Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

    အခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်မှာ ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးနဲ့ မန်ယူတို့ ထိပ်တိုက်တွေ့နေတဲ့ မန်ချက်စတာဒါဘီပွဲစဉ် ရှိနေပါတယ်။


    အာဆင်နယ်နဲ့ လီဗာပူးတို့က ပွဲချောင်နေသလို ချယ်လ်ဆီးကလည်း အဝေးကွင်းဆီ သွားကစားရမှာဖြစ်သည့်တိုင် အမှားအယွင်း ကြီးကြီးမားမား မလုပ်ဘူးဆိုရင် ရလဒ်ကောင်းတစ်ခု ရရှိနိုင်မှာပါ။


    ဒီတစ်ပတ် ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲကောင်းတွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

    5 min
  • မတ်လ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - တိုက်ပွဲပြင်းထန်ခဲ့တဲ့ ထားဝယ်အရှေ့တောဒေသက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေတဲ့အကြောင်း


    - ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာ၊ ဆရာမတွေအဖမ်းခံရပြီးနောက် ရေဖြူအနောက်ကမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့သတင်း


    - မြိတ်ထောင်က အကျဥ်းသားတွေကို ကော့သောင်းထောင်ကို ထပ်မံပြောင်းရွှေ့တဲ့သတင်း


    - ပတ်ဝန်းကျင်ထိခိုက်နိုင်တဲ့ ကျွန်းစုရေအားလျှပ်စစ်လုပ်ငန်း အဆင့်မြှင့်ဖို့ စစ်ကောင်စီကြိုးပမ်းနေတဲ့အကြောင်း


    - မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ နှစ်ရက်ကြာဆွေးနွေးပွဲကို ဘန်ကောက်မှာ ကျင်းပမယ့်အကြောင်း အပါအဝင်


    - ရန်ကုန်မြစ်ထဲက စစ်ကောင်စီရဲ့ လေယာဉ်ဆီတင်တဲ့ သင်္ဘောတစ်စီး မီးလောင်ပျက်စီးခဲ့တဲ့သတင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ဖေဖော်ဝါရီလ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာသုံးဦးကို ဗထူးတပ်က ဖမ်းဆီးပြီးနောက် ကျောင်းပြောင်းဖွင့်လိုက်တဲ့အကြောင်း


    - တနင်္သာရီနဲ့ ပလမြို့မှာ လက်နက်ကြီးထိမှန်လို့ အရပ်သားသေဆုံးမှုရှိတဲ့အခြေအနေ


    - ထားဝယ်မှာ မိုင်းနင်းမိပြီးသေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့တာ


    - မကွေးတိုင်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးပျက်ကျခဲ့တဲ့အကြောင်း


    - ရခိုင်ပြည်နယ် စစ်တွေမြို့မဈေးထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူတစ်ဆယ်ကျော်သေဆုံးခဲ့တာ


    - ရွှေဈေးကွက်


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    5 min
  • ဖေဖော်ဝါရီလ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းအုပ်အပါအဝင် သုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းလိုက်တဲ့အကြောင်း


    - ရန်ကုန်က အထူးကုဆရာဝန်ကြီးတွေ ထားဝယ်ဆေးရုံကြီးမှာ အခမဲ့ဆေးကုမယ့်အကြောင်း


    - ထားဝယ်အရှေ့တောမှာ စရဖသုံးဦးနဲ့ အခြားဝန်ထမ်းသုံးဦး KNLA ဆီ လာရောက်ခိုလှုံတဲ့အကြောင်း


    - တနင်္သာရီမြို့နယ် ရမ်းဖိုရွာနားမှာ စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲခံရတဲ့အကြောင်း


    - ရခိုင်ပြည်နယ် မင်းပြားက အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို AA က သိမ်းလိုက်တဲ့အကြောင်း အပါအဝင်


    - ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က မိုးကောင်းတံတား ဖောက်ခွဲဖျက်ဆီးခံရတာ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဖေဖော်ဝါရီလ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တိုက်ပွဲပြင်းထန်တဲ့ ထားဝယ်အရှေ့တောကို စစ်ကောင်စီလေတပ်က တစ်ရက်အတွင်းနှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်တဲ့ အကြောင်း


    - ထားဝယ်အရှေ့တောမှာ KNLAနဲ့ ကော်သူးလေတပ်သားအချို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာ


    - ထားဝယ်ပန်းချီဆရာတွေရဲ့ ပုဂံပန်းချီကားတွေကို ထားဝယ်မှာ ပြပွဲလုပ်နေတဲ့အကြောင်း


    - ရာသီအစ ထားဝယ်မှာ သီဟိုစေ့တွေ ဈေးကောင်းရနေတဲ့အကြောင်း


    - မင်းပြားမြိုနယ်က မင်းဖူးဆေးရုံကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ အခြေအနေ


    - ထိုင်းနိုင်ငံအတွင်း စစ်ကောင်စီကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထိန်းချုပ်သွားမယ်လို့ ကာကွယ်ရေး ဝန်ကြီး ပြောဆိုလိုက်တဲ့သတင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဖေဖော်ဝါရီလ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်အရှေ့တောမှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့အကြောင်း


    - တနင်္သာရီနဲ့ မွန်ပြည်နယ်အစပ်က မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ပထမဆုံးအကြိမ် ဗုံးချတိုက်ခိုက်တဲ့အကြောင်း


    - ရမ်းဗြဲမြို့ကို ရဟတ်ယာဉ်တွေနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေ အထိအခိုက်များနေတဲ့အခြေအနေ


    - မြန်မာစစ်ရှောင်တွေကို ရက်ပိုင်းအတွင်းကူညီနိုင်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တဲ့ အကြောင်း


    - ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ်က ထိုင်းလက်ဝှေ့မယ်ကို ရှုံးနိမ့်သွားတဲ့အကြောင်း


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • မြိတ်လေယာဉ်ပြန်ပေးဆွဲမှုကြီး

    လေယာဉ်ပြန်ပေးဆွဲသွားသော ရဲရင့်နှင့်ရဲသီဟတို့နှစ်ဦးကို ဓားစာခံမိသားစုဝင်များနှင့် နဝတ အာဏာပိုင်များမှအပ မြို့သူမြို့သား အားလုံးလိုလိုက သူရဲကောင်းများဟု မသတ်မှတ်တာတောင်အကြမ်းဖက်သမားများဟု မယူဆကြပေ။


    ၁၉၈၉ ခုနှစ်က မြိတ်မြို့တွင်ဖြစ်ပွားခဲ့သော လေယာဉ်ပြန်ပေးဆွဲမှုအကြောင်းကို ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။

    18 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ တစ်ပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    9 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။