Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    10 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min
  • Dawei Watch ရဲ့ရင်ခုန်ခံစားဘောလုံးပွဲစဉ်များ

    ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ ပွဲကြီးပွဲကောင်းဖြစ်လာဖို့ရှိနေတာက မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲပါပဲ။


    မန်စီးတီးပွဲကျပ်ကြုံနေတာကို အာဆင်နယ်နဲ့ လီဗာပူးတို့က အခွင့်အရေးယူသွားနိုင်လေမလားဆိုတာ စောင့်ကြည့်ကြရပါလိမ့်မယ်။


    လူတန်တောင်းနဲ့တွေ့နေတဲ့ မန်ယူကလည်း နိုင်ပွဲဆက်လေဦးမလားကို ရင်ခုန်စရာပါပဲ။


    ဒီတစ်ပတ် Dawei Watch ရဲ့ရင်ခုန်ခံစားဘောလုံးပွဲများအစီအစဉ်မှာ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ပွဲစဉ်တွေကို ရွေးချယ်ပြီး သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    5 min
  • ဖေဖော်ဝါရီလ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - သရက်ချောင်းမြို့နယ်မှာ ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုင်းနင်းမိတဲ့အကြောင်း


    - ထားဝယ်မှာ သွေးအလှူရှင်တွေ ရှားပါးနေတဲ့အခြေအနေ


    - ကျွန်းစုမြို့နယ်ထဲ ဆီတင်လှေ ပေါက်ကွဲလို့ လူခြောက်ဦးဒဏ်ရာရသွားတဲ့အကြောင်း


    - သထုံမြို့ ကားတိုက်မှု လူခုနှစ်ဦးသေတဲ့သတင်း


    - မြေပုံမြို့အပါအဝင် မြို့ ၆ မြို့ကို AA သိမ်းယူထားတယ်ဆိုတဲ့ သတင်း


    - ထိုင်းနိုင်ငံထဲကို တရားမဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရတဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ဖေဖော်ဝါရီလ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    တနင်္သာရီသတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကို Dawei Watch အဖွဲ့သားတွေက စီစဉ်တင်ဆက်ထားတာပါ။ ဒီကနေ့ တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ကျွန်းစုမြို့က မအိုင်ကျေးရွာအုပ်စုမှာ စက်လှေမီးလောင်ပေါက်ကွဲတဲ့အကြောင်း


    - ရှင်ကိုးရှင်သမိုင်းဝင်ဖြစ်တဲ့ ရှင်မော်ဘုရားမှာ ဘုရားဖူးလာသူတွေ ကင်းမဲ့နေတာ


    - စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် PDF လုပ်ဖို့ဆက်သွယ်သူများလာတဲ့အကြောင်း


    - သတင်းဌာနရဲ့မေးမြန်းတာကို ဖြေကြားတဲ့ ကံမော်ကြီးရွာကဒေသခံတွေကို စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အခြေအနေ


    - မြိတ်ထောင်က အကျဉ်းသားအချို့ကိုမနေ့ကရွှေ့ပြောင်းခဲ့တဲ့အကြောင်း


    - ထိုင်းမှာပြစ်ဒါဏ်ကျခံပြီးတဲ့မြန်မာလုပ်သား ၂၀၀ကျော် မနေ့က ပြန်ရောက်လာတာ


    - ထိုင်းမှာ မြန်မာလုပ်သားတွေအတွက် CI စခန်းများ လာမဲ့အပတ်မှစဖွင့်တော့မယ့်အကြောင်းနဲ့


    - ထိုင်းသတင်းတွေအပါဝင် ယနေ့ ရွှေ နဲ့ ဘတ် ဈေးအတက်အကျ အခြေအနေတွေကို နားဆင်ရမှာပါ။

    8 min
  • ဖေဖော်ဝါရီလ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရစနစ်ကြောင့် ကော့သောင်းကနေ ထိုင်းနိုင်ငံကိုသွားသူ နှစ်ဆကျော် မြင့်တက်လာတဲ့အကြောင်း


    - စစ်ကောင်စီတပ်မှာ အမှုထမ်းဖို့ သင်္ကြန်အပြီးမှာ စခေါ်တော့မယ့်အကြောင်း


    - ထားဝယ်မှာ ဓနိဖက် ဈေးတက်လာတဲ့အခြေအနေ


    - NCA ထိုးထားတဲ့ မွန်ပြည်သစ်ပါတီက စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ ကြေညာလိုက်တာ


    - ကျောက်တော်မြို့က စစ်ကောင်စီတပ်ရင်းတွေကို AA ကတိုက်ခိုက်ပြီး စစ်သင်္ဘော ၅ စီးတိုက်ခိုက်တဲ့အခြေအနေ


    - ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြန်လွတ်တော့မယ့်အကြောင်း အပါအဝင်


    - ရွေ နဲ့ ထိုင်း ဘတ်ဈေး အတက်အကျအခြေနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ဖေဖော်ဝါရီလ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ကျပ်သိန်းပေါင်းတစ်သောင်းနီးပါးတန်ဖိုးရှိ မူးယစ်ဆေးတွေသယ်လာတဲ့ ကုန်တင်ကားတစ်စီးကို ဗထူးတပ်မတော်က ဖမ်းဆီးပြီး မီးရှို့လိုက်တဲ့အကြောင်း


    - မွန်ပြည်နယ်က မြို့နယ်သုံးခုရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ ဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တဲ့ အခြေအနေ


    - တနင်္သာရီက အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတဲ့ အကြောင်း


    - သရက်ချောင်းက အမျိုးသမီးတစ်ဦး ရော်ဘာခြံသွားချိန် မိုင်းနင်းမိတဲ့ အခြေအနေ


    - ထိုင်းက လုပ်ငန်းခွင်မတော်တဆမှုကြောင့် ဒဏ်ရာရသွားတဲ့ မြန်မာလုပ်သားတစ်ဦး နစ်နာကြေးဘတ်နှစ်သိန်းခွဲလောက် ရသွားတဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ဖေဖော်ဝါရီလ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အခက်ကြုံနေရသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ကူညီမယ်ဆိုတဲ့အကြောင်း


    - လောင်းလုံးမြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးအချို့ရှိ ရုံးသုံးပစ္စည်းတွေကို ပြောင်းရွှေ့သွားတဲ့သတင်း


    - လောင်းလုံးမြို့အထက်တန်းကျောင်းက ကျောင်းသားအချို့ကို ဘာသာရပ်အားလုံး တစ်ရက်အတွင်း စာမေးပွဲဖြေခိုင်း တဲ့အကြောင်း


    - ထိုင်းနဲ့ မြန်မာက ဝရမ်းထုတ်ထားတဲ့ သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်ရဲ့ ညီ ကို စစ်ကောင်စီက ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးချိန် သေဆုံးသွားတဲ့အကြောင်း


    - ရေဖြူမြို့နယ် ဖောင်းတောရွာ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီရေတပ်က ဖမ်းသွားတဲ့ အခြေအနေ


    - မြိတ်မြို့က ဂရုဏာနာရေးကူညီမှုအသင်းရုံးခန်းနဲ့ ဘေးပတ်ဝန်းကျင်ရှိနေအိမ်တွေ မီးလောင်ပျက်စီးသွားတာ


    - မွန်ပြည်နယ်က ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။


    9 min
  • ယိုးဒယားသွား တောလား

    ‘ဒီခရီးစဉ်မှာ သိလိုက်ရတာက ထားဝယ်ဟာ သိပ်အရေးပါတယ်။ ဒွါရဝတီ(ယိုးဒယား)ရောက် ဗုဒ္ဓဘာသာဟာ ကုန်းလမ်းကရောက်တာ ဖြစ်ဖို့များတယ်။ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းကို ဖြတ်ပြီးလာတယ်လို့ ယိုဒယားပညာရှင်တွေက အကြမ်းအားဖြင့် သတ်မှတ်ကြတယ်’


    ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ‘ယိုးဒယားသွား တောလား’ ဆောင်းပါးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    10 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ တစ်ပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    10 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။