းအစိုးရကတည်ပြု ကြေညာလိုက်တာ


    - ရေဖြူမြို့နယ် ဇာဒီကျေးရွာမှာ ဆက်သွယ်ရေးလိုင်းအချို့ ပြန်အသုံးပြုရနေတဲ့အခြေအနေ


    - မိုးကြိုးပစ်ခံရလို့ ကမ္ဘောဒီးယားနိုင်ငံမှာ လူ ၅၀ သေဆုံးခဲ့တဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    5 min
  • “ကျွန်တော်တို့မိသားစုက ဒီပွဲလေးထိုးမှ ထမင်းနပ်မှန်လာတာဆိုတော့ ပိုကြိုးစားပြီး ထိုးပါမယ်” - သန့်ဇင်

    မနက်ဖြန်ရောက်ရင် မြန်မာဖိုက်တာ သန့်ဇင်နဲ့ ဂျပန်ဖိုက်တာ တာကေးရု တို့ ပွဲထိုးပါတော့မယ်။


    ဒီပွဲမစခင်မှာ ONE က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ဖိုက်တာနှစ်ယောက်လုံးကို မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။


    သန့်ဇင် ဖြေကြားသွားခဲ့တဲ့ အင်တာဗျူးအဖြေတွေက စိတ်ဝင်စားစရာကောင်းလွန်းတဲ့အတွက် Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

    6 min
  • စက်တင်ဘာလ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အိမ်တွေမီးထပ်ရှို့‌တဲ့သတင်း


    - စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ သဘော့ဆိပ်ရွာသား ၅ ဦး ဒီနေ့အထိပြန်မလွတ်သေးတဲ့အကြောင်း


    - စစ်ကောင်စီတပ်က တနင်္သာရီရှိ ပဝရွာကို လက်နက်ကြီးနဲ့ပစ်လို့ အိမ်တွေပျက်စီးသွားတဲ့အခြေအနေ


    - ထိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ မြန်မာ နိုင်ငံသား ၂၇၀ လောက်အဖမ်းခံလိုက်ရတဲ့သတင်း


    - ကော့စမွေကျွန်းက ကြက်ဝိုင်းမှာ မြန်မာတွေ အဖမ်းခံရတဲ့အခြေအနေ


    - ထိုင်းမြောက်ပိုင်း ရေဘေးသတိပေးချက်ကြောင့် မွေးမြူ‌ရေးလုပ်ငန်းရှင်က မိကျောင်းတွေကို သုတ်သင်လိုက်ရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • တစ်ပတ်အတွင်း အားကစားသတင်းများ

    ဒီအစီအစဉ်လေးမှာတော့ အခုရက်ပိုင်းအတွင်း လှုပ်ခတ်နေတဲ့ အားကစားသတင်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ပတ်ရဲ့အားကစားသတင်းကဏ္ဍမှာ…


    (၁) ရုပ်သံလိုင်းတည်ထောင်လိုက်တဲ့ မက်ဆီ


    (၂) မန်ယူဂိုးသမား အိုနာနာရဲ့မှတ်တမ်းသစ်


    (၃) ဒူးဒဏ်ရာကြောင့် နားရတော့မယ့် မန်စီးတီးရဲ့ ရိုဒရီ


    (၄) စံချိန်သစ်တွေ တင်လိုက်ပြန်တဲ့ ဟာလန်း


    (၅) အသက် ၅၀ အထိ စီရော်နယ်ဒိုက ကစားပြချင်စိတ် ရှိနေပါတယ်


    စတဲ့ သတင်းကောင်းတွေကို ရှုစားနားဆင်ရမှာဖြစ်ပါတယ်။

    6 min
  • စက်တင်ဘာလ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီမြို့နယ် ညောင်ပင်ကုန်းရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချတာကြောင့် အမျိုးသမီးသုံးဦးဒဏ်ရာရသွားတဲ့ အကြောင်း


    - စစ်ကောင်စီတပ်က မောင်မယ်ရှောင်ရွာကို ဆက်တိုက်မီးရှို့ နေတဲ့ အခြေအနေ


    - မြိတ် ဂိုဏ်းပေါင်းစုံသံဃာတော်တွေဦးဆောင်တဲ့ ရေဘေးအလှူအဖွဲ့ မြို့နယ်လေးခုမှာ သွားကူမယ့် အကြောင်း


    - သံဖြူဇရပ်မြို့ခံတွေကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေတဲ့ အခြေအနေ


    - ကျိုက်ထိုမှာ သားအဖနှစ်ဦး ပစ်သ တ်ခံရတဲ့အကြောင်း အပါအဝင်


    - ထိုင်းနိုင်ငံ စမွတ်စခွန်က နာမည်ကြီး မြန်မာအလှပြင်ဆိုင်ကို ထိုင်းအာဏာပိုင်တွေဝင်ဖမ်းတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။