
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ရေး-ထားဝယ်လမ်းပိုင်းကို အသုံးမပြုကြဖို့ တော်လှန်ရေးအဖွဲ့က သတိပေးထားတဲ့အကြောင်း
- လောင်းလုံးမှာ ကျောင်းသားတွေ လိုက်ပါလာတဲ့ အိမ်စီးကာ ပစ်ခတ်ခံရမှုမှာတာဝန်ရှိတယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က ဝန်ချတောင်းပန်ခဲ့တာ
- ၆ ရက်ဆက် ဈေးမဖွင့်နိုင်တဲ့ ထားဝယ် ရွှေဈေးကွက်အခြေအနေ
- တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို မနက်ဖြန် ဖွင့်တော့မယ်ဆိုတာ
- ထိုင်းနိုင်ငံရဲ့ နိုင်ငံအဆင့် အထက်တန်းကျောင်းသားသိပ္ပံပြိုင်ပွဲမှာ မွန်ကျောင်းသားတစ်ဦး ရွှေတံဆိပ်ဆုရသွားတဲ့အကြောင်း
- မန်ယူနည်းပြအလုပ် ကမ်းလှမ်းထားသူတွေ လက်မခံလို့ နည်းပြတန်ဟတ်ဂ်ကို ရာထူးက မထုတ်ပယ်နိုင်ဘဲဖြစ်နေတာ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇွန်လ ၂ ရက်နေ့ကနေ ဇွန်လ ၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၁ ရက်နေ့ကနေ ဇွန်လ ၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်က ရွှေဆိုင်ပိုင်ရှင်တွေကို သတ်မှတ်ဈေးအတိုင်းရောင်းဖို့ စစ်ကောင်စီက ခေါ်ယူခြိမ်းခြောက်တယ်ဆိုတဲ့အကြောင်း
- အန္တရာယ်ဖြစ်နိုင်တဲ့ စစ်လက်နက်အကြောင်း ပညာပေးပိုစတာတွေကို စာသင်ကျောင်းတွေမှာ စိုက်ထူဖို့လုပ်နေတဲ့သတင်း
- နှစ်လုံးထီပေါက်လို့ဆိုပြီး အမြီးနှစ်ခွတောက်တဲ့ကို ထိုင်းနိုင်ငံသားက ရွှေဆွဲကြိုးဆင်ပေးတဲ့သတင်း
- ထားဝယ်မှာ ရွှေဈေးမဖွင့်တဲ့အကြောင်းနဲ့ ထိုင်းဘတ်ဈေး
အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
လေးနှစ်ကြာမှ တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးရဲ့အုပ်စု(က)မှာ အိမ်ရှင် ဂျာမနီ၊ စကော့တလန်၊ ဟန်ဂေရီနဲ့ ဆွစ်ဇာလန်တို့ တစ်အုပ်စုတည်း ကျရောက်လို့ နေပါတယ်။
အိမ်ရှင် ဂျာမနီ ဟာ ခြေစစ်ပွဲ ဝင်စရာ မလိုခဲ့ပေမယ့် ခြေစမ်းပွဲ ကစားခဲ့တဲ့ ရလဒ်တွေအရတော့ အားရစရာ မဖြစ်ခဲ့ပါဘူး။
ဒါကြောင့်လည်း နည်းပြ ဟန်ဆီဖလစ်ခ်ကို ရာထူးက ဖယ်ရှားပြီး နာဂျယ်လ်မန်းစ် ကို အစားထိုးတဲ့အထိ ဖြစ်သွားခဲ့တာပါ။
နာဂျယ်လ်မန်းစ် ဟာ လူငယ်နည်းပြတစ်ယောက်ဖြစ်သလို လူငယ်ကစားသမားတွေကို ပိုပြီး နေရာပေးတတ်လေ့ ရှိပါတယ်။
ဝါရင့်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေအကြားမှာ ဟန်ချက်ညီတဲ့ ကစားဟန်တစ်ခုကို နာဂျယ်လ်မန်းစ် တည်ဆောက်ပြနိုင်မှပဲ ဂျာမနီက ကိုယ့်မြေ ကိုယ့်ပရိသတ်ရှေ့မှောက်မှာ မျက်နှာပန်းလှနိုင်ပါလိမ့်မယ်။
အုပ်စုကတော့ ဂျာမနီကို အုပ်စုဗိုလ်ဖြစ်အောင် ဖန်တီးပေးထားတဲ့အုပ်စုပါပဲ။ အုပ်စုတွင်း ပြိုင်ဘက်တွေထဲမှာ ဂျာမနီကို အခက်တွေ့အောင် လုပ်နိုင်လောက်တာက ဆွစ်ဇာလန် ပဲ ရှိပါတယ်။
စကော့တလန်နဲ့ ဟန်ဂေရီတို့ကတော့ အိမ်ဖြည့်အသင်းတွေပါ။ ပြိုင်ပွဲကြီးတွေမှာ ဒီနှစ်သင်းက သိပ်မစွံလှပါဘူး။
အုပ်စုရေးဆွဲထားမှုအရ ဂျာမနီဟာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ဆီ တက်လှမ်းလိမ့်မယ်လို့ ယူဆမိပါတယ်။
ဆွစ်ဇာလန်နဲ့ စကော့တလန်တို့က အုပ်စုဒုတိယနဲ့ အကောင်းဆုံး အုပ်စုတတိယနေရာရယူဖို့ အားပြိုင်ကြမှာပါ။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးနဲ့တန်းတူထားပြီး ပရိသတ်စိတ်ဝင်စားမှုမြင့်တက်လေ့ရှိတဲ့ နောက်ထပ် နိုင်ငံတကာဘောလုံးပြိုင်ပွဲကြီးကတော့ ယူရိုပြိုင်ပွဲပဲ ဖြစ်ပါတယ်။
လေးနှစ်ကြာမှ တစ်ကြိမ်စီ ကျင်းပလေ့ရှိတဲ့ ယူရိုပြိုင်ပွဲကြီးကို လက်ရှိ ၂၀၂၄ ခုနှစ်မှာ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတုန်းက တတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဂျာမနီဟာ အခုတစ်ကြိမ်မှာတော့ ချန်ပီယံဖြစ်ခွင့်ရနိုင်ဖို့အထိ ရည်မှန်းနေပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက် ဂျာမနီဟာ နိုင်ငံတကာအဆင့်အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေခဲ့တာ ၁၀ နှစ် ရှိလာခဲ့ပါပြီ။
ဇွန်လ ၁၄ ရက်နေ့ ရောက်ရင် ပြိုင်ပွဲစတင်မှာဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်နေ့ကိုရောက်ရင် ပြိုင်ပွဲကြီး ပြီးဆုံးမှာဖြစ်ပါတယ်။
ဂျာမနီနိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းကြီး ၁၀ ကွင်းမှာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးကို ကျင်းပသွားမှာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲကြီးကို Dawei Watch ပရိသတ်တွေအတွက် အထူးသုံးသပ်ချက်တွေနဲ့ တင်ဆက်ပေးသွားဖို့ စီစဉ်ထားပါတယ်။ စောင့်မျှော်ကြည့်ရှုပေးကြပါလို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မိဘရဲ့ရွှေဆိုင်မှာ ရွှေလုတဲ့သားဖြစ်သူ ပစ်သ တ်ခံရလို့သေဆုံးသွားတဲ့ ဖြစ်စဉ်တစ်ခု မြိတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့အကြောင်း
- အဖမ်းအဆီးများနေလို့ ထားဝယ်မှာ ရွှေဈေးမဖွင့်နိုင်ဘဲဖြစ်နေတာ
- ထားဝယ် ရန်ကုန်သွားလမ်းပိုင်း ကလိန်အောင်တံတားမှာ စစ်ကောင်စီက အင်းအားတိုးပြီး စစ်ဆေးတင်းကျပ်နေတဲ့အခြေအနေ
- စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ရေးမြို့က ကလေးငယ်သုံးဦးအပါအဝင် မိသားစုငါးဦး ဒဏ်ရာတဲ့အကြောင်း
- မွန်ပြည်နယ် ရေးမြို့က ပရဟိတအဖွဲ့ဝင်ငါးဦးကို စစ်ကောင်စီက ဖမ်းဆီးထားတဲ့အခြေအနေ
- ဂျူဗင်တပ်အသင်းက မြန်ပြည်ဖွား ချင်းဆယ်ကျော်သက် လူငယ်တစ်ဦးကို ခေါ်ယူလိုက်တာ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- လောင်းလုံးမှာ ကျောင်းအကြိုအပို့ကား အပစ်ခံရပြီး ၇ တန်းကျောင်းသားတစ်ဦး ဒဏ်ရာရသွားတဲ့သတင်း- တိုက်ပွဲပြင်းထန်ခဲ့တဲ့ သရက်ချောင်းမှာ အလောင်း ၁၀ လောင်းတွေ့ပြီး နေအိမ် ၅၀ ကျော်မီးရှို့ခံရတဲ့ အခြေအနေ - မြိတ်မြို့မှာ ညသန်းခေါင် စားသောက်ဆိုင် မီးလောင်တဲ့သတင်း- ထိုင်းမှာ ဗုဒ္ဓသားတော်ဝင်စားတယ်ဆိုပြီး ငွေရှာနေတဲ့မိဘကို ထိုင်းအာဏာပိုင်တွေက သတိပေးတားမြစ် လိုက်တဲ့အကြောင်း- ချင်းရိုင်-ဘန်ကောက်ပြေးဆွဲနေတဲ့ အဝေးပြေးကားတွေမှာ တရားမဝင်လိုက်လာတဲ့ မြန်မာနိုင်ငံသား ၉၁ဦး အဖမ်းခံရတဲ့ အကြောင်းအပါဝင် - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေးကွက် အခြေအနေစတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့ပေါ် စာသင်ကျောင်းပေါက်ကွဲမှု ကျောင်းသားတစ်ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရသွားအကြောင်း
- နှစ်ရက်အတွင်း ကံပေါက်ဒေသခံ၇ ဦး အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ချခံရတဲ့သတင်း
- ထိုင်းမှာ ကွန်ဒိုအခန်းရောင်းဝယ်သူတွေကိုဖမ်းပြီး ဘဏ်စာရင်းဖွင့်ရင်လည်း အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက် တဲ့ အကြောင်း
- စစ်ကောင်စီရဲ့ အဖမ်းအဆီးတွေကြောင့် ထားဝယ်မှာ အခေါက်ရွှေ အရောင်းရပ်ထားတဲ့ အခြေအနေ
- ထိုင်းကုန်စုံဆိုင်ပိုင်ရှင်ကို သတ်တယ်ဆိုတဲ့ မြန်မာတစ်ဦးကို ဖမ်းဆီးခဲ့တဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed