
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်ဖမ်းသွားတဲ့ လောင်းလုံးဒေသခံလေးဦး ဆက်သွယ်မရဖြစ်နေတဲ့သတင်း
- လောင်းလုံး ကျောက်နီမော်ရွာက နေအိမ်နှစ်ဆောင်ကို စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့အကြောင်း
- စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရတဲ့လူငယ်တွေ အစောင့်စစ်သားနှစ်ဦးကိုတိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားတာ
- စစ်ကောင်စီက လူဦးရေစာရင်းကောက်ဖို့ စီစဉ်နေတဲ့အပေါ် မြို့ခံတွေစိုးရိမ်နေတဲ့အခြေအနေ
- ဖောက်ထွင်းမှု အဖြစ်များနေတဲ့ကံပေါက်ဒေသမှာ အရေးမယူနိုင်ဘဲဖြစ်နေတဲ့ အကြောင်း
- ခမောင်ကြီးမြို့ စစ်ကြောင်းထိုးချိန်ကအဖမ်းခံရသူတွေ ဆယ်ရက်ကျော်ကြာတဲ့အထိ ပြန်မလွတ်သေးတဲ့အခြေအနေ
- မေတ္တာရိပ်ကျောင်းက ထိုင်းအစိုးရကျောင်းတွေနဲ့ ပူပေါင်းဖို့ ငြင်းဆိုခဲ့တယ်လို့ စူရတ်ပညာရေးမှုး ပြောတဲ့ သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမှာ ရက်ရှည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေ မောင်းမကန်ရဲစခန်းကို ပြန်ဆုတ်သွားတဲ့ အကြောင်း
- မြိတ်လျှပ်စစ်မီတာခ စျေးထပ်တက်လာပြီး တစ်ယူနစ်ကို ၁၆၀၀ ကျပ်လောက်အထိရောက်လာတဲ့သတင်း
- လောင်းလုံးရှိ ကျောက်နီမော်ရွာက ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်တိုက်တဲ့အခြေအနေ
- ဘန်ကောက်မှာ မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရတဲ့အကြောင်း
- မြန်မာစာသင်ကျောင်းတွေ ပိတ်သိမ်းနေတာကို လွှတ်တော်မှာဆွေးနွေးဖို့ ထိုင်းလွှတ်တော်အမတ်တိုက်တွန်းတဲ့ သတင်း
- ကြာအင်းဆိပ်ကြီးမှာ လေယာဉ်နဲ့ဗုံးကြဲလို့ ကလေးငယ်တစ်ဦးနဲ့ အသက်ကြီးပိုင်းတစ်ဦးဒဏ်ရာရသွားတဲ့ကြောင်း အပါအဝင်
- ထိုင်းဘတ်ငွေလဲဈေး အခြေအနေ သတဲ့သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာပြည်ဖွား ချင်းကိုယ်ခံပညာစုံတိုက်ခိုက်ရေးဖိုက်တာလေး ဂျိုရွှာဗန် ကတော့ မှတ်တမ်းသစ်တစ်ခုကို ရေးထိုးလိုက်ပါပြီ။
အဲ့ဒါကတော့ Sphere နဲ့ Madison Square Garden တို့မှာ ထိုးခွင့်ရတဲ့ ပထမဆုံး မြန်မာပြည်ဖွားဖိုက်တာဆိုတဲ့ မှတ်တမ်းပါပဲ။
လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကိုရောက်ရင် UFC 306 ပြိုင်ပွဲကြီးကို ကျင်းပတော့မှာပဲဖြစ်ပါတယ်။
ဂျိုရွှာဗန် ဟာ ဒီပြိုင်ပွဲကြီးကို Short Notice နဲ့ လူစားဝင်ထိုးရဖို့ ဖြစ်လာခဲ့တာပါ။ အစောပိုင်းက ဒီပြိုင်ပွဲမှာ ဂျိုရွှာဗန် မပါဝင်ခဲ့ပါဘူး။
ကယ်လ်ဗင် ဘော်ဂျတ်စ်နဲ့ အက်ဒ်ဂါ ချိုင်ရက်ဇ် တို့ ထိုးရမယ့်ပွဲမှာ ကယ်လ်ဗင် ဘော်ဂျက်စ်က နုတ်ထွက်သွားခဲ့ပြီးတဲ့နောက် ဒီနေရာမှာ ပွဲစီစဉ်သူတွေက ဂျိုရွှာဗန် ကို အစားဝင်ထိုးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဒီကမ်းလှမ်းမှုကို ဂျိုရွှာဗန် ကလည်း ချက်ချင်းပဲ ခေါင်းညိတ်လက်ခံလိုက်တာကြောင့် Sphere ကွင်းသစ်ကြီးမှာ ထိုးဖို့အခွင့်အရေးကို ဂျိုရွှာဗန်က ရသွားခဲ့တာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာကြောင့် အရပ်သားခြောက်ဦး ဒဏ်ရာရသွားတဲ့အကြောင်း
- စစ်ကောင်စီတပ် စစ်ကြောင်းရောက်နေလို့ ခန္တီကျေးရွာအုပ်စုက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အကြောင်း
- တနင်္သာရီက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အရပ်သားကားတွေကို ချောဆွဲခဲ့တဲ့သတင်း
- ရေဖြူ ဒေသထွက် အုန်းသီးနဲ့ အုန်းသားခြောက်တွေ အခုနှစ်ဈေးကောင်းရနေတဲ့အခြေအနေ
- ထိုင်းမှာ အဖမ်းခံရတဲ့ မြန်မာတစ်ဦး စစ်မှုထမ်းဖို့ ပြန်ပို့ခံရမှာစိုးရိမ်ပြီး အချုပ်ကားပေါ်က ထွက်ပြေးခဲ့အကြောင်း
- ကော့သောင်းနယ်စပ်ကနေ တရားမဝင်ဝင်လာတဲ့ မြန်မာ ၁၃ ဦး ရနောင်းခရိုင်မှာ ဖမ်းမိတဲ့အကြောင်း အပါအဝင်
- ထိုးကျသွားတဲ့ ဘတ်ဈေးနှုန်းစတဲ့သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဒီအဖြစ်အပျက်က ယူဂန္ဓာနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရည်းစားဟောင်းဖြစ်တဲ့ မာရသွန်အပြေးမယ်ကို သူ့ရည်းစားဟောင်း ကောင်လေးက ဓာတ်ဆီလောင်းပြီး မီးတင်ရှို့ခဲ့တာပါ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ယူဂန္ဓာရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
ဒီမှုခင်းဖြစ်စဉ်ဟာ ယူဂန္ဓာနိုင်ငံရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ ထရန့်စ်ဇွိုင်အာကောင်တီဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မီးရှို့ခံလိုက်ရတဲ့သူက မာရသွန်အပြေးမယ် ရေဗက္ကာ ချက်ပ်တီဂျိုင် ပါ။
မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲကြီးကို ချက်ပ်တီဂျိုင် က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မာရသွန်ပြိုင်ပွဲမှာ အဆင့် ၄၄ ချိတ်ခဲ့ပါတယ်။
အခုတော့ မာရသွန်အပြေးမယ် ချက်ပ်တီဂျိုင်ဟာ မီးလောင်ဒဏ်ရာတွေနဲ့အတူ အသက်ဆုံးပါးသွားခဲ့ရပါပြီ။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၇ရက်နေ့အထိ တစ်ပတ်တာ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဩဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ဘုတ်ပြင်း ချောင်းမွန်ရွာတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတဲ့သတင်း
- လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာမှာ ဒီကနေ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်တဲ့အကြောင်း
- လောင်းလုံး ပညစ်ရွာက စစ်ဘေးရှောင်ငါးရာနီးပါးအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလိုအပ်နေတဲ့သတင်း
- မြန်မာကျောင်းသားတစ်ထောင်ကျော်ရှိတဲ့ ထိုင်းတောင်ပိုင်းက မေတ္တာရိပ်ကျောင်းအပိတ်ခံရတဲ့အခြေအနေ
- ထိုင်းတောင်ပိုင်းမှာ ၁၀ ဘီးကား ချောက်ထဲထိုးကျပြီး မြန်မာလုပ်သားသေဆုံးခဲ့တဲ့သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းရောက်ရင် အမေရိကန်ပြည်ထောင်စုမှာ အောင်လအန်ဆန်းနဲ့ ရုရှားဖိုက်တာ အာဒိုဂန်တို့ ထိုးသတ်တော့မှာပါ။ ကစားသမားဘဝဖြတ်သန်းမှုတလျှောက်မှာ ရှုံးပွဲ လုံးဝမရှိသေးတဲ့ အာဒိုဂန်ကို အောင်လအန်ဆန်း အနိုင်ရပါ့မလားဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ အောင်လအန်ဆန်းကတော့ မရှုံးဖူးပါဘူးဆိုတဲ့သူကို နိုင်အောင်ထိုးပြရမှာသူ့ အလုပ်ဖြစ်တယ်။ ပွဲချီတိုင်းမှာ အာဒိုဂန်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ တွေ့ရလိမ့်မယ်ဆိုပြီးပြောဆိုလိုက်ပါတယ်။
From the publisher's feed