Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ဩဂုတ်လ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်က ကျေးရွာသုံးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြောင်း


    - လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာ


    - တိုက်ပွဲရက်ရှည်လာလို့ ဆင်ထိုးကြီးရွာအနီးနားက စစ်ဘေးရှောင်တွေ ရိက္ခာအခက်အခဲတွေဖြစ်လာနေတဲ့အခြေအနေ


    - မွန်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိတဲ့ နေအိမ်ကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အကြောင်း


    - ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါမျိုးစိတ်သစ် သံသယလူနာကို တွေ့ရှိထားတဲ့အခြေအနေ


    - ထိုင်းနိုင်ငံ ကော့ဖငန်းကျွန်းမှာ မြန်မာနိုင်ငံသား ၃ ဦး အဖမ်းခံခဲ့ရတာ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • အင်္ဂလန်ချန်ပီယံရှစ်မှာ ခြေချခွင့်ရတဲ့အထိ အောင်မြင်သွားတဲ့ ပထမဆုံး အင်ဒိုနီးရှားဘောလုံးသမား

    မြန်မာနဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား တို့ကတော့ ဘောလုံးဘက်မှာ တိုးတက်သထက် တိုးတက်လာခဲ့ပါပြီ။


    အင်ဒိုနီးရှားဆိုရင်လည်း ဥရောပဘောလုံးလောကမှာ ခြေချခွင့်ရရှိတဲ့ကစားသမား ရှိလာခဲ့ပြီဖြစ်လို့ ဒါဟာ လမ်းသစ်တစ်ခု ပွင့်သွားတာလို့ ပြောနိုင်ပါတယ်။


    အာရှရဲ့ထိပ်တန်းလိဂ်တွေမှာတောင် အရှေ့တောင်အာရှကစားသမားတွေ နေရာတစ်ခုရနိုင်ဖို့ မလွယ်ကူသေးချိန်မှာ ဥရောပလိဂ်တွေက မျက်စိကျပြီး ခေါ်ယူသွားတယ်ဆိုရင် ဒီကစားသမားရဲ့အရည်အသွေးကို တွက်ဆနိုင်ပါပြီ။


    အင်ဒိုနီးရှားဘောလုံးသမားတွေထဲကနေပြီး အင်္ဂလန်ချန်ပီယံရှစ်မှာ ကစားခွင့်ရဖို့ ကံထူးသွားခဲ့သူက မာဆီလီနို ဖာဒီနန် ပါပဲ။ မာဆီလီနို ဖာဒီနန် ဟာ အသက် ၁၉ နှစ်အရွယ်ပဲ ရှိပါသေးတယ်။


    “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့”ဆိုတဲ့စကားဟာ စကားအဖြစ် ပြောရုံ၊ ဆိုင်းဘုတ်မှာ ရေးပြီး ဆိုင်းဘုတ်ထောင်ထားရုံနဲ့ အကောင်အထည် ပေါ်မလာနိုင်ပါဘူး။


    တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ မဆုတ်မနစ် ကြိုးစားမှပဲ အခုလို အရာထင်ထင် ဖြစ်လာနိုင်တာပါ။ မြန်မာဟာ အခုဆိုရင် ဖိလစ်ပိုင်ကိုတောင် အသည်းအသန် ကစားလို့နေရပါပြီ။


    ဒီအတိုင်းဆိုရင် သိပ်မကြာခင်မှာပဲ အင်ဒိုနီးရှားနဲ့လည်း ဘောလုံးအဆင့်အတန်း ကွာဟမှုတွေ ဖြစ်လာတော့မှာပါ။

    4 min
  • ဩဂုတ်လ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မောင်းမကန်မှာ စစ်ကောင်စီတပ်က ပစ်တဲ့လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရတဲ့အကြောင်း


    - မြိတ်မြို့မှာ ခွေးကိုက်ချီလာတဲ့ မွေးကင်းစ ကလေးအလောင်းတွေ့တဲ့သတင်း


    - ထိုင်းမှာ ဓားထိုးမှုနဲ့ မြန်မာစျေးသည်တစ်ဦး ဖမ်းဆီးခံရတဲ့အကြောင်း


    - မြန်မာအလုပ်သမားတွေရဲ့ အိမ်လွှဲငွေကို ရနောင်းက ငွေလွှဲလုပ်ငန်းပိုင်ရှင် ယူဆောင်ထွက်ပြေးသွားတဲ့ သတင်းနဲ့အတူ


    - ဆက်ပြီးကျလာတဲ့ ဘတ်ဈေး အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ဩဂုတ်လ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မောင်းမကန်ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာပြီး လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အကြောင်း


    - ကျိုက်ထိုမြို့နယ်ရဲမှူးနဲ့ ရဲအုပ်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အခြေအနေ


    - ပလမြို့ ရဲစခန်းကပစ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး ကျည်စထိမှန်သေဆုံးသွားတဲ့အကြောင်း


    - ကျွန်းစုမြို့နယ် မင်းခေါင်းဆေးရွာက အမျိုးသားနှစ်ဦး ပစ်သ တ်ခံရတဲ့သတင်း


    - လုပ်အားခ ဘတ် ၁၀ သန်းမရလို့ မြန်မာလုပ်သားတွေဆန္ဒပြမှု ထိုင်းအစိုးရက ကြားဝင်ဖြေရှင်းပေးနေတဲ့အခြေအနေ အပါအဝင်


    - ကျရိပ်ပြလာတဲ့ ထိုင်းဘတ်ဈေးအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဩဂုတ်လ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးမြို့က ပျူ‌စောထီးတစ်ဦးနဲ့မိသားစုတွေ တော်လှန်ရေးတပ်ဖွဲ့ဆီ ခိုလှုံလာတဲ့အကြောင်း


    - လက်နက်ကြီးနဲ့အပစ်ခံနေရတဲ့ လောင်းလုံးက သဘော့ဆိပ်နဲ့ ပြင်ကြီးရွာသားတွေ ရွာလုံးကျွတ်နီးပါးပြောင်းရွှေ့နေတဲ့ အကြောင်း


    - မောရဝတီရေတပ်ကခွင့်ပြုမှ ကံပေါက်တိုက်နယ်ကို ဆေးဝါးသယ်ခွင့်ရတဲ့အကြောင်း


    - ကျပ်ငွေဂယက်ကြောင့် မြိတ်မှာ ဆေးဝါးဈေးနှုန်း အဆမတန်မြင့်တက်သွားတဲ့ အခြေအနေ


    - ဆင်ထိုးကြီးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နဲံ ပြည်သူ့စစ်နေအိမ်အချို့ မီးလောင်သွားတဲ့သတင်း


    - မောင်းမကန်နားမှာ ပစ်ခတ်မှုဖြစ်ပြီး ထားဝယ်မြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်ခံတွေ ဆူညံသွားတဲ့ အကြောင်း


    - စစ်ကိုင်းတိုင်းက ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းယူခဲ့တဲ့ သတင်း အပါအဝင်


    - ထိုင်းတောင်ပိုင်း ဖူးခက်မှာ ဆယ်ကျော်သက်မြန်မာမိန်းကလေးငယ်တစ်ဦး သေနတ်နဲ့ပစ်သ တ်ခံရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    11 min
  • မန်ယူဟာ ဂျိမ်းစ်ဘွန်းကို အသင်းမှာကစားပေးဖို့ ခေါ်ခဲ့ဖူးတယ်

    လူသိနည်းပါးလှတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ မန်ယူဟာ ဂျိမ်းစ်ဘွန်းမင်းသားကို အသင်းအတွက် ကစားပေးဖို့ ခေါ်ယူခဲ့ပါသေးတယ်။


    အဲ့ဒီကာလတုန်းကတော့ မန်ယူ ခေါ်ယူချင်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းမင်းသားက သရုပ်ဆောင် မဖြစ်သေးသလို နာမည်လည်း မကြီးသေးပါဘူး။


    စကော့တလန်ရဲ့ဒေသခံကလပ်လေးမှာ ကစားသမားဘဝဖြတ်သန်းနေတဲ့ ဘောလုံးသမားအဖြစ် သူက ရှိနေဆဲပဲဖြစ်ပါတယ်။


    အဲ့ဒီ ဂျိမ်းစ်ဘွန်းမင်းသားကတော့ လမ်းလျှောက်တဲ့စတိုင်နဲ့ အရမ်းကို ထင်ပေါ်ခဲ့တဲ့ ဂျိမ်းစ်ဘွန်း ပထမဆုံးမင်းသား ရှောင်ကွန်နရီပဲဖြစ်ပါတယ်။


    ရှောင်ကွန်နရီ ဟာ အရမ်းကို ဆင်းရဲနွမ်းပါးလှတဲ့ဘဝကနေ အမြင့်တစ်နေရာဆီကို တက်လှမ်းခဲ့ရသူပါ။


    သူ့ရဲ့ဘဝဖြတ်သန်းမှုထဲမှာ ဘောလုံးသမားအဖြစ် ကျင်လည်ခဲ့ရတဲ့အချိန်တွေရှိခဲ့ဖူးတယ်ဆိုတာကို သိရှိသူက အရမ်း အရမ်းကိုပဲ နည်းပါးလွန်းလှပါတယ်။


    ဒါ့အပြင် မန်ယူက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးတယ်ဆိုတာကျတော့ တကယ့်ကို အတွင်းကျလွန်းလှတဲ့အကြောင်းအရာဖြစ်သွားခဲ့ပါပြီ။


    ဒီနေ့မှာတော့ အဲ့ဒီအကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာပါ။

    6 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဩဂုတ်လ ၁၁ ရက်နေ့ကနေ ဩဂုတ်လ ၁၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။


    8 min
  • ချင်းလူမျိုး ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား တီရယ်လ်ထန် ဒီနေ့ စိန်ခေါ်ပွဲ ထိုးမယ်

    ချင်းလူမျိုး ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား တီရယ်လ်ထန် ဟာ ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီလောက်မှာ စိန်ခေါ်ပွဲ ထိုးတော့မှာပဲဖြစ်ပါတယ်။


    တီရယ်လ်ထန် ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဂျပန်ဖိုက်တာ နာအိုကီ ယူအီဒါ ပါပဲ။


    အသက် ၂၇ နှစ်အရွယ် ယူအီဒါ ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှုတလျှောက် ပွဲ ၂၀ ထိုးခဲ့ပြီးပါပြီ။


    အဲ့ဒီစိန်ခေါ်ပွဲစဉ် ၂၀ မှာ ယူအီဒါက ၁၁ ပွဲနိုင်၊ ၂ ပွဲသရေဖြစ်ပြီး ၇ ပွဲ ရှုံးနိမ့်ထားပါတယ်။


    တီရယ်လ်ထန် ကတော့ One Championship နဲ့ လမ်းခွဲလိုက်ပြီးတဲ့နောက် အောင်မြင်မှု မရရှိတော့ပါဘူး။

    2 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဩဂုတ်လ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    14 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဩဂုတ်လ ၁၀ ရက်နေ့ကနေ ဩဂုတ်လ ၁၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။


    10 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။