Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

    အင်္ဂလန်နဲ့ နယ်သာလန် ဆုံတွေ့တဲ့ ဆီမီးဖိုင်နယ် ဖြစ်လာနိုင်တယ်

    ************


    ယူရို ၂၀၂၄ ပြိုင်ပွဲကြီးရဲ့ ကွာတားဖိုင်နယ်အဆင့် ဒုတိယမြောက်နေ့ကို ရောက်ရှိလို့လာခဲ့ပါပြီ။


    ဒီနေ့မှာတော့ အင်္ဂလန်နဲ့ ဆွစ်ဇာလန်၊ နယ်သာလန်နဲ့ တူရကီ တို့ ယှဉ်ပြိုင်ရမှာပါ။


    နာမည်ကြီး အင်္ဂလန် ဟာ ဘယ်လိုအလွဲအချော်တွေ လုပ်ပြလေဦးမလဲ၊ ပရိသတ်တွေကို ဘယ်လို စိတ်နာကျင်စရာတွေ ပေးလေဦးမလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။


    အင်္ဂလန်နဲ့ ဆွစ်ဇာလန်တို့က မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး နယ်သာလန်နဲ့ တူရကီတို့ရဲ့ ပွဲစဉ်ကတော့ နောက်တစ်နေ့ကူးလို့ မနက် ၁ နာရီခွဲရောက်ချိန်မှာ အားပြိုင်ရမှာပါ။


    ဘယ်အသင်းတွေက ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားလေမလဲ။

    5 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • ဇူလိုင်လ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- သရက်ချောင်းက သံဃာတော်တွေ စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်ခဲ့ကြတဲ့အကြောင်း- ထားဝယ်မှာ အင်္ကျီတံဆိပ်ရိုက်လုပ်ငန်းတွေ အလုပ်ပါးနေတဲ့ သတင်း- စစ်ကောင်စီတပ် ဖမ်းသွားသည့် ခေါင်ပြန်ရွာသား သုံးဦးရဲ့အလောင်းထပ်တွေ့တဲ့သတင်း- ကျိုက်မရော ပျားတောင်ဒေသခံထောင်ချီ ထပ်မံထွက်ပြေးနေရတဲ့အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    5 min
  • ထားဝယ်နှင်းဆီ - အခန်း (၁)

    မိုးရာသီ အတို့အမြုပ်စားစရာ ထွက်ရှာတဲ့ မိုးကြည်တို့ ကလေး တစ်သိုက်။ ဝုန်းဆိုပြီး အသံကြားလိုက်သည်။ သေချာပြီ မိုးကြည်တို့ စခန်းကို စစ်တပ်က ဝင်တိုက်လေပြီ။


    ဖဆပလက ကွန်မြူနစ်ပါတီကို မတရားအသင်း ကြေညာလိုက်ချိန် တနင်္သာရီတိုင်းမှ ပါတီဝင်များလည်း တောခိုသွားကြသည်။ စစ်တပ်က အမျိုးသမီး စခန်းများဆီ ဦးတည်တိုက်ခိုက်လာချိန်၊ သရက်ချောင်း သံခွချောင်းဖျားက စခန်းကို ဝင်စီးသည်။ မိုးကြည် အမေပါအဝင် အမျိုးသမီးအဖွဲ့ဝင်များ မည်သို့ တုံ့ပြန်ကြမည်နည်း။ ဘာဖြစ်ကြမည်နည်း။

    13 min
  • ဇူလိုင်လ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - သရက်ချောင်းက Non CDM ဆရာမ ငါးဦးကို ပကဖအဖွဲ့က ဖမ်းဆီးခဲ့တဲ့အကြောင်း


    - စစ်ကောင်စီကဖမ်းသွားတဲ့ ခေါင်းပြန်ရွာသားတစ်ဦး သေဆုံးလျက်ပြန်တွေ့ခဲ့တဲ့အခြေအနေ


    - ထားဝယ်မီတာခ ကြွေးကျန်တွေ နောက်ဆုတ်မပေးတော့ဘဲ မီးဖြတ်တော့မယ်လို့ ကုမ္ပဏီက ထုတ်ပြန်လိုက်တာ


    - မလေးရှားသွားမယ့် မြန်မာတွေ ထိုင်းတောင်ပိုင်းတစ်နေရာမှာ အဖမ်းခံလိုက်ရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ဇူလိုင်လ ၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်အထူးစီးပွားရေးဇုန်ဒေသက နှစ်ဖက်တိုက်ပွဲအတွင်း PDF ငါးဦးသေဆုံးသွားတဲ့ သတင်း


    - အရင်လက စစ်ကောင်စီတပ်ဖမ်းဆီးခဲ့တဲ့ ဖောင်းတောဒေသခံလေးဦးထဲက သုံးဦးပြန်လွတ်လာတဲ့အကြောင်း


    - တိုက်ပွဲမဖြစ်ဘဲ တနင်္သာရီနဲ့ကျွန်းစုက ရွာတွေကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ဗုံးကြဲတဲ့သတင်း


    - စစ်ကောင်စီက ဖိအားပေး အရေးယူတာတွေရှိလာလို့ ထိုင်းနိုင်ငံက ကွန်ဒိုဈေးကွက် ထိခိုက်တဲ့အကြောင်းအပါအဝင်


    - ဒီနေ့ ရွှေ ဈေးကွက်နဲ့ ဘတ်ဈေး အတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ဇူလိုင်လ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲ‌ရှောင်ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ အခြေအနေ
    - ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီတပ်က ရွာလူထုအသုံးပြုတဲ့ လမ်းပေါ်အထိ မိုင်းထောင်လာတဲ့သတင်း
    - ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ကို စစ်ကောင်စီဖမ်းဆီးခဲ့တဲ့အကြောင်း
    - ထားဝယ်ဒေသရှိ စစ်ဘေးရှောင်တွေအတွက် ဆန်အိတ်တစ်ရာ ရိက္ခာစုဘူး ကမ်ပိန်းလုပ်နေတဲ့အခြေအနေ
    - ဧရာဝတီ၊ ရိုးမ၊ ယူအေဘီအပါအဝင် ဘဏ်၇ခုက တာဝန်ရှိသူတွေကိုအရေးယူမယ်လို့ စစ်ကောင်စီကြေညာတဲ့အကြောင်း
    - ရွေးကောက်ပွဲတုန်းက ရခိုင်မှာ အများဆုံးအနိုင်ရတဲ့ ANP ပါတီမှတ်ပုံတင်ခွင့်ငြင်းပယ်ခံရတဲ့အကြောင်း အပါအဝင်
    - မွန်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင်ကျော်အထိ ရှိလာတဲ့အကြောင်း
    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    11 min
  • ဇူလိုင်လ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ထားဝယ်ကသံဃာတော်တွေ စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်တဲ့အကြောင်း

    - တနင်္သာရီမြစ်ဘေးက ကျောက်လုံးကြီးစခန်းမှာ စစ်ကောင်စီတပ်သားတွေ ပြန်လာပြီးတပ်စွဲထားတဲ့ သတင်း

    - ကျိုက်ထိုက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်လိုက်တဲ့အကြောင်း

    - မတူပီမြို့ကို ချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့အခြေအနေ

    - မြိတ်မှာ သစ်သီးဈေးနှုန်း အဆမတန်မြင့်နေလို့ ရောင်းအားကျနေတဲ့အကြောင်း

    - မိုးသည်းလို့ မြစ်ကြီးနားမှာရေကြီးနေပြီး မြို့နယ်ခြောက်ခုကို ရေဘေးသတိပေးချက်ထုတ်ပြန်ထားတဲ့အခြေအနေ အပါအဝင်

    - CI စခန်းတွေ ပိတ်မယ်လို့ ထိုင်းဘက်ကထုတ်ပြန်ထားပေမယ့် မြန်မာဘက်က မညွှန်ကြားသေးတဲ့အကြောင်း

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

     

    10 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။

    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇွန်လ ၂၃ ရက်နေ့ကနေ ဇွန်လ ၂၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။

    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇွန်လ ၂၃ ရက်ကနေ ၂၉ ရက်နေ့အထိ )

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    14 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။