Sign up to save your podcasts
Or

ဒီတစ်ပတ် Super Sunday မှာ စိတ်ဝင်စားစရာ ပွဲကောင်း ၂ ပွဲရှိနေပါတယ်။ တနင်္လာနေ့ကိုရောက်ရင်လည်း အားပြိုင်မှုပြင်းထန်မယ့်ပွဲစဉ် ၁ ပွဲကို ကြည့်ရမှာပါ။
မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ် တာဝန်ယူထားတဲ့ ဝက်စ်ဟမ်းဟာ အာဆင်နယ်ကို ရင်ဆိုင်ရဖို့ ရှိနေပြီး မန်ယူကတော့ အာဆင်နယ်နည်းပြဟောင်း ယူနိုင်းအမ်မရီ ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာနဲ့ ကစားရမှာပါ။
တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကိုရင်ဆိုင်ရမယ့် ခြေမှန်မရသေးတဲ့ချယ်လ်ဆီးအတွက်ကလည်း ခက်ခဲမှာပါ။
အဲ့ဒီပွဲစဉ်တွေကို Dawei Watch ရဲ့ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ ဖေဖော်ဝါရီ ၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်စစ်ကြောင်းထိုးချိန် ထားဝယ်အရှေ့တောဒေသခံ ၅၀ လောက် အဖမ်းခံရတဲ့သတင်း
- ထားဝယ်ခရိုင် ပကဖတပ်ခွဲ ၂ ခု ဒေါနစစ်ကြောင်းကိုပြောင်းရွေ့တာဝန်ထမ်းဆောင်လိုက်တဲ့အကြောင်း
- ရာမညတပ်ခေါင်းဆောင်နဲ့အဖွဲ့ မွန်ပြည်သစ်ပါတီနဲ့ ပူးပေါင်းလိုက်တဲ့အကြောင်း
- ကော့သောင်းကနေ ထိုင်းနိုင်ငံကို ဂုံးချောတွေတင်ဆောင်လာတဲ့ စက်လှေနဲ့အတူ မြန်မာသုံးဦးအဖမ်းခံရတဲ့သတင်း
- စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောသုံးစင်းကို AA ကနစ်မြုပ်တိုက်ခိုက်ခဲ့တဲ့ အကြောင်း
- ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထိုင်းက အလိုရှိနေတဲ့ သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ကို စစ်ကောင်စီတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တဲ့အကြောင်း
- စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးကျည်ကြောင့် ကလေး ၂ ဦးအပါအဝင် ပြည်သူ၉ ဦး ဒဏ်ရာရသွားတဲ့ အကြောင်း
- သံဖြူဇရပ်မှာ မိုင်းနင်းမိလို့ ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားတာ
- နယ်ခြားစောင့်စခန်းတပ်မှူးတွေက စခန်းအတိုက်မခံရခင်ကတည်းက လက်နက်တွေကို ARA နဲ့ RSO တပ်ဖွဲ့ကို ကြိုတင် ရောင်းချခဲ့တဲ့အကြောင်း
- အသက် ၂ နှစ်အရွယ်သမီးကိုသ တ်ပြီး ငါးနှစ်ခွဲလောက်အလောင်းဖျောက်ထားတဲ့ မိခင်ဖြစ်သူကို ထောင်ဒဏ် ၁၄ နှစ် ချလိုက်တဲ့အကြောင်း
- ထိုင်းအရှေ့ပိုင်းက စက်ရုံမှာ အလုပ်လုပ်ခွင့်လက်မှတ်မရှိတဲ့ မြန်မာအလုပ်သမား ၃၀ နီးပါး အဖမ်းခံရတဲ့ အခြေအနေ
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းက ကင်းရှေ့ရွာမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်တဲ့အကြောင်း
- လောင်းလုံးတရားရုံးကတရားရေးဆိုင်ရာစာရွက်စာတန်းတွေကို ပြည်သူကာကွယ်ရေးတပ်က သိမ်းဆည်းခဲ့တာ
- မွန်မှာ ကျောင်းဝင်းထဲ မူးယစ်ဆဲဆိုသူကို ဘုန်းကြီးကရိုက်လို့ သေသွားတဲ့အကြောင်း
- ရခိုင်ပြည်နယ် မင်းပြားက စစ်ကောင်စီတပ်ရင်း နှစ်ခုနဲ့ နယ်ခြားစောင့်တပ်စခန်းတစ်ခုကို AA က သိမ်းပိုက်လိုက်တဲ့အကြောင်း
- မြဝတီ-မဲဆောက်နယ်စပ်မှာ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ လုံခြုံရေးဇုန်တစ်ခုတည်ထောင်မယ့်အကြောင်း အပါအဝင်
- ဘတ်နဲ့ရွှေ ဈေးအတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီက မောတောင်ငယ်ရွာကို စစ်ကောင်စီတပ်ရဟတ်ယာဉ်က ဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း
- မြိတ်ဆိပ်ကမ်းမှာ စက်လှေနှစ်စီး မီးလောင်သွားတဲ့ အခြေအနေ
- မြိတ်က ပင်လယ်ကမ်းစပ်မှာ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့တဲ့အကြောင်း
- ကရင်နီပြည်နယ်က စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ကလေးငယ်တွေ သေဆုံးသွားတဲ့ အကြောင်း
- ရခိုင်ပြည်နယ် မြောက်ဦးနဲ့ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို ရက္ခိုင့်တပ်တော်က သိမ်းလိုက်တဲ့အကြောင်းအပါအဝင်
- ထိုင်းတောင်ပိုင်း ဖူးခက်မှာ ဆိုင်ကယ်ခိုးတယ်ဆိုတဲ့ မြန်မာအလုပ်သမားတစ်ဦး အဖမ်းခံရတဲ့အကြောင်း စတဲ့သတင်းတွေကို နားဆင်ရမှာပါ။
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းက ကင်းရှေ့ရွာတိုက်ပွဲမှာ အမျိုးသမီးကြီးတစ်ဦး သေဆုံးသွားတဲ့အကြောင်း
- ကော့သောင်း စူငယ်ဘာလိုင်းရွာမှာ စစ်ကောင်စီတပ်သား အများအပြား တပ်လာစွဲတဲ့ အခြေအနေ
- ကလိန်အောင်အခြေစိုက် ၄၁၀ စစ်ကောင်စီ ခြေမြန်တပ်ရင်းကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တဲ့အကြောင်း
- ရန်ကုန်က အောင်မင်္ဂလာအဝေးပြေးကွင်း မီးလောင်မှုမှာ တနင်္သာရီတိုင်းဘက် ပြေးဆွဲနေတဲ့ ကားဂိတ်အချို့ မီးလောင်သွားတဲ့အကြောင်း
- ရက္ခိုင့်တပ်တော်က စခန်းသိမ်းလိုက်လို့ စစ်ကောင်စီတပ်သားတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ထိုင်းဘတ်ဈေး အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
၁၈၂၄ ခုနှစ်မှာ ထားဝယ်မြို့က ရတနာစီခြယ် တော်ဝင်ရထားကြီးကို အင်္ဂလိပ်တို့ သိမ်းယူသွားခဲ့ပါတယ်။ ဒီရထားကြီးအကြောင်း စိတ်ဝင်စားဖွယ်ရာများစွာကို ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တင်ဆက်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ တစ်ပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
From the publisher's feed