Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ပရီးမီးယားလိဂ်ရာသီသစ်ကို ကြိုဆိုမယ့် ကွန်မြူနတီဒိုင်းပွဲ လာပြီ

    ဒီနေ့မှာ ကွန်မြူတီဒိုင်းလုပွဲကြီးကို ယှဉ်ပြိုင်ရပါတော့မယ်။ ကွန်မြူနတီဒိုင်းလုပွဲကြီး ရောက်ရှိလာတယ်ဆိုတာဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ် စတင်ဖို့အတွက် သီတင်းပတ် တစ်ပတ်ပဲ လိုတော့တယ်လို့ သံချောင်းခေါက်လိုက်တာပါပဲ။


    ဒီနှစ်ရဲ့ကွန်မြူနတီဒိုင်းလုပွဲက မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်နေလို့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။


    မန်ယူဟာ မန်စီးတီးကို အနိုင်ယူပြနိုင်လေမလား ဒါမှမဟုတ်ဘဲ ပရီးမီးယားလိဂ် လေးရာသီဆက်ချန်ပီယံ မန်စီးတီးကပဲ ကွန်မြူနတီဒိုင်းဆုရှင်ဖြစ်သွားလေမလားဆိုတာကို စောင့်ကြည့်ကြရတော့မှာပါပဲ။


    ဒီည မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမယ့် ဒီပွဲစဉ်ဟာ ပရိသတ်တွေကိုလည်း ရင်ခုန်သံမြန်စေပါလိမ့်မယ်။

    4 min
  • ဩဂုတ်လ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီမြို့နယ်က ရေဘေးနဲ့စစ်ဘေးသင့်ပြည်သူတွေကို ကူဖို့အတွက် ရိက္ခာလှေကမ်းပိန်းမှာ ပါဝင်ကြဖို့ တိုက်တွန်တဲ့အကြောင်း


    - ညောင်ပင်ကွင်းတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ် တစ်ရက်ထဲ နှစ်ကြိမ်တိုက်ခိုက်ခံရတဲ့ အခြေအနေ


    - မြန်မာကျပ်ငွေတန်းဖိုး စံချိန်တင်ကျဆင်းနေပြီး ကျပ်တစ်သိန်းကို ဘတ် ၆၀၀ အောက်ကို ရောက်ရှိလာတာ


    - ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ကောင်စီရဟတ်ယာဉ် ထိခိုက်မှုရုပ်သံကို NUG က ထုတ်ပြန်လိုက်တဲါအကြောင်း


    - လုပ်အားခ ဘတ် ၁၅ သိန်းကျော်မရလို့ မြန်မာအလုပ်သမားတွေက ထိုင်းအလုပ်ရှင်ကို အမှုဖွင့်လိုက်တာ


    -ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲအနိုင်ရဖျက်သိမ်းခံပါတီဟာ နာမည်အသစ်နဲ့ ပါတီထက်ထောင်လိုက်တဲ့အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • တနင်္သာရီတိုင်းက ရိက္ခာလှေကမ်ပိန်း

    ရေဘေးနှင့်စစ်ဘေးဒဏ်ကို ခါးစည်းခံစားခဲ့ရသည့် တနင်္သာရီမြို့နယ်က ထောင်ချီသည့်ဒေသခံများမှာ အကူအညီများစွာ လိုအပ်လျက်ရှိသည်။


    ဇူလိုင်လ တတိယအပတ်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြို့နယ်တွင် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွာဆုံးရေကြီးမှုကို ကြုံတွေ့ခဲ့ရသည်။


    ရေဘေးဖြင့် နပန်းလုံးနေရသည့်အခိုက်တွင်ပင် စစ်ကောင်စီစစ်ကြောင်းများ ကျေးရွာ‌များအတွင်း ဝင်ရောက်စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့၍ စစ်ဘေးဒဏ်ကိုပါ ခံစားခဲ့ရပြန်သည်။


    လက်ရှိတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာလိုအပ်ချက်၊ သန့်ရှင်းသည့် သောက်သုံးရေလိုအပ်ချက် စသဖြင့် လိုအပ်ချက်ပေါင်းမြောက်များစွာဖြင့် ရင်ဆိုင်နေကြရသည်။


    အိုးအိမ်စွန့်ခွာပြီး ဒုက္ခရောက်နေကြရသည့် တနင်္သာရီမြို့နယ်မှ ဒေသခံများအတွက် ရည်ရွယ်ပြီး စစ်ဘေးရှောင်ကူရေးအဖွဲ့ငါးဖွဲ့က ရိက္ခာလှေကမ်ပိန်းအစီအစဉ်ကို ပြုလုပ်လျက်ရှိသည်။

    ယင်းကြောင့် တနင်္သာရီမြို့နယ်က ရေဘေးနှင့် စစ်ဘေးဒဏ်သင့် ပြည်သူများ၏ အခြေအနေနှင့် ကမ်ပိန်းအခြေအနေတို့ကို မေးမြန်းဖော်ပြလိုက်ပါသည်။


    (ကူညီလိုပါက https://www.facebook.com/share/dRroApM6g41SXgoz/?mibextid=qi2Omg မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်)

    8 min
  • The Sheronies of Tavoy - ထားဝယ်နှင်းဆီ [အခန်း (၁၈)]

    “ဪ . . . တပ်မတော်ကို ရဲရဲတောက်ခံပစ်နေတာ . . . အမေရိကန်ပြန် ဗိုလ်ကြီးပဲ”

    ဗိုလ်မှူးဘစိန်က မသတ်ဘဲ အခွင့်အရေး တစ်ခုပေးသည်။ ဗိုလ်ယူစိန် ဘယ်ရောက်သွားလဲ။ ကြည်ကြည်ဆွေ တစ်ခုခုပြောမည်ဆိုသဖြင့် ဗိုလ်မှူးဘစိန် ဒူးထောက်ရင်း အနားကပ်သွားလိုက်သည်။ ထိုမှသည် မထင်မှတ်သည့် အဖြစ်အပျက်များ။

    14 min
  • ရက် ၁၂၀ စီမံချက်နဲ့ ထိုင်းရဲတွေ အဖမ်းအဆီးကြမ်းနေချိန်မှာ ဘယ်လိုနေထိုင်ကြမလဲ

    ထိုင်းအာဏာပိုင်တွေက ရက် ၁၂၀ စီမံချက်ဆိုပြီး အထောက်အထားမဲ့ မြန်မာတွေအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို အဖမ်းအဆီးကြမ်းနေပါတယ်။


    ဇွန်လ ၅ ရက်ကနေ ဇူလိုင်လ ၁၁ ရက်နေ့အထိ နိုင်ငံခြားသားအလုပ်သမား တစ်သိန်းကျော်ကို စစ်ဆေးခဲ့ရာမှာ မြန်မာ ၆၀၀ နီးပါး အဖမ်းခံလိုက်ရပါတယ်။


    ဒါကြောင့် ဒီလိုအဖမ်းအဆီးကြမ်းနေချိန်မှာ အန္တရာယ်ကင်းဖို့ ဘယ်လိုနေထိုင်သင့်လဲဆိုတာကို မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Labour Rights Foundation (LRF) က တာဝန်ရှိသူက အခုလိုပြောဆိုထားပါတယ်။

    9 min
  • ဩဂုတ်လ ၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ရေဖြူမြို့နယ် ဇာဒီရွာက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့သတင်း

    - တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာကားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ
    မိုင်းဆွဲတိုက်ခိုက်တဲ့သတင်း

    - တနင်္သာရီမြို့နယ်မှာပဲ သကျက်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့အကြောင်း

    - ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာက စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်တဲ့အကြောင်း

    - ဖျက်သိမ်းလိုက်တဲ့ MoveForward ပါတီဝင်တွေက အသစ်ထောင်မယ့်ပါတီကို မနက်ဖြန်ကြေညာမယ်ဆိုတဲ့သတင်း

    -မြန်မာဘက်ပို့မယ့် starlink အင်တာနက်ပစ္စည်းတွေကို မဲဆောက်မှာ ထိုင်းရဲတွေ ဖမ်းမိခဲ့တဲ့သတင်း

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • The Sheronies of Tavoy - ထားဝယ်နှင်းဆီ [အခန်း (၁၇)]

    စစ်တပ်နှင့် တွေ့ချိန် ကိုယ်ဝန်ကြီးနှင့် မဟို။ အရေးပေါ် ခွဲစိတ် ကလေးမွေးခြင်းကို ကြည်ကြည် အသုံးချလိုက်သည်။ သို့သော်။ မိုးကြည်ကား နီနီရိန်ကို ခေါ်လျက် လွတ်ရာ ခေါင်းရှိရာသို့ ပြေးဆင်းသွားသည်။ ကျန်သူများကိုလား . . . ။

    11 min
  • ဩဂုတ်လ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ပြည့်ဖြိုးထွန်းကုမ္ပဏီနဲ့ စိုက်ခင်းကို တော်လှန်ရေးတပ်တွေသိမ်းထားလို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အကြောင်း


    - ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့အခြေအနေ


    - ထားဝယ်က ကိုလိုနီခေတ်အဆောက်အဦတွေကို ပန်းချီနဲ့ မှတ်တမ်းတင်ထားတဲ့စာအုပ် ထွက်မယ့်အကြောင်း


    - ထားဝယ်မှာ မီးဖိုချောင်သုံးဂက်စ်ပြတ်လပ်နေတဲ့ အခြေအနေအပါအဝင်


    - ထိုင်းမှာ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သားလေးရာလောက် ဘတ် ၁၈သန်းကျော် နစ်နာကြေးရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • တရုတ်အိုလံပစ်ကစားသမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရလေသလား?

    စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခု ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ တရုတ်အိုလံပစ်ကစားသမားတွေဟာ စခန်းသွင်းလေ့ကျင့်ခံခဲ့ရစဉ်အခိုက်မှာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရလေသလားဆိုတာပါပဲ။ အမျိုးသားနှစ်ယောက်တွဲ ဒိုင်ဗင်ပြိုင်ပွဲမှာ ရွှေဆုဆွတ်ခူးသွားတဲ့ တရုတ်ကစားသမားနှစ်ယောက်ကို ပြိုင်ဘက်ကစားသမားတွေက “ဘယ်လိုတွေ လေ့ကျင့်ခဲ့ကြရသလဲ”လို့ မေးခွန်းထုတ်လိုက်ချိန်မှာ ထင်မှတ်မထားတဲ့ အဖြေစကားကို တရုတ်ကစားသမား နှစ်ယောက်ဆီက ကြားသိလိုက်ရပါတယ်။ အဲ့ဒါကတော့ သူတို့ဟာ အိုလံပစ်အတွက် စခန်းသွင်းလေ့ကျင့်ခံရတဲ့အချိန်ကစလို့ မိသားစုနဲ့ မတွေ့ရတာ ၃ နှစ်တောင် ရှိသွားခဲ့ပြီဆိုတာပါပဲ။ အပြင်ထွက်လည်ခွင့် မရှိဘဲ တစ်နေ့ကို ၁၂ နာရီလေ့ကျင့်ရင်း ဘဝကိုဖြတ်သန်းနေခဲ့ရတယ်လို့ တရုတ်ကစားသမား နှစ်ယောက်က ပြောပြခဲ့ကြပါတယ်။ ဒီတော့ တရုတ်အိုလံပစ်ကစားသမားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရလေသလားလို့ မေးခွန်းမေးရဖို့ ရှိလာခဲ့ပါပြီ။

    3 min
  • ဩဂုတ်လ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စံချိန်တင်တက်ခဲ့တဲ့တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်အောက် ပြန်ကျသွားတဲ့အကြောင်း


    - ရဟန်းအသွင်ယူထားတဲ့ စစ်ကောင်စီတပ်သားကို တော်လှန်ရေးတပ် ဖမ်းဆီးခဲ့တဲ့အကြောင်း


    - ငါးရက်အကြာ ပျောက်နေတဲ့ လောင်းလုံးကအဘွားကို ကျန်းကျန်းမာမာပြန်တွေ့တဲ့သတင်း


    - လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားတဲ့အကြောင်း


    - လောင်းလုံးက သဘော့ဆိပ်ရွာမှာ အမျိုးသမီးကြီးတစ်ဦးကို PDF က ဝါးလုံးနဲ့ရိုက်ခဲ့တဲ့ အခြေအနေ အပါအဝင်


    - ကယန်းကျားသစ်မလေး ဗရော်နီကာ နိုင်ပွဲပြန်ရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။