Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ဇန်နဝါရီလ ၁၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ကော့သောင်းမြို့နယ် ခက်ရင်းခွကျွန်းအနားမှာ ပုလဲမွေးမြူမယ့် ဧရိယာတိုးချဲ့ဖို့ စစ်ကောင်စီက စီစဉ်နေတဲ့အကြောင်း


    - တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထိန်းချုပ်ဒေသက ရွာတစ်ရွာမှာ ဝမ်းပျက်၊ ဝမ်းလျောရောဂါ ဖြစ်ပွားနေတဲ့အခြေအနေ


    - ထားဝယ်မြို့နဲ့မနီးမဝေးက မောင်မယ်ရှောင်ကျေးရွာမှာ ဒီကနေ့တိုက်ပွဲဖြစ်ပွားခဲ့တာ


    - လက်အောက်ငယ်သားအပေါ် ကိုယ်ထိလက်ရောက်ပြုမူခဲ့တဲ့ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတပ်ရင်းမှူးကို ရာထူးကနေ ယာယီရပ်နားလိုက်တဲ့အကြောင်း


    - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရာထူးစွန့်ပေးဖို့ မဘသ ဘုန်းကြီးတွေက တောင်းဆိုလိုက်တာ


    - အပစ်ရပ်ထားတဲ့ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနေပါတဲ့အခြေအနေ


    - ထိုင်းနိုင်ငံက စစ်ကောင်စီနဲ့ညှိနှိုင်းပြီး လူသာချင်းစာနာမှူအကူအညီတွေ ပေးမယ်လို့ပြောဆိုခဲ့တဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • ဇန်နဝါရီလ ၁၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီတပ်က လောင်းလုံးမှာ မှတ်ပုံတင်စစ်ပြီးငွေညစ်နေတဲ့အကြောင်း


    - ထားဝယ်မှာ ဝက်သားဈေးထက်ဝက်လောက် ကျလာတာ


    - ရေဖြူ ဇာဒီရွာက အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သ တ်ခံရတာ


    - မွန်ပြည်နယ် ကျိုက်မရောထောင်က အကျဉ်းသားနှစ်ဦး သေဆုံးသွားတဲ့အကြောင်း


    - တနင်္သာရီက ညောင်ပင်းကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်ရင်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာ


    - ရခိုင် ကျောက်တော်က စစ်ကောင်စီတပ်ရင်း AAထံလက်နက်ချတဲ့အကြောင်း အပါအဝင်


    - ထိုင်းနိုင်ငံထဲက


    သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဇန်နဝါရီလ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း


    - ရေဖြူမြို့နယ် နတ်အိမ်တောင်ဒေသက ရွှေလုပ်သားသုံးဦးအသတ်ခံရတဲ့အပေါ် ဖြေရှင်းချက်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်တဲ့အကြောင်း


    - DGRF က တပ်ဖွဲ့ဝင် ၆၇ ဦး တရားဝင်နုတ်ထွက်ပြီး ဗထူးတပ်မတော်ကို ဝင်သွားတဲ့အကြောင်း


    - ထားဝယ်ကားကွင်းမှာ ခရီးသည်တစ်ဦးဆီကနေ WYဆေးပြား တစ်သောင်းခွဲနီးပါး ဖမ်းမိတဲ့အကြောင်း


    - စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ သရက်ချောင်းမြို့နယ်က နေအိမ်လေးလုံး ပျက်စီးသွားတဲ့အခြေအနေ


    - ထိုင်းနိုင်ငံမှာ ကားနှစ်စီးတိုက်လို့ မြန်မာအလုပ်သမားရှစ်ဦး ဒဏ်ရာရသွားတဲ့အကြောင်း အပါအဝင်


    - ဖူးခက်က ဟိုတယ်မှာ ဧည့်သည်ရဲ့ငွေတွေကို ခိုးတယ်ဆိုတဲ့ မြန်မာအလုပ်သမားတစ်ဦးကို ဖမ်းဆီးခဲ့တဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • ဇန်နဝါရီလ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ရွာသားတွေကို ဖမ်းဆီးရိုက်နှိက်ခဲ့တဲ့ ကံမော်ကြီးရွာမှာ ဆိုလာတပ်ပေးမယ်လို့ စစ်ကောင်စီတပ် လာစည်းရုံးတဲ့ အကြောင်း


    - နေအိမ်တစ်ရာကျော် မီးရှို့ခံထားရတဲ့ လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြတဲ့အကြောင်း


    - တနင်္သာရီက စစ်ဘေးရှောင်ခုနစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာအခက်အခဲဖြစ်နေလို့ အကူအညီလိုအပ်နေတဲ့ အခြေအနေ


    - ရက္ခိုင့်တပ်တော် AA က ပလက်ဝမြို့နယ်တစ်ခုလုံးကို သိမ်းယူလိုက်တဲ့ အကြောင်း


    - ထိုင်းနိုင်ငံက အီလက်ထရောနစ်စက်ရုံမှာ မြန်မာအလုပ်သမားသုံးရာကျော် အလုပ်ထုတ်ခံရတဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။


    7 min
  • ဗီဒီယိုရုံ ယဉ်ကျေးမှု (၁)

    ကလေးနှစ်ကျပ်၊ လူကြီးငါးကျပ်ဆိုပြီး ဗီဒီယိုရုံမှာ ဘာကားလေးပြတယ်ဆိုတာ မနက်ကတည်းက ကျောက်သင်ပုန်းမှာ ရောင်စုံမြေဖြူလေးနဲ့ ရေးထားတယ်။


    တစ်ခါတလေ ဇာတ်ကားပိုစတာလေးပါ ကပ်ထားသေးတယ်။ ငါးနှစ်အောက် ကလေးတွေကတော့ အမေတွေနဲ့ ကပ်လိုက်လို့ရတယ်။ ပိုက်ဆံပေးစရာမလို။


    တစ်ခေတ်တစ်ခါက ရှိခဲ့သည့် ဗီဒီယိုရုံလေးများအကြောင်းကို ယခုအပတ် ဓလေ့သမိုင်း အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။

    10 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇန်နဝါရီလ ၇ ရက်နေ့ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    10 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇန်နဝါရီလ ၇ ရက်ကနေ ၁၃ ရက်နေ့အထိ )

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    10 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီလ ၆ ရက်နေ့ကနေ ဇန်နဝါရီ ၁၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

    ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်က ပွဲစဉ် ၅ ပွဲပဲ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ အဲ့ဒီပွဲစဉ် ၅ ပွဲထဲမှာ အသင်းကြီးတွေ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်အရေအတွက်က ၃ ပွဲအထိတောင် ပါဝင်လို့နေပါတယ်။


    ချယ်လ်ဆီးနဲ့ ဖူလ်ဟမ်၊ နယူးကာဆယ်နဲ့ မန်စီးတီး၊ မန်ယူနဲ့ စပါးတို့ အားပြိုင်မယ့်ပွဲတွေဟာ ပွဲကြီးပွဲကောင်းတွေ ဖြစ်လာမှာပါ။


    အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်နုတ်ပြီး ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    6 min
  • ဇန်နဝါရီလ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ကော့သောင်းကိုပို့မယ့် မူးယစ်ဆေး တစ်တန်ကျော် ပင်လယ်ပြင်မှာ ဖမ်းမိတဲ့အကြောင်း


    - တနင်္သာရီနဲ့ ထိစပ်နေတဲ့ ထိုင်းဘက်မှာ ဝါးဖောင်စီးလာတဲ့ မြန်မာငါးဦး အဖမ်းခံရတဲ့အကြောင်း


    - ထားဝယ်မြို့ပေါ်မှာ မျောက်တွေသောင်းကျန်းနေတဲ့သတင်း


    - ထိုင်း-မြန်မာနယ်စပ်မှာ အတက်ရောဂါသည် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးတဲ့အကြောင်း


    - စစ်ကောင်စီတပ်ရှိနေလို့ ကျိုက်မရောဒေသခံတွေ နေရပ်မပြန်ရဲသေးတဲ့ အခြေအနေ


    - မြောက်ပိုင်းမဟာမိတ်တွေ သိမ်းထားတဲ့ ဒေသနှစ်ခုကို ‘ဝ’ အုပ်ချုပ်မှုအောက် ထည့်သွင်းခဲ့တဲ့သတင်း အပါအဝင်


    - ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ယာယီအပစ်ရပ်ဖို့ သဘောတူလိုက်တဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။