Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • အီတလီနဲ့ ဂျာမနီပဲ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားလိမ့်မယ်

    ယူရို ၂၀၂၄ ပြိုင်ပွဲကြီးရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေကို အစပြုပါပြီ။


    ဒီညမှာတော့ နာမည်ကြီးအသင်းတွေဖြစ်ကြတဲ့ လက်ရှိချန်ပီယံ အီတလီ၊ အိမ်ရှင် ဂျာမနီတို့ရဲ့ ပွဲတွေကို စတင်ရှုစားရတော့မှာပါ။


    ဂျာမနီနဲ့ ဒိန်းမတ် ပွဲစဉ်ကတော့ ပိုပြီး အကြိတ်အနယ်ဖြစ်လာဖို့ ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်ဟာ စိတ်မကျေပွဲသဘောမျိုးတောင် ဖြစ်လာပါလိမ့်မယ်။


    အီတလီနဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲစဉ်ကို မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဂျာမနီနဲ့ ဒိန်းမတ်တို့ရဲ့ ပွဲစဉ်ကိုတော့ ညသန်းခေါင်ယံကျော်လို့ နောက်တစ်နေ့မနက်ကို ကူးတဲ့ မနက် ၁ နာရီခွဲမှာ ကျင်းပမှာပါ။


    ဘယ်အသင်းတွေက ရလဒ်ကောင်းတွေ ရယူပြီး နောက်တစ်ဆင့်ဆီကို ဆက်လက် တက်လှမ်းသွားလေမလဲ။

    4 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၂၂ ရက်နေ့ကနေ ဇွန်လ ၂၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • ဇွန်လ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်တဲ့သတင်း- ကော့သောင်းမှာ MPT ဖုန်းလိုင်းပြတ်တောက်မှု တစ်ပတ်ကျော်ကြာလာတဲ့အကြောင်း- ရေးမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရတဲ့သတင်း- ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၂၅ ဦး ဖမ်းဆီးခံရတဲ့သတင်းစတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ဇွန်လ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့ပေါ်စာသင်ကျောင်းအနီးမှာ ဗုံးတွေ့လို့ ရှင်းလင်းလိုက်တဲ့အကြောင်း


    - ထောင်ချီရှိတဲ့ ရာဖူးရွာစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေလိုအပ်နေတဲ့အခြေအနေ


    - ရေဖြူမြို့နယ်က ဇာဒီရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ရက်ဆက်ပစ်ခတ်နေသလို အင်တာနက်လည်း ဖြတ်တောက်ခံထားရတာ


    - မွန်ပြည်နယ် ကျိုက်ထိုဒေသခံတွေလည်း စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ထွက်ပြေးနေကြရပါတယ်။


    - ထားဝယ်မြို့မှာ ရွှေရောင်းသူထက် ပေါင်တဲ့သူက ပိုများလာနေတဲ့အကြောင်း


    - ရှမ်းမြောက်တကျော့ပြန်တိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းယူထားတယ်လို့ တအာင်းတပ်က ထုတ်ပြန်လိုက်တာ


    - နောင်ချိုမြို့ကို အပြည့်အဝထိန်းချုပ်ထားတယ်လို့ မန္တ‌လေး PDF က ထုတ်ပြန်လိုက်တဲ့အကြောင်း


    - ရှမ်းမြောက် တကျော့ပြန်တိုက်ပွဲတွေပြင်းထန်လာနေချိန် သမ္မတဟောင်းဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်ထွက်ပေါ်လာတာ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • ဇွန်လ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - အာဏာသိမ်းပြီး ရက်တစ်ထောင်အတွင်း ထားဝယ်မုန့်လက်သုပ် ဈေးနှစ်ဆတက်သွားတဲ့အကြောင်း


    - မြိတ်မှာ ခိုးမှု အလစ်သုတ်မှု ဆက်တိုက်ဖြစ်နေတဲ့သတင်း


    - ရေဖြူမြို့နယ် မျောက်ချောရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားအချို့ ပြန်ဆုတ်သွားတဲ့သတင်း


    - မန္တလေးက အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးရိုက်နှက်ခံရလို့ သေဆုံးသွားတဲ့အကြောင်း


    - မောင်တောက စားနပ်ရိက္ခာသိုလှောင်ရုံ ဖောက်ထွင်းမီးရှို့ခံရတဲ့အပေါ် ကုလ စားနပ်ရိက္ခာအစီအစဥ်က အပြင်းအထန်ရှုတ်ချလိုက်တဲ့သတင်း အပါအဝင်


    - မြန်မာပြည်သူ ၄၂ သန်း ဆင်းရဲမွဲတေမှုနဲ့ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်လိုက်တာ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    11 min
  • ဇွန်လ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စွန့်ခွာသွားတဲ့ ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးလာတဲ့ စစ်ကောင်စီတပ် လမ်းတစ်လျှောက်တိုက်ခိုက်ခံရတဲ့ အကြောင်း


    - တိုင်းအတွင်း စစ်ရေးပြင်းထန်တဲ့ဒေသတွေမှာ လယ်ယာနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေ မလုပ်နိုင်ဘဲပစ်ထားရတဲ့အကြောင်း


    - ကော့သောင်းမြို့မှာ မြေပြိုလို့ အမျိုးသမီးတစ်ဦးသေဆုံးသွားတာ


    - ရေဖြူ ဇာဒီရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာသားတွေ တိမ်းရှောင်နေရတဲ့အခြေအနေ


    - အပစ်ရပ်ထားခဲ့တဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ တစ်ကျော့ပြန် ပြန်ဖြစ်လာတဲ့သတင်း


    - မြန်မာလုပ်သားတွေရဲ့ ထိုင်းဘဏ်အကောင့်တွေ အလွဲသုံးစား လုပ်ခံရတာများလာတဲ့အကြောင်း


    - မြန်မာတွေ တရားမဝင်လိုက်ပါလာတဲ့ကားက ဆိုင်ကယ်နဲ့တိုက်မိပြီး မြန်မာငါးဦး အဖမ်းခံရတဲ့အကြောင်း အပါအဝင်


    - ဈေးမဖွင့်တာ ရက် ၂၁ ရှိပြီဖြစ်တဲ့ ထားဝယ်ရွှေဈေးကွက်


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    12 min
  • ဇွန်လ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ရော်ဘာသယ်ခွင့် အထောက်အထား ၁၀ကျော်တောင်းပြီး စစ်ကောင်စီကတင်းကျပ်လိုက်တဲ့အကြောင်း


    - ရပ်နားထားတဲ့ ရေဖြူမြို့နယ်က သတ္တုလုပ်ကွက်တွေကို စစ်ကောင်စီရေတပ်နဲ့ ပူးပေါင်းပြီး ပြန်စဖို့ပြင်နေတဲ့အခြေအနေ


    - မောရဝတီရေတပ်ကဖမ်းသွားတဲ့ ဖောင်းတောရွာက ဒေသခံလေးဦး ငါးရက်ကြာတဲ့အထိပြန်မလွတ်သေးတဲ့အကြောင်း


    - မြိတ်မြို့က ဒိုင်နမိုပြင်ဆိုင် မီးလောင်ခဲ့တဲ့သတင်း


    - အာဏာသိမ်းဂယက်ကြောင့် လည်ပတ်သူမဲ့နေတဲ့ တောကျဲရေတံခွန်ရဲ့ အခြေအနေ

    - ဈေးမဖွင့်တာ ရက် ၂၀ ရှိပြီဖြစ်တဲ့ ထားဝယ်ရွှေဈေးကွက်


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇွန်လ ၁၆ ရက်နေ့ကနေ ဇွန်လ ၂၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    10 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇွန်လ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    13 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၁၅ ရက်နေ့ကနေ ဇွန်လ ၂၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။