Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ထိုင်းရောက် မြန်မာတွေရဲ့ ပင့်သက်ရှိုက်သံ

    ပြည်တွင်းပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် မြန်မာနိုင်ငံသားအများအပြား အိမ်နီးချင်းထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်သားအဖြစ် တိမ်းရှောင်ဝင်ရောက်လာကြပါတယ်။


    ထိုင်းနိုင်ံငံထဲရောက်လာချိန်မှာလည်း ဘဝရှင်သန်ရပ်တည်ရေးအတွက် ပန်းရံ၊ အိမ်အကူ၊ စက်ရုံလုပ်သားစတဲ့ အောက်ခြေသိမ်း အလုပ်တွေလုပ်ကိုင်နေကြရတာပါ။


    ရွှေ့ပြောင်းလုပ်သားအရေအတွက်များပြားလာတဲ့နဲ့အမျှ ထိုင်းအလုပ်ရှင်အချို့ရဲ့ ခေါင်းပုံဖြတ်မှု၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း ရင်ဆိုင်နေရပါတယ်။


    အခြေခံလုပ်အားခတောင်မရကြသူတွေရှိသလို သတ်မှတ်အလုပ်ချိန်ထက် နာရီပေါင်းများစွာလုပ်ကိုင်နေရသူတွေလည်း ရှိနေပါတယ်။


    ဒါကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ ခါးသီတဲ့ဘဝ၊ အခက်အခဲ၊ စိန်ခေါ်မှုနှင့် ရင်ဆိုင်ကျော်ဖြတ်နေတဲ့ အခြေအနေတွေကို ရိုက်ကူးတင်ဆက်လိုက်ပါတယ်

    11 min
  • ဩဂုတ်လ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးအခြေစိုက် ခလရ ၁၀၄ တပ်ရင်းအနီး ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသွားတဲ့အကြောင်း


    - လောင်းလုံးက ကျောက်ဆင်ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အခြေအနေ


    - တနင်္သာရီက ၆မိုင်ရွာမှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတချို့ ကို စစ်ကောင်စီတပ်ဖမ်းဆီးထားတဲ့သတင်း


    - ဖူးခက်မြေပြိုမှုမှာ သေဆုံးတဲ့ထားဝယ်ဒေသခံတွေကို သင်္ဂြိုဟ်လိုက်ပေမယ့် မြန်မာသံရုံးတာဝန်ရှိသူတွေ မလာကြတဲ့ အကြောင်း


    - လုပ်ငန်းခွင်ထိခိုက်သေဆုံးသွားတဲ့ မြန်မာနိုင်ငံသားအတွက် ထိုင်းဥပဒေအရ နစ်နာကြေးဘတ် ၅သိန်းရတဲ့သတင်း


    - ထိုင်းက မြေအောက်ရထားလမ်းမြေပြိုမှုမှာ ပိတ်မိနေတဲ့မြန်မာနိင်ငံသား အသက်ရှင်လျက်ပြန်တွေ့တာ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • ဩဂုတ်လ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
    - ဖူးခက်မှာ မြေပြိုချိန် သေဆုံးသွားတဲ့ ထားဝယ်ဒေသခံအလောင်းတွေကို ဘုန်းကြီးကျောင်းတွေကို ပြောင်းရွှေ့
    - ရန်ကုန်ကနေ မြိတ်ကိုလာတဲ့ ရဟန်းတစ်ပါးပျောက်နေပြီး ၉ ရက်ကြာတဲ့အထိ ဆက်သွယ်မရ ဖြစ်နေတဲ့အကြောင်း
    - ရေဖြူမြို့နယ်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှုဖြစ်တဲ့အကြောင်း
    - တနင်္သာရီက လယ်သစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တဲ့အကြောင်း
    - လောင်းလုံး ပြင်းထိန်ရွာကို စစ်ကောင်စီတပ်က ညဘက်ဝင်လာပြီး ဖုန်းနဲ့ငွေကြေးတွေ ယူဆောင်သွားတဲ့သတင်း
    - ကျရိပ်ပြလာတဲ့ ဘတ်ဈေးအခြေအနေ
    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • သောကြာညမှာ One Fight ကြိုးဝိုင်းထဲကို ဝင်လာတော့မယ့် မြန်မာဖိုက်တာ စူပါရေချမ်း

    One Fights ကတော့ မြန်မာဖိုက်တာတွေကို ဆက်တိုက်ဆိုသလိုပဲ ပွဲသွင်းပြီး နေရာပေးနေသလား ထင်နေရပါပြီ။


    အခုတစ်ပတ်မှာလည်း One Friday Fights စင်မြင့်ထက်ဆီကို မြန်မာဖိုက်တာတစ်ယောက် ရောက်လာဦးမှာပါ။


    အဲ့ဒီဖိုက်တာကတော့ စူပါရေချမ်းပါပဲ။ စူပါရေချမ်း ဆိုတဲ့နာမည်ကို ဘုန်းကြီးက မှည့်ခေါ်ပေးခဲ့တာလို့ ဆိုပါတယ်။


    မြိုင်ကလေး ကူးဆိပ်အောက်ပိုင်းသားလေး စူပါရေချမ်းကို သူ့ပရိသတ်တွေက ဟိုးအရင်ကတည်းက One ဝင်ထိုးစေချင်ခဲ့တာပါ။


    ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် အခုအချိန်ရောက်မှပဲ စူပါရေချမ်းက One Fights ဆီကို ရောက်လာခဲ့တာဖြစ်ပါတယ်။


    အခုဆိုရင် စူပါရေချမ်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဆီကိုရောက်ရှိပြီး သူထိုးမယ့်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေပါပြီ။


    စူပါရေချမ်းကို One မှာ ပွွဲသွင်းပေးလိုက်သူက ဆရာစောဖြိုးဝေ ဖြစ်ပါတယ်။


    ပြီးခဲ့တဲ့ One Friday Fights 76 မှာ ဆရာစောဖြိုးဝေ ပွဲသွင်းခဲ့တဲ့ သန့်ဇင်၊ သွေးလင်းထက်နဲ့ အဲမွီ တို့ နိုင်ပွဲတွေ ရခဲ့တာကြောင့် စူပါရေချမ်းလည်း နိုင်ပွဲနဲ့ပွဲထွက်လာလေမလားဆိုတာကို စောင့်ကြည့်ရတော့မှာပါပဲ။

    4 min
  • ဩဂုတ်လ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီမြို့ရှိ စစ်ကောင်စီတပ်ရင်း စစ်ဆေးရေးဂိတ်နဲ့ တပ်စခန်းကို တစ်ရက်အတွင်းသုံးကြိမ်တိုက်ခိုက်ခဲ့တဲ့အကြောင်း


    - မြိတ်မှာ ‌ကျပ်သိန်း ၁၂၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးတွေ ဖမ်းမိတဲ့သတင်း


    - လောင်းလုံးက ကျေးရွာအချို့မှာ ကာလရှည်အရေပြားရောဂါဖြစ်ပွားနေတဲ့အခြေအနေ


    - ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ အကြိုလှုပ်ရှားမှု လောင်းလုံးမှာ ပြုလုပ်ခဲ့တဲ့အကြောင်း


    - ထိုင်းနိုင်ငံမှာ ဆောက်လက်စမြေအောက်ရထားလမ်းပြိုကျလို့ ပိတ်မိနေတဲ့ မြန်မာတစ်ဦးအပါအဝင် သုံးဦး အသက်ရှင်နေ သေးတဲ့အခြေအနေ


    - ဖူးခက် မြေပြိုမှုမှာ ထားဝယ်ဒေသခံ ၈ ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့တဲ့အကြောင်း အပါအဝင်


    - တယ်လီဂရမ်တည်ထောင်သူ ပြင်သစ်မှာ အဖမ်းခံရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဩဂုတ်လ ၁၈ ရက်နေ့ကနေ ဩဂုတ်လ ၂၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    8 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဩဂုတ်လ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    13 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဩဂုတ်လ ၁၇ ရက်နေ့ကနေ ဩဂုတ်လ ၂၃ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    8 min
  • ဩဂုတ်လ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့ပေါ်မှာ နှစ်ဖက်ပစ်ခတ်မှုထပ်ဖြစ်ပြီး အဖွားအိုတစ်ဦး သေဆုံးခဲ့တဲ့သတင်း


    - လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာပစ်ခတ်မှုမှာ ပျူစောထီးတပ်ဖွဲ့ဝင် ဇနီးသည် သေဆုံးခဲ့တဲ့သတင်း


    - ဖောင်းတောရွာစာသင်ကျောင်းပြန်ဖွင့်ဖို့ ရေတပ်က ရွာသားတွေကိုလုံခြုံရေးယူခိုင်းတဲ့အကြောင်း


    - တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုနဲ့ ဘန်လောကျေးရွာအုပ်စုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်း


    - ထိုင်းနိုင်ငံ လေယာဉ်ငယ်ပျက်ကျမှုမှာ လူကိုးဦးသေဆုံးတဲ့သတင်း


    - ဖူးခက်မြို့ မြေပြိုမှုမှာ ထားဝယ်သူ တစ်ဦးအပါအဝင် မြန်မာသုံးဦး သေဆုံးခဲ့တဲ့သတင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဒီနေ့ထိုးရမယ့် One Friday Fights 76 ပြိုင်ပွဲကြီးမှာ မြန်မာဖိုက်တာ ၅ ယောက်လုံးရလဒ်ကောင်းနိုင်ပါ့မလား

    ဒီနေ့မှာဆိုရင် မြန်မာဖိုက်တာ ၅ ယောက် ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတဲ့ One Friday Fights 76 ပြိုင်ပွဲကြီး ရောက်ရှိလာတော့မှာပါ။


    အခု ပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဆီက လမ်းပီးနီး အားကစားကွင်းကြီးထဲမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။


    ဒါဟာ မြန်မာဖိုက်တာ လက်ဝှေ့သမားတွေအတွက် One Friday Fights တွေမှာ စံချိန်တင်အရေအတွက်နဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိတာပါပဲ။


    မြန်မာဖိုက်တာ သန့်ဇင် ဆိုရင် ဒုတိယခေါင်ပွဲအထိတောင် တက်ထိုးခွင့်ရထားပါတယ်။


    ဒီပြိုင်ပွဲကြီးမှာသာ မြန်မာဖိုက်တာ လက်ဝှေ့သမားတွေ တက်ညီလက်ညီ အစွမ်းပြလိုက်နိုင်မယ်ဆိုရင်တော့ နောက်ထပ် မြန်မာလက်ဝှေ့သမားတွေအတွက် One Friday Fights မှာ လမ်းစတွေ ထွက်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။


    မြန်မာဖိုက်တာ ၅ ယောက်ထဲက ၃ ယောက်ဟာ ထိုင်းဖိုက်တာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ၂ ယောက်ကတော့ ဂျပန်ဖိုက်တာတွေနဲ့ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။