Sign up to save your podcasts
Or

အခုတစ်ပတ်မှာလည်း ဘောလုံးပွဲစဉ်ကောင်းတွေ အများအပြားရှိလို့နေပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့ အားပြိုင်မယ့်ပွဲကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်လို့နေမှာပါ။
မန်ယူနဲ့ အဲဗာတန်တို့ရဲ့ပွဲစဉ်ကလည်း ကြည့်ကောင်းနိုင်ပါတယ်။ အဲဗာတန်ဟာ တကယ့် အကျပ်အတည်းအချိန်တွေမှာတောင် အသင်းကြီးတွေကို နင်လားငါလား ခံကန်ခဲ့တဲ့အသင်းပါ။
မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့နေချိန်မှာ အာဆင်နယ်က အကျိုးအမြတ်ဖြစ်ထွန်းတာတွေ ရှိလာနိုင်လေမလားဆိုတာကလည်း စောင့်ကြည့်ချင်စရာပါပဲ။
အခုတစ်ပတ်ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ်လ ၂ ရက်နေ့ကနေ မတ်လ ၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မေတ္တာမြို့က နေအိမ်ငါးလုံးပျက်စီးခဲ့တဲ့သတင်း
- မလွှဲတောင် စစ်ဆေးရေးဂိတ်ဖြတ်သန်းချိန်ကို စစ်ကောင်စီက လျော့ချကန့်သတ်ထားတဲ့အကြောင်း
- နယ်မြေစိုးမိုးရေးလုပ်နေတဲ့ PDF တပ်နဲ့ စစ်ကောင်စီတပ်တို့ ပုလောက စပူပြင်ရွာမှာ တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း
- ထိုင်းက MoU လုပ်သားတွေကို အလုပ်ရှင်ဘက်က လုပ်ခလစာအချိန်မီမရှင်းပေးလို့ တိုင်ကြားထားတဲ့အကြောင်း အပါအဝင်
- သိန်းလေးဆယ်ကျော်လာတဲ့ ရွှေဈေးသတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လုံခြုံရေးအခြေအနေကြောင့် ထားဝယ်တက္ကသိုလ်စာမေးပွဲ မြို့ထဲပြောင်းကျင်းပနေရတဲ့အကြောင်း
- ထားဝယ်မြို့အနီး မောင်မယ်ရှောင်ရွာက ဒေသခံတွေအားလုံးနီးပါး ရွာကိုစွန့်ခွာထွက်ပြေးနေကြရတဲ့အခြေအနေ
- KIA တပ်က ဒီကနေ့မှာပဲ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်မျက်နှာအသစ်ဖွင့်လိုက်တာ
- ရခိုင်တပ်တွေကလည်း မြို့တော်စစ်တွေမြို့အနီးအထိ ရောက်ရှိလာနေတဲ့အကြောင်း
- ကျပ်သိန်း ၄၀ အထိရောက်လာတဲ့ ထားဝယ်ရွှေဈေးကွက်အခြေအနေ
- ကျိုက်ထိုမြို့မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ညီဖြစ်သူကိုပစ်ခတ်တာဖြစ်ပေမယ့် အစ်ကိုထိမှန်ပြီး သေဆုံးသွားတာ
- လုပ်အားခ ဘတ်ကိုးသိန်းကျော် မရှင်းပေးတဲ့ အလုပ်ရှင်ကို မြန်မာအလုပ်သမားတွေ တိုင်ကြားလိုက်တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်အရှေ့တောက မေတ္တာမြို့တစ်ဝိုက် လေကြောင်းနဲ့ ဒီကနေ့ ဗုံးထပ်ကြဲတဲ့အကြောင်း
- ရေဖြူအခြေစိုက် ဝေဟင်တပ်ဖွဲ့က ရဲဘော်တွေ ကို နှုတ်ထွက်ခွင့်ပြုလိုက်တာ
- ရှမ်းမြောက်က မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာတဲ့အပေါ် မြောင်ပိုင်းညီနောင်က ဟိုင်ဂင်သဘောတူညီချက်ကို ခက်ခဲစေနိုင်တယ်လို့ ထုတ်ပြန်တာ
- ထိုင်းမှာတရားမဝင်မြန်မာလုပ်သား နှစ်ဖမ်းဆီးခံရတာနဲ့
- ဒီကနေ့ ရွှေနဲ့ ဘတ်ဈေးကွက်အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်တပ် AA က ဒီကနေ့မှာ ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်လိုက်တဲ့အကြောင်း
- စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သရက်ချောင်းမှာ အမျိုးသမီးတစ်ဦးသေဆုံးသွားတာ
- မိန်းမနဲ့ရန်ဖြစ်ပြီး လိင်အင်္ဂါကို ကိုယ်တိုင်လှီးဖြတ်ခဲ့တဲ့ ကံပေါက်ဒေသခံလင်မယားဖြစ်စဉ်
- ထိုင်းကို ခိုးဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၀ အဖမ်းခံလိုက်ရတာ
- ရွှေ၊ ဘတ်နဲ့ စက်သုံးဆီဈေးကွက်သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
တောင်ထားဝယ်ဗိုလ်လေးဟာ မင်းတုန်းမင်းကြီး အားထားရတဲ့ ကိုယ်ရံတော် အမှုထမ်းတစ်ယောက်ဖြစ်ခဲ့ပြီး အဝေးမြို့ရွာများကို ထောက်လှမ်းရတဲ့ အဖွဲ့ထဲက အထောက်တော် တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တောင်သမန်အင်း ဝန်းကျင်က တောင်ထားဝယ်ဗိုလ် အုတ်ဂူအကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းထဲ လက်နက်ကြီးကျလို့ နှစ်ဦး ဒဏ်ရာရသွားတဲ့ အကြောင်း
- ထားဝယ်က ဇဟာရွာထဲ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦးအပါဝင်နှစ်ဦး ဒဏ်ရာရသွားတဲ့အခြေအနေ
- စစ်ကောင်စီတပ်ကပစ်လို့ အာရုဏ်ဆွမ်းကပ်ပြီးပြန်လာတဲ့ ရလိုင်ရွာသားတစ်ဦး ဒဏ်ရာရသွားတဲ့အကြောင်း
- စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တဲ့ ရလိုင်ရွာသားနှစ်ဦး ခြောက်ရက်ကြာတဲ့အထိ အဆက်အသွယ်မရဘဲဖြစ်နေတာ
- မေတ္တာမြို့ဝန်းကျင်ကို စစ်ကောင်စီလေတပ်က သုံးကြိမ်တိုင်တိုင် ဗုံးကြဲခဲ့တဲ့အခြေအနေ
- ရခိုင်က မွတ်ဆလင်အသိုင်းအဝိုင်းကို အဓမ္မစစ်မှုထမ်းခိုင်းတာက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်လိုက်တဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့
တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ တစ်ပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
From the publisher's feed