Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - ဘန်ကောက်မှ တောင်ကိုးရီးယားပျံလာတဲ့ လေယာဉ်တစ်စီး အဆင်းမှာ ပေါက်ကွဲလို့ လူ ၁၇၉ ဦး သေဆုံး


    - Jeju Air လေကြောင်းလိုင်းရုံးကို ရဲတပ်ဖွဲ့များ ဝင်စီး၊ ပိုင်ရှင်ကို ပြည်ပထွက်ခွင့်ပိတ်


    - ဂါဇာဆေးရုံက ပါလက်စတိုင်း ၂၀၀ ကျော်ကို အစ္စရေးစစ်တပ် ဖမ်းဆီး


    - အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာကွယ်လွန်


    - ဆီးရီးယားအာဏာရှင် အာဆတ်လက်ထက် စစ်မှုထမ်းဟောင်းများ နေအိမ်ဖယ်ရှားပေးရ


    - ယီမန်က ဟူသီသူပုန်နယ်မြေတွေကို အမေရိကန်တိုက်ခိုက်


    - အမေရိကန်တွင် နှစ်သစ်ကူးညက လူအုပ်ကြီးထဲ ကားဝင်တိုက်လို့ အနည်းဆုံး ၁၅ ဦး သေဆုံး

    ကမ္ဘာတဝန်း နှစ်သစ်ကို ကြိုဆို


    - ဝေလငါးက ရင်သွေးငယ်သေဆုံးလို့ ကျောပေါ်တင် ကူးခတ်ပြီး ပူဆွေးနေကြောင်း ပြသ


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    8 min
  • ဇန်နဝါရီလ ၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - မြိတ်မြို့မှာ ပေါ်တာဆွဲနေတယ်ဆိုတဲ့သတင်းကြောင့် ညပိုင်းလူသွားလူလာနည်းလာတဲ့သတင်း


    - တနင်္သာရီမြို့နယ်မှာ မိုင်းနင်းမိပြီး စစ်ဘေးရှောင်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့တဲ့သတင်း


    - ထောက်ပို့ထီ ရောင်းအားတက်လာလို့ ဆုကြေးငွေ ၄ ဆအထိတိုးမယ်ဆိုတဲ့အကြောင်း


    - အရက်အတူတူသောက်ရင်း လုပ်အားခကိစ္စပြောရာကနေ ရန်ဖြစ်ပြီး မြန်မာတစ်ဦးက ထိုင်းတစ်ဦးကို ဓားဖြင့်ထိုးသတ်လိုက်တဲ့သတင်း


    - ရွှေနဲ့ ထိုင်းဘတ်ဈေးသတင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • လှုပ်လှုပ်ရှားရှား မန်ယူသတင်းများ

    ဒီအစီအစဉ်လေးမှာတော့ မန်ယူအသင်းရဲ့သတင်းတွေထဲက စိတ်ဝင်စားစရာအကြောင်းတွေကို ရွေးနုတ်တင်ဆက်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ အခု အစီအစဉ်ထဲမှာတော့


    (၁) ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ သုံးပြီး ဂါနာချို ကို ခေါ်ယူချင်နေတဲ့ အက်သလက်တီကို


    (၂) အဲရစ်ခ်ဆန်၊ အန်တိုနီနဲ့ ရတ်ရှ်ဖို့ဒ် တို့ မန်ယူကနေ အငှားနဲ့ ထွက်ရလေတော့မလား?


    (၃) ကျွန်တော့်ရဲ့နည်းစနစ်တွေကို ပြောင်းလဲသွားစရာ အကြောင်းမရှိဘူးလို့ ပြောလိုက်တဲ့ မန်ယူနည်းပြ အေမိုရင်


    (၄) ရှေ့လာမယ့် ၂ ပွဲမှာ ထပ်ရှုံးခဲ့ရင် မန်ယူနည်းပြ အေမိုရင်ရဲ့အနာဂတ် လှုပ်ခတ်သွားဖို့ ရှိနေပြီ


    (၅) မန်ယူရဲ့သမိုင်းမှာ ၁၀၃ နှစ်ကြာ ပျောက်ဆုံးနေတဲ့မှတ်တမ်းဆိုးကို ရယူပြလိုက်တဲ့ နည်းပြ အေမိုရင်

    7 min
  • ဇန်နဝါရီလ ၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် ထောင့်နန့်ရွာက ရေလုပ်သား ၁၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း


    - ထားဝယ်က အခြေခံကျောင်းသားတွေကြားထဲ အီးစီးကရက်သုံးစွဲတာတွေ မြင့်တက်လာတာ


    - ခွင့်အပြုချက်မ‌ရှိဘဲ VPN ထူထောင်တာနဲ့ အွန်လိုင်းလောင်းကစားပြုလုပ်ရင် ထောင်ဒဏ်ချမှတ်မဲ့ ဆိုင်ဘာဥပဒေကို စစ်ကောင်စီက ပြဌာန်းလိုက်တဲ့အခြေအနေ


    - NUG က အကျဉ်းသား ၁၇၀ နီးပါးကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အကြောင်း


    - ထိုင်းတောင်ပိုင်း ရေတံခွန်ပေါ်က မြန်မာတစ်ဦး ပြုတ်ကျသေဆုံးသွားခဲ့တာ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။


    6 min
  • ဒီဇင်ဘာလ ၃၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - တနင်္သာရီတိုင်းလူဦးရေရဲ့ ထက်ဝက်ကျော်ပဲ သန်းခေါင်စာရင်းကောက်ယူနိုင်တဲ့အကြောင်း


    - လောင်းလုံးမှာ စစ်‌ကောင်စီတပ်က အရပ်သားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ အခြေအနေ

    - စစ်ကောင်စီက လောင်းလုံးမြို့နယ်ကို စက်သုံးဆီနဲ့စားသောက်ကုန် သယ်ဆောင်ခွင့်ပိတ်လိုက်တဲ့သတင်း


    - ရေဖြူက ဇာဒီရွာမှာ မိုင်းနင်းမိလို့ မောင်နှမနှစ်ဦး ဒဏ်ရာရသွားတဲ့အကြောင်း


    - နှစ်သစ်ကူးကာလ အဖမ်းအဆီးကြမ်းနေချိန် ကန်ချနဘူရီမှာ မြန်မာ ၁၀၀ ကျော် အဖမ်းခံရတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ဒီဇင်ဘာလ ၃၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မေတ္တာဗျူဟာစခန်းကိုပို့မယ့် စစ်ကောင်စီတပ်ရိက္ခာကားကို KNU ဖမ်းလိုက်တဲ့အကြောင်း


    - ဘုတ်ပြင်းက အလယ်မန်‌ရွာမှာ ဂုံးချောအထွက်များနေပြီး ဈေးကောင်းရနေတဲ့သတင်း


    - တနင်္သာရီမှာ CDM စစ်သားက ၁၅ နှစ်အရွယ် ကျောင်းသူကို မုဒိမ်းကျင့်ခဲ့တဲ့အကြောင်း


    - ရက်ရှည်ပြတ်နေတဲ့ အက်တမ်ဖုန်းလိုင်း နေရာအချို့မှာ ပြန်ရနေတဲ့အခြေအနေ


    - ထားဝယ်မြို့ပေါ်မှာ အမျိုးသမီးအလောင်းတွေ့တဲ့သတင်း


    - ဘန်ကောက်ကနေ တောင်ကိုးရီးယားကို ပျံသန်းတဲ့လေယာဉ် အဆင်းမှာပေါက်ကွဲပြီး သေဆုံးသူများတဲ့အကြောင်း


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ၂၀၂၄ ကို နိုင်ပွဲရယူပြီး မန်ယူ နှုတ်ဆက်နိုင်လေမလား

    ဒီညမှာတော့ မန်ယူက နယူးကာဆယ်ကို သူ့အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားရပါတော့မယ်။


    နယူးကာဆယ်က လေးပွဲဆက်တိုက် အနိုင်ရရှိထားချိန်မှာ မန်ယူကတော့ သုံးပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။


    ဒီပွဲပြီးရင် လီဗာပူး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်လို့ မန်ယူအတွက် ပွဲကျပ်တွေချည်းပါပဲ။


    မန်ယူဟာ နိုင်ပွဲတစ်ပွဲရဖို့ လိုအပ်နေပါပြီ။ ဒီပွဲကိုမှ အိမ်ကွင်းမှာ မနိုင်ခဲ့ဘူးဆိုရင် မန်ယူနည်းပြ အေမိုရင်ဟာ ဖိအားတွေ တိုးသွားပါလိမ့်မယ်။


    နယူးကာဆယ်က ပုံစံကောင်းတစ်ခု ရရှိနေတဲ့အသင်းဖြစ်လို့ မန်ယူ မလွယ်လောက်ပါဘူး။


    ဒီညမှာ သုံးပွဲဆက်အရှုံးရလဒ်ကို မန်ယူ ရပ်တန့်နိုင်လေမလားဆိုတာ စောင့်ကြည့်ကြရပါလိမ့်မယ်။

    3 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဒီဇင်ဘာလ ၂၂ ရက်ကနေ ဒီဇင်ဘာလ ၂၈ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    7 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း

    တနင်္သာရီတိုင်းထဲမှာ ဒီဇင်ဘာလ ၂၂ ရက်ကနေ ၂၈ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေချိန် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲထပ်ဖြစ်တဲ့အကြောင်း


    - လောင်းလုံးက ကျောက်နီးမော်ရွာတိုက်ပွဲမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့ အခြေအနေ


    - ရေဖြူမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေ နှစ်ဖက်ညှပ်ပစ်ခတ်တဲ့ သတင်း


    - ပုလောမှာ စစ်ကောင်စီတပ်က နေစဉ်နီးပါး ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တဲ့အကြောင်း


    - သရက်ချောင်းက ရိုးရာနတ်ပွဲတွေမှာ လောင်းကစားပါနေလို့ ဒေသခံတွေ ဝေဖန်နေကြတဲ့သတင်း


    - မြိတ်မြို့ဝန်းကျင်ရှိ ကြက်ဝိုင်းတွေကြောင့်‌ တိုက်ကြက်မွေးသူများလာတဲ့အကြောင်း


    - နယ်မြေမအေးချမ်းလို့ သံတိုသံစ ဝယ်သူတွေ အလုပ်ရပ်နားကြတဲ့ အခြေအနေ


    - ၀ဈေး နှစ်ဆတက်လာတဲ့အကြောင်းတွေကို နားဆင်ရမှာပါ။

    10 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့


    - အမေရိကန်မှာ သေဒဏ်ချမှတ်ခံထားရသူ ၃၇ ဦးကို ပယ်ဖျက်ပေး


    - ရုရှားမှာ မြောက်ကိုးရီးယားစစ်သည် ၃၀၀၀ ကျော် သေဆုံးဒဏ်ရာရ


    - ကာဇက်စတန်မှာ လေယာဉ်ပျက်ကျပြီး အနည်းဆုံး ၃၈ ဦးသေဆုံး


    - တိဗက်မှာ ကမ္ဘာ့အကြီးဆုံးဆည်ကို တရုတ်ဆောက်မယ်


    - ဆီးရီးယားမှာ အာဆတ်လိုလားသူ အဖွဲ့တွေကို နှိမ်နင်းဖမ်းဆီး


    - အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်


    - အာဂျင်တီးနားမှာ ခရစ်စမတ်အထိမ်းအမှတ် အိုးအိမ်မဲ့ပြည်သူတွေကို ညစာစားပွဲ ကျင်းပ


    - ဘရာဇီးမှာ ပြည်နယ်ချင်းဆက် တံတား ပြိုကျ


    - မသန်စွမ်းသူတွေ လမ်းလျှောက်နိုင်အောင်ကူမယ့် စက်ရုပ်ငယ်ကို တောင်ကိုးရီးယား တီထွင်


    စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။