Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ဇူလိုင်လ ၁၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးမြို့နယ် သဗျာကျေးရွာက ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကို စစ်ကာင်စီက ပစ်သ-တ်လိုက်တဲ့အကြောင်း


    - ပုလောမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တဲ့အခြေအနေ


    - ထားဝယ်တက္ကသိုလ်ဓမ္မာရုံအတွက် စီးပွားရေးလုပ်ငန်းရှင်တွေ ကျပ်သိန်းပေါင်း နှစ်ထောင်နီးပါး စစ်ကောင်စီကို ထည့်ဝင်ခဲ့ကြရတာ


    - နောင်ချိုမြို့ကို တအာင်းတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူလိုက်တဲ့အကြောင်း


    - ဘန်ကောက်မှာ ကိုယ်ဝန်ဖျက်ချပြီး စွန့်ပစ်ခဲ့တဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦး အဖမ်းခံလိုက်ရတဲ့အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ဇူလိုင်လ ၁၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ရေဖြူမြို့နယ် ဇာဒီရွာမှာ နေအိမ်နှစ်လုံး ဖြိုချဖျက်ဆီးခံရတဲ့သတင်း


    - က‌လိန်အောင်တံတားကြီးဂိတ်မှာ အမျိုးသားခရီးသွားတချို့ ရိုက်နှက်စစ်ဆေးခံ နေရတဲ့အခြေအနေ


    - ပုလောက စစ်ကောင်စီတပ်စခန်းတွေ တစ်ပတ်အတွင်း လေးရက် တိုက်ခိုက်ခံရတဲ့အခြေအနေ


    - တိုင်းစစ်ဌာန(တနင်္သာရီ)၊ ဗျူဟာ ၃၅ နယ် မြေမှာအခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်တဲ့အကြောင်း


    - ချင်းမိုင်မှာ မြန်မာစစ်ဘေးရှောင်ရန်ပုံငွေအတွက် ‘အိမ်’ အနုပညာပြပွဲကျင်းပတဲ့သတင်း နဲ့အတူ


    - ထိုင်းနိုင်ငံအတွင်း တရားမဝင်လာတဲ့ မြန်မာ ၁၆ ဦး အဖမ်းခံလိုက်ရတဲ့ သတင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • The Sheronies of Tavoy - ထားဝယ်နှင်းဆီ [အခန်း (၄)]

    ၁၉၃၆ ခုနှစ်။ ကောလိပ်ကျောင်းသား၊ သူဌေးသား လောင်းကစားမက်သော ကျော်ဆွေ။ ဒို့ဗမာ အစည်းအရုံးဝင် အမာ။ ထိုသို့ဖြင့် ရီရီနှင့် ကြည်ကြည်တို့ အသွင်မတူသော ဝဲဩဃ အတွင်း ရောက်သွားခဲ့သည်။

    16 min
  • ဇူလိုင်လ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့မှာ ဝမ်းပျက်၊ဝမ်း‌လျှော အဖြစ်များ နေတဲ့သတင်း


    - သဲပုံတောင် စစ်ကောင်စီစခန်းက လက်နက်ကြီးပစ်လို့ ရွာသားတွေ ထွက်ပြေးနေရတဲ့အခြေအနေ


    - ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့ကဖမ်းထားတဲ့ Nom CDM ဆရာမ ငါးဦး ခံဝန်နဲ့ပြန်လွတ်လာတာ


    - ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်တဲ့ ၁၂ နှစ်ပြည့်အခမ်းအနားကျင်းပတာ


    - မွန်ပြည်နယ် ရေးမြို့နယ်ရှိ မော့ကနင်းရွာကအမျိုးသမီးပစ်သတ်ခံရတဲ့သတင်း


    - တရုတ်နှစ်သစ်ကူးနေ့ နဲ့ ဇန်နဝါရီ ၁ ရက်နေ့ကို စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်လိုက်တာ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • The Sheronies of Tavoy - ထားဝယ်နှင်းဆီ [အခန်း (၃)]

    စစ်တပ်ဗိုလ်ကြီး စိုးမင်း သမဂ္ဂခေါင်းဆောင် ရီရီကို မေးလိုက်သည်။
    “ကျော်တင့်စခန်း ဘယ်မှာလဲ”
    - - -
    မိုးကြည်တို့ စခန်း ဝင်စီးခံရတဲ့သတင်း။ မိုးကြည်ရှာပုံတော် ခရီးဖြင့် ထားဝယ်ရောက်လာသော ဗိုလ်ကြည်ကြည်ဆွေ။

    15 min
  • မန်ယူ အက်ဖ်အေဖလား ချန်ပီယံဖြစ်တဲ့နှစ်မှာ ယူရိုပြိုင်ပွဲရှိရင် တစ်ခုခု ထူးတယ်ဆိုတဲ့သီအိုရီ မှန်နေပြီ

    မန်ယူအသင်းက အက်ဖ်အေဖလား ချန်ပီယံဖြစ်တဲ့နှစ်မှာ ယူရိုပြိုင်ပွဲကြီးရှိနေပြီဆိုရင် အဲ့ဒီယူရိုပြိုင်ပွဲဟာ တစ်ခုခု ထူးခြားတယ်ဆိုတဲ့သီအိုရီဟာ လုံးဝကို မှန်ကန်နေပါပြီ။
    ပထမတစ်ချက်က အက်ဖ်အေဖလားပြိုင်ပွဲမှာ မန်ယူက ချန်ပီယံဆုဖလား ရရှိတဲ့နှစ်ဟာ ယူရိုပြိုင်ပွဲကြီးရှိတဲ့နှစ်နဲ့ တိုက်ဆိုင်နေရင် အိမ်ရှင်အသင်းကို အနိုင်ရတဲ့အသင်း ချန်ပီယံဖြစ်တတ်တာပါပဲ။
    ဒါဆို စပိန် ချန်ပီယံဖြစ်တော့မလားလို့ တွေးဆစရာ ရှိလာပါပြီ။ နောက်တစ်ခုက မန်ယူ အက်ဖ်အေဖလားဆွတ်ခူးတဲ့နှစ်မှာ ယူရိုပြိုင်ပွဲကြီးရှိရင် ချန်ပီယံဖြစ်တဲ့အသင်းက ထူးခြားချက်တွေနဲ့ ပြည့်နှက်နေတတ်တာပါပဲ။
    ဒီအကြောင်းတွေကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

    6 min
  • ဇူလိုင်လ ၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ခေါင်ပြန်ရွာမှာ စစ်တပ်ဖမ်းသွားတဲ့ မိသားစုဝင်သုံးဦးပြန်လွတ်လာတဲ့သတင်း


    - ၆၇ နှစ်မြောက် ကျောင်းသားအရေးတော်ပုံ အခမ်းနား လောင်းလုံးမှာ ကျင်းပတဲ့ အကြောင်း


    - တနင်္သာရီမြို့နယ်တိုက်ပွဲမှာ တောင်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့တာ


    - ရခိုင်မှာသံတွဲမြို့သိမ်းတိုက်ပွဲအပြင်းဆုံးနဲ့ အမြင့်ဆုံးဖြစ်နေတဲ့အခြေအနေ


    - မြန်မာ့လက်‌ဝှေ့ကျော် စိုးလင်းဦး ထိုင်းဖိုင်တာ ပွန်ဆိရိကို အလဲထိုးအနိုင်ယူလိုက်တဲ့သတင်း


    - လုပ်ငန်းခွင်ဒါဏ်ရာရတဲ့ အလုပ်သမားကို ဆေးကုသစရိတ်မပေးပဲပစ်ထားတဲ့ ထိုင်းအလုပ်ရှင်ကို အမှုဖွင့်ထားတဲ့သတင်း အပါဝင်


    - ဘန်ကောက်မြို့က တရုတ်တန်းမီးလောင်တဲ့ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    11 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • The Sheronies of Taboy (ထားဝယ်နှင်းဆီ) အခန်း (၂)

    အမေရိကန်အမျိုးသမီး စစ်သင်တန်းဆင်း ဗိုလ်ကြည်ကြည်ဆွေ အမိမြေကို ပြန်ရောက်၊ မြန်မာနိုင်ငံတွင် ဖဆပလ နှစ်ခြမ်းကွဲပြီး နိုင်ငံရေးမိုးသက်မုန်တိုင်း စချိန်။ ထားဝယ်က ရောက်လာသည့် စာတစ်စောင်၊ စစ်တပ် ဗိုလ်ကြည်ကြည်ဆွေအတွက် မထင်မှတ်သော အချိုးအကွေ့များ စတင်မည့် ခရီး။

    12 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇွန်လ ၃၀ ရက်ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    13 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။