Sign up to save your podcasts
Or

စစ်တပ်တပ်ရင်းမှူး လဗျတ်နောင်က ဗိုလ်မှူးကျော်တင့်ကို မေးလိုက်သည်။ ပါတီ လူစာရင်းနှင့် အမာခံကျောရိုးများကို တောင်းသည်။ စာရင်းပေးလျှင် မသတ်၊ အမှုရင်ဆိုင်ရုံသာ။ ဗိုလ်မှူးကျော်တင့် ရယ်လိုက်သည်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဇူလိုင်လ ၂၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇူလိုင်လ ၂၀ ရက်နေ့ကနေ ဇူလိုင်လ ၂၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
စစ်တပ်က အလိုရှိနေသော ကြည်ကြည်၏ အရေးကလည်း ရှိသေးသည်။ နောက်ဆုံး ကြည်ကြည်တစ်ယောက် ပြတ်သားသော ဆုံးဖြတ်ချက် ချလိုက်သည်။ ရာသီသုံးပါး တိုက်စားမှုနှင့် အတူ . . . ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြို့နယ် ကျော်နီမော်ရွာမှာ စစ်ကောင်စီတပ်သားနှစ်ဦးပစ်ခတ်ခံရတဲ့အကြောင်း
- တနင်္သာရီမြစ်ရေစိုးရိမ်ရေအမှတ်ကို ကျော်လွန်လာလို့ ရပ်ကွက် ကျေးရွာတွေမှာ ရေကြီးရေလျံမှုတွေဖြစ်နေတဲ့သတင်း
- မွန်ပြည်နယ်မှာ ဘီးလင်းမြစ်ရေကြီးနေလို့ ရန်ကုန်-မော်လမြိုင်ကားလမ်း ယာယီပိတ်ထားရတဲ့အကြောင်း
- ပါရီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆိန်းမြစ်ရိုးကနေ အီဖဲလ်မျှော်စင်အထိ လှေတွေစီးနင်းချီတက်စေပြီး ထူးခြားစွာ ကျင်းပမယ်ဆိုတဲ့သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းကိုလာတဲ့ ခရီးသွားတွေကို စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးတာတွေရှိနေတဲ့အကြောင်း
- တနင်္သာရီတိုင်းထဲက စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့အခြေအနေ
- ထားဝယ်မြို့ရှိ စစ်ကောင်စီဝန်ကြီးအိမ်ယာက အစောင့်ရဲတပ်သားရဲ့အလောင်း ရေမြောင်းထဲတွေ့ရှိခဲ့တာ
- ထားဝယ်ခရိုင်မှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေပါဖြစ်ပေါ်နေတဲ့အကြောင်း
- စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကျိုက်ထုံဒေသခံ လူငယ် ၆ ဦးသေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရခဲ့တဲ့အခြေအနေ
- စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းယူလိုက်ပြီလို့ ကိုးကန့်တပ်က သတင်းထုတ်ပြန်တာ
- ထိုင်းမှာ ညဖက်မုန့်ထွက်ဝယ်တဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားတာ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
၁၉၅၈ ခုနှစ် စစ်တပ်က အနုနည်းဖြင့် အာဏာသိမ်းလိုက်ပြီ။ စစ်တပ်က ထားဝယ်မြို့ပေါ်တွင် စုဝေးနေကြလေပြီ။ စော်ဖျားက စခန်းများ အခြားနေရာသို့ ရွှေ့ရဦးမည်။ ယခုက အနောက်ဘက်သို့ ခရီး။ သို့သော် ထားဝယ်မြစ်ကြီးက လမ်းခရီးတွင် ကန့်လန့်ခံနေသည်။ ထိုမျှ မကသေး စစ်တပ်၏ ကင်းပုန်းအဖွဲ့။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့မှာ စစ်ကောင်စီတပ်သားတွေပါတဲ့ကား အပစ်ခံရချိန် အနားမှာရှိတဲ့ အရပ်သားတစ်ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါး ပျံတော်မူသွားတဲ့အကြောင်း
- လောင်းလုံးမြို့နယ်တောင်ပိုင်းရှိ ရွာတွေကို စစ်ကြောင်းထိုးချိန်ကအဖမ်းခံရသူတွေ ပြန်လွတ်လာတာ
- သောက်ရေခွက် ပျောက်တဲ့ကိစ္စကြောင့် စစ်ကောင်စီတပ်သားနဲ့ ဒေသခံအမျိုးသမီးတို့ ရန်ဖြစ်တဲ့သတင်း
- ကရသူရိမှာ စစ်မှုထမ်းငှားဖို့ တစ်အိမ်ထောင်ကျပ်သုံးသောင်းကောက်ပေမယ့် စာရင်းမရှင်းသေးတဲ့အခြေအနေ
- မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မွန်က မြို့နယ်ငါးခုရဲ့ အနိမ့်ပိုင်းနေရာတွေကို ရေစဝင်နေတဲ့သတင်း
- မလေးရှားသွားမယ့် မြန်မာ ၈၀ကျော် ထိုင်းမှာ ဖမ်းဆီးခံရတဲ့အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်ရဲ့သ တ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၄၀၀ နီးပါးရှိလာတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်တဲ့အကြောင်း
- လားရှိုးမှာ ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်လက်နက်ချလိုက်တဲ့သတင်း
- ကလိန်အောင်-ကံပေါက်လမ်းပိုင်းမှာ မောရဝတီရေတပ်အရာရှိလိုက်ပါလာတဲ့ကား မိုင်းဆွဲခံရတဲ့သတင်း
- ဘုတ်ပြင်းရေပြင်ကမ်းနီးမှာ ကမ်းဝေးဝါလတ်လှေတွေ အစုလိုက်အပြုံလိုက် ငါးဝင်ဖမ်းနေတဲ့အခြေအနေ
- စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတရာထူး ရယူလိုက်တဲ့အကြောင်း
- ရေဖြူမှာ ခွေးရူးပြန်ရောဂါကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားတဲ့အကြောင်း အပါအဝင်
- ထိုင်းမြောက်ပိုင်းမှာ ရွှေဆိုင်က လက်စွပ်လုပြေးတဲ့ မြန်မာတစ်ဦးအဖမ်းခံရတာ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed