
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပုလောတွင် စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်ချိန် အရပ်သားတစ်ဦးကိုဖမ်းခေါ်သွားတဲ့အကြောင်း
- ပုလော ကျောက္ကာရွာအနီး နစ်မြုပ်သွားတဲ့ စက်လှေပြန်တွေ့တဲ့သတင်း
- မော်လမြိုင် ဆီဆိုင်မီးလောင်မှုတွင် မီးငြှိမ်းသတ်သူ ၂၀ကျော် ဒဏ်ရာရခဲ့တဲ့သတင်း
- ထားဝယ်မြို့ပေါ်က ရပ်ကွက်သုံးခုမှာ ဒီကနေ့ညနေ နိဗ္ဗာန်ဈေးလုပ်တဲ့အကြောင်း
- မြန်မာလုပ်သားတွေရဲ့ လုပ်အားခ ဘတ် ၇ သိန်းကျော်မပေးတဲ့ အလုပ်ရှင် အမှုဖွင့်ခံရတဲ့သတင်း
- ရွှေနဲ့ ဘတ်ဈေးအခြေအနေတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေတဲ့အကြောင်း
- သန်းခေါင်းစာရင်းကောက်အဖွဲ့မှာပါလို့ ဖမ်းဆီးထားတဲ့ သရက်ချောင်းမြို့နယ်က ဝန်ထမ်း ခုနစ်ေယာက်ကို ပြန်လွှတ်ပေးလိုက်တဲ့အခြေအနေ
- သရက်ချောင်းမြို့နယ်မှာ ထန်းရည်ရောင်းတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ သေနတ်ဒဏ်ရာ ရရှိခဲ့တာ
- စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ဥတ္တူရွာက ကထိန်ပွဲ ဖျက်သိမ်းလိုက်ရတဲ့အကြောင်း
- အထည်အလိပ်ဈေးမြင့်တက်နေလို့ ကထိန်သင်္ကန်းဈေးလည်း မနှစ်ကထက် နှစ်ဆလောက်မြင့်တက်သွားတဲ့အခြေအနေ
- ရောင်းမော်ရွာက ပျူစောထီးအဖွဲ့ဝင်လို့ဆိုသူတွေရဲ့ နေအိမ်ခုနစ်ဆောင်မီးရှို့ခံရတာ
- ထိုင်းဖက်က အဝယ်လိုက်လာလို့ ကျွန်းစုမြို့နယ်က ကဏန်းမဲဈေးကောင်းရလာနေတဲ့အကြောင်း
- ဘန်ကောက်မြို့အနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား တစ်ရာကျော်အဖမ်းခံလိုက်ရတာ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးအောက်ဘက်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့ အခြေအနေ
- ထားဝယ်မြို့နယ် ကနိုင်းဒါရွာက လောင်းကစားဝိုင်းကို PDF ဝင်ဖမ်းတဲ့ သတင်း
- မနေ့ညနေက ထားဝယ်မြို့ပေါ်မှာ ဓားထောက်လုယက်မှုဖြစ်တဲ့သတင်း
- ပုလောက ကျေးရွာအုပ်စုတစ်ခုမှာ စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးပြန်ဖွဲ့ နေတဲ့အခြေအနေ
- ခမောက်ကြီးနဲ့ ပုလောမှာ စစ်ကောင်စီတပ်က နေအိမ် ၁၅ လုံးကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့သတင်း
- ထားဝယ်ဇာတိ ရေလုပ်သမားတစ်ဦး လှေပေါ်က ပြုတ်ကျသေဆုံးတာကို ထိုင်းအလုပ်ရှင်က တာဝန်မယူတဲ့သတင်း
- ထရမ့် သမ္မတဖြစ်ပြီလို့ အမေရိကန်သတင်းဌာနကကြေညာလိုက်တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ တနင်္သာရီတိုင်းဝန်ကြီးချုပ်လိုက်ပါသွားတဲ့ သတင်း
- တနင်္သာရီမှာ စစ်ကောင်စီတပ် တိုက်လေယာဉ်နဲ့နှစ်ကြိမ်တိုင်ဗုံးကြဲလို့ ဒေသခံနှစ်ဦးဒဏ်ရာရခဲ့တဲ့အကြောင်း
- ခမောက်ကြီးက အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သ တ်ခံရတဲ့သတင်း
- အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်မှာ နှစ်ကျိပ်ရှစ်ဆူဘုရား ပထမဆုံးအကြိမ်လှည့်လည်ပူဇော်ခံဖို့ စီစဉ်ထားတဲ့သတင်း
- ထားဝယ်မှာ ကျောက်မဲဆရာတော် ဒီနေ့တရားဟောခဲ့တဲ့အကြောင်း
- ကျိုက်ထိုမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှု ရက်ဆက်ဖြစ်နေတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
အပြောမဟုတ်ဘဲ အလုပ်နဲ့သက်သေပြချင်ပါတယ်လို့ မြန်မာကစ်ဘောက်ဆင်မယ်လေး သက်ထားစံ က ပြောလာပါတယ်။
နုဖတ်နေအောင် ချောမောလှပလွန်းတဲ့ သက်ထားစံကို ကစ်ဘောက်ဆင်ထိုးတတ်တယ်လို့ပြောရင် တချို့က မယုံကြည်ကြပါဘူး။
အခုလည်း သူမက အရမ်းကို ချောလွန်းနေတော့ သူမအတွက် ပြိုင်ဘက်ရှာနေပါတယ်ဆိုတာကို မယုံကြည်ကြဘဲ လူကြိုက်များအောင် ပွဲရှာနေတယ်လို့ ထင်ကြပါတယ်။
သက်ထားစံဟာ အသက် ၂၆ နှစ်အရွယ် ရှိနေပါပြီ။ အရပ်က ၅ ပေ ၂ လက်မ ပါ။ ၅၁ ကီလိုဝိတ်တန်းမှာ သူမ ထိုးမှာဖြစ်ပါတယ်။ စိန်ခေါ်ပွဲကို ကစ်ဘောက်ဆင်နည်းနဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ရောက်ရင် ကျင်းပမယ့် 3MA Amateur 6 ပြိုင်ပွဲမှာ သက်ထားစံရဲ့ ပွဲစဉ်ကို ထည့်သွင်းထားတာပါ။
ဒါပေမဲ့ လက်ရှိအချိန်ထိ သက်ထားစံနဲ့ယှဉ်မယ့်ပြိုင်ဘက် ပေါ်ထွက်မလာသေးပါဘူး။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အဓမ္မတပ်သားစုဆောင်းခံရသူတစ်ဦး မိခင်တပ်ရင်းက ထွက်ပြေးပြီး တနင်္သာရီက တော်လှန်ရေးတပ်ဆီခိုလှုံတဲ့အကြောင်း
- လောင်းလုံးမြို့အဝင်မှာ ပြည်သူ့အာဏာအမှတ်တံဆိပ်သင်္ကေတတွေ ရေးဆွဲပြီးဆန္ဒပြတဲ့အကြောင်း
- ထောက်ပို့ထီ ပထမဆု ကျပ်သိန်းငါးရာကို ထားဝယ်ခရိုင် တပ်ရင်း ၁ က ဒရုန်းရဲဘော် ဆွတ်ခူးသွားတဲ့အကြောင်း
- ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့မှာ ဆိုင်ကယ်လုယက်တာတွေ ဆက်တိုက်ဖြစ်နေတဲ့ အခြေအနေ
- သရက်ချောင်းက ကျေးရွာအချို့မှာ ဖုန်းလိုင်းပြတ်နေလို့ ဒေသခံတွေ အခက်ကြုံနေရတဲ့အခြေအနေ
- ထိုင်းဘက်က အဝယ်လိုက်နေလို့ ဂွေးခြောက် ဈေးကောင်းရနေတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၂ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာ အောက်ဘာလ ၂၇ ရက်ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့အခြေအနေ
- သရက်ချောင်း ဥတ္တူရွာမှာ စစ်ကောင်စီတပ်က အရပ်သားတွေကိုဖမ်းပြီး နေအိမ်သုံးလုံးမီးရှို့ခဲ့တဲ့အကြောင်း
- ပုလောမှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သားနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ သတင်း
- စစ်ဘေးရှောင်နေအိမ်တွေကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး ဆိုင်ကယ်တွေ ယူဆောင်သွားတဲ့အကြောင်း
- ပြည်သူတွေသွားလာနေတဲ့လမ်းပေါ်မှာ စစ်ကောင်စီတပ်ကထောင်ထားတဲ့ မြေမြုပ်မိုင်းပေါက်ကွဲလို့ PDF နှစ်ဦးဒဏ်ရာရသွားတဲ့ အခြေအနေ
- ရက်ရှည်စစ်ကြောင်းထိုးနေလို့ ပုလောကစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ အကူအညီလိုအပ်နေတဲ့သတင်း
- တနင်္သာရီက လယ်သစ်နဲ့ သိန္ဓောရွာကို စစ်ကောင်စီက လေယာဉ်နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်း
- ကွမ်းသီးနု ရာသီကုန်ချိန် ဈေးပြန်ကျလာတဲ့အကြောင်း
- မိုးနှောင်းကာလ သုံးနှစ်ဆက်တိုက် မိုးကောင်းနေလို့ တနင်္သာရီတိုင်းက တောင်သူတွေ အခက်ကြုံရတဲ့ အခြေအနေ သတင်းတွေကို နားဆင်ရမှာပါ။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့
- အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်တွေ ရောင်းမယ်
- မန်ယူနည်းပြ ထုတ်ပယ်ခံရ
- မြောက်ကိုးရီးယားစစ်သား တစ်သောင်းလောက် ရုရှားကိုစေလွှတ်ထားလို့ အမေရိကန်ဆို
- မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရုရှားသွား
- အိန္ဒိယမှာ မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅၀ ကျော် ဒဏ်ရာရ
- အမေရိကန် ရွေးကောက်ပွဲ ကြိုတင်မဲ သန်း ၆၀ ပေးပြီး
- စပိန်မှာ ရေကြီးလို့ ၁၅၈ ဦးထက်မနည်း သေဆုံး
- အပစ်ရပ်ရေး သဘောတူညီချက် မရမချင်း အစ္စရေးကို ဆက်တိုက်သွားမယ်လို့ ဟစ်ဘိုလာ ခေါင်းဆောင်သစ်ပြော
- Ballon d’Or ဆုကို မန်စီးတီးကွင်းလယ်လူ ရိုဒရီ ဆွတ်ခူး
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ ပလောမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့တဲ့အကြောင်း
- ထားဝယ်နည်းပညာတက္ကသိုလ်အနီးက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အခြေအနေ
- မြိတ်မြို့မှာ လမ်းလျှောက်ဖုန်းသုံးနေတဲ့ ရေလုပ်သားတစ်ဦး ရေထဲပြုတ်ကျသေဆုံးခဲ့တာ
- စစ်ကောင်စီတပ်ဖမ်းသွားတဲ့ ရန်တောင်ရွာသားတစ်ဦး ပျောက်ဆုံးနေတဲ့အကြောင်း
- အသင်းဝင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တာကြောင့် သံဖြူဇရပ် လူမူကူညီရေးအသင်းကို ဖျက်သိမ်းလိုက်ရတဲ့အခြေအနေ
- စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုတွေကြောင့် မွန်ပြည်နယ်မှာ ထိုင်းထုတ်ကုန်တွေ ဈေးမြင့်လာနေတာ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed