Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

    ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ကို ကစားပြီး သီတင်းပတ်ကုန်ရက်တွေမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ ကို ဆက်ကစားရဖို့ ဖြစ်လာခဲ့ပါပြီ။ အသင်းအားလုံးက ပွဲပန်းနေကြတာကို သတိပြုရမှာပါ။


    မန်ယူကတော့ အသင်းရဲ့နည်းပြဟောင်း ဒေးဗစ်မိုယက်စ် တာဝန်ယူထားတဲ့ ဝက်စ်ဟမ်းကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။


    အာဆင်နယ်နဲ့ လီဗာပူးတို့ အားပြိုင်မယ့်ပွဲကတော့ ဒီတစ်ပတ်ရဲ့ Super Sunday Big Match ဖြစ်လာမှာပါ။ ဘရန့်ဖို့ဒ်ရဲ့အိမ်ကွင်းဆီကို သွားကစားရဖို့ရှိနေတဲ့ မန်စီးတီးကလည်း သတိကြီးကြီးထားဖို့တော့ လိုအပ်ပါလိမ့်မယ်။


    ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက ပွဲစဉ်ကောင်း ၃ ပွဲကို ရွေးချယ်ပြီး Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    6 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇန်နဝါရီလ ၂၈ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ )

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    10 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • ဖေဖော်ဝါရီလ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးက Non-CDM ဝန်ထမ်းနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးထားတဲ့အကြောင်း


    - တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်တဲ့အခြေအနေ


    - ထားဝယ်အမျိုးသမီးသမဂ္ဂအဖွဲ့ဝင် မနှင်းအိထွေးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချလိုက်တဲ့အကြောင်း


    - အသံတိတ်သပိတ်လုပ်တဲ့နေ့က ဆိုင်ပိတ်သူတွေကို စစ်ကောင်စီက ခံဝန်ထိုးခိုင်းတဲ့ အခြေအနေ


    - ကော့သောင်းမှာ သတင်းတပ်ဖွဲ့တပ်ကြပ်နဲ့ ဖခင်ဖြစ်သူတို့ ပစ်သ တ်ခံရတဲ့ အကြောင်း


    - ပလောက်မြို့ က နေအိမ်တစ်လုံးမီးလောင်သွားတဲ့ အခြေအနေ အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • သပိတ်လူငယ် ရေမွန်(ခ) ဈာန်ဟိန်းက နိုင်ငံတကာသို့ ပြောဆိုသည့် တိုက်တွန်းချက်

    သပိတ်လူငယ် ရေမွန်(ခ) ဈာန်ဟိန်းက နိုင်ငံတကာသို့ ပြောဆိုသည့် တိုက်တွန်းချက်

    An Appeal from a Dawei Youth to International Community


    Dawei Watch


    ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့် အာဏာသိမ်းသုံးနှစ်ပြည့် လမ်းလျှောက်လူထုသပိတ်လှုပ်ရှားမှု‌တွင် သပိတ်‌လူငယ် ဈာန်ဟိန်းက နိုင်ငံတကာသို့ ပြောဆိုသည့် တိုက်တွန်းချက်ကို ဖော်ပြပေးလိုက်ပါသည်။


    An appeal to the international community from a youth protester Zan Hein (aka) Raymond. In a video received by Dawei Watch, Zan Hein appealed to the international community, made on the third anniversary of the February 1 coup d'état.


    " It is deeply distressing to see powerful governments and corporations turning a blind eye to human rights abuses in weaker democracies and developing nations", he said during a speech given in an anti-coup rally in Launglone township, Dawei.

    5 min
  • ဖေဖော်ဝါရီလ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့ပေါ်မှာ ညဘက်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သားတွေအထိနာခဲ့တဲ့အကြောင်း


    - ပုလောက မီးလောင်ချောင်းရွာတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်သေဆုံးမှုရှိပြီး အရပ်သားထိခိုက်သေဆုံးတာလည်း ရှိတဲ့အကြောင်း


    - အာဏာသိမ်းမှုကြောင့် လူပေါင်းနှစ်သန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ EU နဲ့ အမေရိကန်က ထုတ်ပြန်တာ


    - စစ်အာဏာသိမ်း ၃ နှစ်ပြည့် ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြကြတဲ့အကြောင်း


    - ရခိုင်ပြည်နယ် မြောက်ဦးအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်တဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ဂေဟာမှာ ခိုလှုံနေရတဲ့ MoU တရားဝင် မြန်မာလုပ်သားတွေ

    အာဏာသိမ်းမှုနောက်ဆက်တွဲ ဂယက်တွေကြောင့် ရုန်းကန်နေရတဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ ထိုင်းမှာ တရားဝင် အလုပ် လာလုပ်ကြပေမယ့် အေဂျင်စီတွေ တာဝန်မဲ့တာ၊ မြန်မာသံရုံးဘက်က ဖြေရှင်းမှုအားနည်းတာတွေကြောင့် မြန်မာလုပ်သား တွေဟာ အလုပ်လက်မဲ့ဖြစ်နေရတာ၊ လုပ်အားခ မရတာတွေကြောင့် နေထိုင်စားသောက်ဖို့တောင် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။

    6 min
  • စော်ဖျားစစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ မီးရှို့

    စစ်ကောင်စီတပ်က ၂ နှစ်ကျော်အကြာ တပ်စွဲထားတဲ့ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာက စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မနက်မှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။


    စော်ဖျားကျေးရွာတောင်ပိုင်း ဘုရားကုန်းမှာ အင်အားဆယ်ဂဏန်းရှိတဲ့ စစ်ကောင်စီတပ်သားတွေက စခန်းကိုစွန့်ခွာသွားတာပါ။ ဒီအ​ကြောင်းကို တင်ဆက်​ပေးလိုက်ပါတယ်။

    3 min
  • ဇန်နဝါရီလ ၃၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - သရက်ချောင်းက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မီးရှို့လိုက်တဲ့အကြောင်း


    - လောင်းလုံးက မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရတဲ့အကြောင်း


    - ထားဝယ်အရှေ့တောက ဝကုန်းရွာမှာ တိုက်ပွဲဖြစ်တာ


    - ထားဝယ်အရှေ့တောမှာ PDF ရဲဘော်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသ တ်ဖြတ်တဲ့အကြောင်း


    - မွန်ပြည်နယ်က အနင်းရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကပါ တိုက်ခိုက်နေတဲ့အကြောင်း


    - မွန်ပြည်နယ်က ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၅ ဦးကို PDF က ဖမ်းဆီးတာ


    - ဟိုတယ်ထားဝယ် ပိုင်ရှင် ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက တရားသေလွှတ်လိုက်တဲ့အကြောင်း အပါအဝင်


    - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • မီးလောင်ပြင်က ကြောင်ရှာပုံတော်

    စစ်ကောင်စီတပ်က သူတို့အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။


    ရှိသမျှ အဝတ်အစား၊ အိမ်‌အသုံးအဆောင် ပရိဘောဂမကျန်၊ စုထားဆောင်းထားတဲ့ ချွေးနည်းစာတွေပါ မီးနဲ့အတူ လောင်ကျွမ်းပြာကျ သွားခဲ့ပါပြီ။


    ပြာပုံတွေကြားထဲမှာ ရှာဖွေနေတဲ့ မိန်းကလေးငယ်တစ်ယောက်။ သူစိုးရိမ်တကြီး ရှာနေတာက မွေးကတည်းက မျက်လုံးတစ်ဖက်မမြင်ရတဲ့ ဒုက္ခိတကြောင်ကလေးဖြစ်ပါတယ်။


    မခင်နီလာအောင်က ခွေးပေါက်စလေးကိုလည်း ချစ်တတ်သူပါ။ ကြောင်ကိုတော့သူအချစ်ဆုံး။ နွန်ကိုင်းလေးက ဒုက္ခိတလေးမို့ သနားပြီးပိုချစ်တာတဲ့............

    9 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။