Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ဇန်နဝါရီလ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးမြို့ပေါ်က စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်တိုက်ခိုက်တဲ့အကြောင်း


    - မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပေါ်မှာ တိုက်ပွဲဖြစ်နေလို့ ခရီးသည်တင်ကားတွေ ပိတ်မိနေတဲ့ အခြေအနေ


    - စစ်ကောင်စီတပ် ရဟတ်ယာဉ်တစ်စီး မြဝတီမြို့နားမှာ ပစ်ချခံရလို့ တပ်မမှူးတစ်ဦး သေဆုံးသွားတာ


    - ပျူစောထီးတပ် ဖွဲ့ဖို့အတွက် မွန်ပြည်နယ်ထဲက ကျေးရွာအချို့မှာ လူအင်အား အဓမ္မစုဆောင်းနေတဲ့အကြောင်း


    - ထိုင်းနယ်စပ်ကနေ တနင်္သာရီဘက်ကူးမယ့် မြန်မာ ၂ ဦးမူးယစ်ဆေးတွေနဲ့အတူ ဖမ်းမိတဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ဇန်နဝါရီလ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မောရဝတီရေတပ်က ဖမ်းထားတဲ့ ကံပေါက်ဒေသခံခြောက်ဦး ပြန်လွတ်လာတဲ့အကြောင်း


    - လောင်းလုံးမှာ စစ်အာဏာရှင်စနစ် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့အကြောင်း


    - ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်ရင်းတစ်ခုကို ထပ်သိမ်းလိုက်တဲ့အခြေအနေ


    - ကော့ကရိတ်မှာ ဘုန်းကြီးဆွမ်းကပ်ပြီးပြန်လာတဲ့ အမျိုးသမီးတစ်ဦးမိုင်းထိတဲ့အကြောင်း


    - ပေါင်မြို့နယ်မှာ အရပ်သားတစ်ဦးကို နယ်ထိန်းရဲက သေနတ်နဲ့ ပစ်သ တ်ခဲ့တဲ့အခြေအနေ


    - ထိုင်းတောင်ပိုင်း ဖူးခက်မှာ လုပ်အားခမရှင်းပေးတဲ့ သူဌေးကို မြန်မာလုပ်သားတွေက အမှုဖွင့်လိုက်တဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ပင်လယ်ပျော် တိုင်းရင်းသား

    မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားတွေထဲက ကျွန်တော်တို့ မျက်စိအောက်က ပျောက်ကွယ်သွားတော့မယ့် တိုင်းရင်းသားတွေ ရှိနေပါတယ်။


    တနင်္သာရီတိုင်းမှာ နေထိုင်တဲ့ ဆလုံတိုင်းရင်းသားတွေကလည်း ပျောက်ကွယ်သွားတော့မယ် အန္တရာယ်ရှိနေပါပြီ။


    ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်မှာ ဆလုံမျိုးနွယ်တွေအကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

    11 min
  • ဘန်ကောက် ကူးတို့လှေငယ်ပေါ်က ရငဲသားရဲ့ အိမ်မက်တစ်ခု

    တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက ရငဲကျေးရွာမှာ နေထိုင်တဲ့ အသက်၁၆ နှစ်အရွယ် လူငယ်တစ်ဦး။


    ၇ တန်း အထိကျောင်းနေဖူးပြီး ကိုဗစ်အခြေအနေနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြားမှာ သူ့ရဲ့ ပညာရေး ၊ဇာတိ ၊သူငယ်ချင်းတွေကိုစွန့်ခွါပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာသူ။


    ဒီလိုနေရာမှာ ရှင်သန်နေထိုင်ဖို့ သူဘယ်လိုတွေ ကြိုးစားနေရသလဲ။ သူ့ဘဝရည်မှန်းချက်က ဘာလဲ။

    3 min
  • Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

    အခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ကို နားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်တွေ ရှိနေလို့ပါပဲ။


    အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ ပွဲချောင်နေတာက မန်ယူနဲ့ လီဗာပူးပဲဖြစ်ပါတယ်။ လီဗာပူးက နောဝစ်ချ်ကို အိမ်ကွင်းအန်ဖီးလ်မှာ လက်ခံကစားရမှာဖြစ်လို့ ပိုပြီး ပွဲချောင်နေတယ်လို့တောင် ဆိုရမလိုပါပဲ။


    မန်ယူကတော့ အဝေးကွင်းမှာ လိဂ်-၂ က နယူးပေါ့တ်နဲ့ ရင်ဆိုင်ရမှာပါ။ Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် ဒီပွဲစဉ် ၂ ပွဲကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    5 min
  • မြန်မာ့ရေးရာ


    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ဇန်နဝါရီလ ၂၇ ရက်နေ့အထိ တစ်ပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    11 min
  • ဘန်ကောက်က ထားဝယ်တွေရဲ့ အော်တကွန်စျေး

    ဘန်ကောက်ရောက် ထားဝယ်တွေ ကြား အော်တကွန်စျေးဟာ လူသိများပါတယ်။ အလုပ်လုပ်ရာ နေရာဖြစ်သလို၊ ရိုးရာအစားအစာ၊ ယဉ်ကျေးမှု၊ ပွဲလမ်းသဘင်တွေ စုဆုံရာနေရာလည်း ဖြစ်ပါတယ်။

    4 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇန်နဝါရီလ ၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ )

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    10 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီလ ၂၀ ရက်နေ့ကနေ ဇန်နဝါရီ ၂၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • ဇန်နဝါရီလ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီတိုင်းရဲ့ ပထမဆုံးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရှစ်ဦးဖမ်းမိတဲ့အကြောင်း


    - တနင်္သာရီမြို့နယ်ထဲ ၁၁ ရက်အကြာတိုက်ခိုက်မှုမှာ အရပ်သားထိခိုက်သေဆုံးတာတွေရှိခဲ့တဲ့ အခြေအနေ


    - ကော့သောင်းမှာ ရေနစ်သေဆုံးသွားတဲ့ အမျိုးသားအလောင်းတွေ့တဲ့အကြောင်း


    - စစ်ကောင်စီတပ်စစ်ကြောင်းဖြတ်သွားချိန် သရက်ချောင်းက ကျေးရွာတွေကိုပစ်ခတ်ခဲ့တဲ့အကြောင်း


    - ရေးမြို့နယ်က ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့သတင်း


    - မလေးရှားနိုင်ငံ မြေပြိုမှုမှာ မြန်မာနိုင်ငံသား ၅ ဦး မြေပိခဲ့တဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။