Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကနေ ဇန်နဝါရီ ၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • ဇန်နဝါရီလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ ဗထူးတပ်မတော် MOD ကစုံစမ်းစစ်ဆေးနေတဲ့ လောင်းလုံးပကဖဒုတာဝန်ခံ မမကြီး ဦးဆောင်ပါဝင်တဲ့ အကြောင်း


    - စစ်ကောင်စီလွတ်ငြိမ်းခွင့်ထဲ မြိတ်အကျဉ်းထောင်က နိုင်‌ငံရေးအကျဉ်သားတွေမပါတဲ့အခြေအနေ


    - မွန်မှာ အကျဉ်းသားခြောက်ရာကျော်လွတ်လာပြီး နိုင်ငံရေးအကျဉ်းသား ၃၁ ဦးသာပါတဲ့အကြောင်း


    - တနင်္သာရီတိုင်းကောင်စီဥက္ကဋ္ဌဟောင်းကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေး လိုက်တဲ့အကြောင်း


    - ထားဝယ်မှာ သံပရာသီးတစ်လုံး ကျပ် ၆၀၀ အထိ ပေးဝယ်နေရတဲ့အခြေအနေ


    - လောက်ကိုင်ကို ကိုးကန့်တပ် MNDAA ကသိမ်းယူလိုက်တဲ့အကြောင်း


    - ထိုင်းမှာ MoU မြန်မာလုပ်သားတွေကို လုပ်အားခမပေးဘဲ ခြိမ်းခြောက်ခိုင်းစေနေတဲ့အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • ဇန်နဝါရီလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီတပ် စစ်ကြောင်းက လောင်းလုံးမြို့နယ်ထဲက နေအိမ်တစ်ဆယ်ကျော်ကို မီးရှို့ခဲ့တဲ့အကြောင်း


    - ထားဝယ်မြို့ပေါ် သောင်းကျန်းနေတဲ့မျောက်ကို မီးသတ်တပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့သတင်း


    - စစ်ကောင်စီရဲ့ လွတ်ငြိမ်းစာရင်းမှာပါတဲ့ ထားဝယ်အကျဥ်းထောင်က အကျဥ်းသားတွေ လွတ်လာတဲ့အခြေအနေ


    - ရန်ကုန်ဆန္ဒပြပွဲ သတင်းယူနေချိန် စစ်ကားနဲ့ဝင်တိုက်ပြီး အဖမ်းခံခဲ့ရတဲ့ ဓာတ်ပုံသတင်းထောက် အင်းစိန်ထောင်က ပြန်လွတ်လာတဲ့အကြောင်း


    - မြိတ်မှာ မီးသင်္ဂြိုဟ်စရိတ် ကျပ်ငါးထောင် တိုးမြှင့်ကောက်ခံလိုက်တဲ့အကြောင်း


    - ချင်းပြည်နယ်က စစ်ကောင်စီတပ်စခန်းကုန်းတွေကို ရက္ခိုင့်တပ်တော်က သိမ်းလိုက်တဲ့အခြေအနေ


    - KIA ဌာနချုပ်နား ရဟတ်ယာဉ်ပစ်ချခံရမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦး ဖမ်းမိတဲ့အကြောင်း အပါအဝင်


    - ရနောင်း လဝက ထိန်းသိမ်းရေးစခန်းက မြန်မာအလုပ်သမား ၂၅၀ ကျော်က အိမ်ပြန်ပို့ဖို့ ဆန္ဒပြတောင်းဆိုတာ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • ဇန်နဝါရီလ ၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးမှာ စစ်ကောင်စီတပ်က ဆေးဆိုင်ကိုမီးရှို့ပြီး ပိုင်ရှင်ကိုဖမ်းဆီးထားတဲ့အကြောင်း

    - လောင်းလုံးကိုစစ်ကြောင်းထိုးချိန်မှာဖမ်းသွားတဲ့ ဒေသခံတစ်ဆယ်ကျော် ပြန်လွတ်လာတာ

    - ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၄၁၀ တပ်ရင်း ဗုံးချတိုက်ခိုက်ခံရတဲ့အကြောင်း


    - ကရသူရိမှာ PDF တွေကို ဝင်ရှာတယ်ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို ရိုက်နှက်တဲ့အကြေင်း


    - တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်နားက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့အခြေအနေ

    - စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စင်း KIA ဌာနချုပ်နားမှာ ပစ်ချခံရတဲ့အကြောင်းအပါဝင်


    - ထိုင်းသတင်းတွေကိုလည်း နားဆင်ရမှာပါ။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ဇန်နဝါရီလ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့ပေါ်က ကွမ်းယာဆိုင်ထဲ ဗုံးလာပစ်သူနှစ်ဦးကို ဖမ်းဆီးခဲ့တဲ့အကြောင်း


    - ထားဝယ်အရှေတောက ကျောက်မဲတောင်ရဲစခန်းကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တဲ့အကြောင်း


    - ပကာရီရဲကင်းစခန်းတိုက်ခိုက်မှုမှာ PDF နှစ်ဦး ကျဆုံးသွားတဲ့အခြေအနေ


    - မြန်မာနိုင်ငံထဲက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြားလူမှုစီးပွားလုပ်ငန်းတွေ လုံခြုံရေးကို ကာကွယ်မယ်လို့ NUG က ထုတ်ပြန်လိုက်တာ


    - ကလိန်အောင်မှာ ဒေသထွက်ပြောင်းဖူး စိုက်ပျိုးသူနည်းလာတဲ့အကြောင်း


    - ဘန်ကောက်မှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားလာတာကြောင့် ခြင်အကိုက်မခံကြဖို့ ဆေးပညာရှင်က သတိပေးထားတာ


    - အင်အားပြင်းငလျင်ကြောင့် ဂျပန်မှာ သေဆုံးသူ ၂၀ ဦးရှိလာတဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • မီးရှို့ခံလိုက်ရတဲ့ ဗိုလ်မှူးဗထူးရွာ

    ဗိုလ်မှူးကြီးဗထူးရဲ့‌မွေးရပ်ဇာတိ လေးသွန်းခံရွာက အိမ်အချို့ကို  စစ်ကောင်စီတပ်က ၂၀၂၃ ခုနစ် ဒီဇင်ဘာလ ၂၈ ရက်​နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


    ဒီအ​ကြောင်းကို တင်ဆက်​ပေးလိုက်ပါတယ်။

    3 min
  • ဇန်နဝါရီလ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီတိုင်းသားတွေပါတဲ့ မွန်အခြေစိုက် တော်လှန်ရေးတပ်တွေက နှစ်သစ်ကူးလက်ဆောင်အဖြစ် စစ်ကောင်စီတပ်ရင်းတွေကို ဝင်ရောက်တိုက်ခိုက်တဲ့အကြောင်း


    - နှစ်သစ်ကိုကြိုဆိုတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုကို လောင်းလုံးမှာပြုလုပ်ခဲ့တဲ့ အခြေအနေ


    - သရက်ချောင်းက စစ်ကောင်စီတပ်စခန်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်တဲ့အကြောင်း


    - ထားဝယ်မြို့ပေါ်မှာ တစ်ရက်အတွင်း ခွေးရူးအကိုက်ခံရသူ နှစ်ဆယ်နီးပါးရှိခဲ့တဲ့အကြောင်း


    - ထားဝယ်-မောင်းမကန်လမ်းမှာ သုံးဘီးနှစ်စီးတိုက်မိလို့ လူလေးဦးဒဏ်ရာရသွားတဲ့အခြေအနေ


    - ရော်ဘာကြိတ်စက်ထဲ ဆံပင်ညှပ်ပါသွားလို့ ဆိုးဆိုးရွားရွားဒဏ်ရာရသွားတဲ့ အမျိုးသမီးနှစ်ဦးအထိ ရှိလာတဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • မှတ်မိသမျှ ကျွန်တော်တို့ ငယ်စဉ်က မြိတ်

    ကျွန်တော်တို့ ငယ်စဉ်က မြိတ်မြို့မှာ ဂုဏ်၊ ရှေ့ဆောင်၊ ရွှေဗဟိုရ်နှင့် သမ္မတရုံဟူ၍ ရုပ်ရှင်ရုံလေးရုံရှိပါသည်။


    ဂုဏ်ရုံမှာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ ပြသပြီး ကျန်သုံးရုံမှာ အများအားဖြင့် မြန်မာရုပ်ရှင်ဇာတ်ကားများ ပြသလေ့ရှိပါသည်။


    ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် တစ်ခေတ်တစ်ခါက မြိတ်မြို့အကြောင်းကို တင်ဆက်ပေးလိုက်ရပါသည်။

    12 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    10 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဒီဇင်ဘာလ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    12 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။