Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဒီဇင်ဘာလ ၁၇ ရက်ကနေ ၂၃ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    13 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • Dawei Watch ရဲ့ ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များ

    ခရစ္စမတ်အကြို ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဝင်ရောက်လို့လာခဲ့ပါပြီ။


    တခြားသောလိဂ်တွေက ဆောင်းခိုနားရက်ထဲဆီ တိုးဝင်သွားတော့မှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကတော့ ခရစ္စမတ်ခရီးကြီးနဲ့အတူ တက်သုတ်နှင်တော့မှာပါ။


    ဒါပြီးရင် ဘောက်ဆင်းဒေးနေ့ပွဲစဉ်တွေ ဝင်ရောက်လာတော့မှာဖြစ်သလို အဲ့ဒါပြီးတာနဲ့တပြိုင်နက် နှစ်သစ်ကူးပွဲစဉ်တွေကို ပရီးမီးယားလိဂ်ကလပ်တွေက ဆက်လက် ယှဉ်ပြိုင်ရဖို့ ရှိလို့နေပါတယ်။


    ခရစ္စမတ်အကြို ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်ခံစားအကောင်းဆုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    6 min
  • ဒီဇင်ဘာလ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - တိုက်ပွဲဖြစ်လာမှာစိုးလို့ လောင်းလုံးမြို့နားရှိ ကျေးရွာတွေက ဒေသခံတွေ ပြောင်းရွှေ့နေကြတဲ့အကြောင်း


    - ကံပေါက်မှာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ ညီအစ်မနှစ်ဦးကို မောရဝတီရေတပ်က ဖမ်းဆီးခဲ့တဲ့သတင်း


    - ရော်ဘာကြိတ်စက်ထဲ ဆံပင်ညှပ်သွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒဏ်ရာရခဲ့တဲ့အခြေအနေ


    - ထားဝယ်မြို့က အောင်မင်္ဂလာရုပ်ရှင်ရုံ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတဲ့အကြောင်း


    - ဗောဓိကုန်းဆရာတော်စျာပနကို နေရပ်မှာ မကျင်းနိုင်တဲ့အခြေအနေ


    - ကစယ်ဒိုမြို့နယ်အုပ်ချုပ်ရေး ကော်မတီဝင်ရဲ့နေအိမ်ကို ကော်သူးလေတပ်က မီးရှို့ခဲ့တဲ့သတင်း


    - သထုံမှာ လက်နက်ကြီးကျည်စထိမှန်လို့ ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးသွားတဲ့အကြောင်းအပါအဝင်


    - နှစ်သစ်ကူးလက်ဆောင်အဖြစ် ထိုင်းအစိုးရက စက်သုံးဆီဈေးနဲ့ မီတာခ လျှော့ချပေးလိုက်တာ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  • စိတ်ဒဏ်ရာများအလွန် မျှော်လင့်နေဆဲ အိမ်ပြန်ချန် (Episode 3)

    မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာ ထွက်ပြေးလာသူတွေ ဘယ်လိုစိတ်ဒဏ်ရာတွေနဲ့ ဘဝကို ဖြတ်သန်းနေကြရပါသလဲ။


    စိတ်ဒဏ်ရာတွေသက်သာစေဖို့ ဘယ်လိုနည်းလမ်းတွေရှိပါသလဲ။ စိတ်ပညာရှင်က ဘယ်လိုတွေအကြံပြုမလဲ ဆိုတာတွေကို နားဆင်နိုင်ပါပြီ။

    20 min
  • ထိုင်းရောက် မြန်မာလုပ်သားတွေ သိဖို့

    အာဏာသိမ်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ အထွေထွေ အကျပ်အတည်းကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာပါတယ်။


    ဒါကြောင့်မြန်မာနိုင်ငံသားတွေက အလုပ်အကိုင် အခွင့်အလမ်းပေါများတဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်နေကြရပါတယ်။


    ထိုင်းနိုင်ငံထဲမှာ နေထိုင်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ မဖြစ်မနေ သိရှိရမယ့် ဥပဒေတွေရှိပါတယ်။


    ဒီဥပဒေတွေကို သိရှိထားမှသာ အန္တရာယ်ကင်းကင်းနဲ့ နေထိုင်လုပ်ကိုင်နိုင်မှာ ဖြစ်တာကြောင့် မဖြစ်မနေသိသင့်တဲ့ ဥပဒေတွေကို ဖော်ပြပေးလိုက်ပါတယ်။

    8 min
  • ဒီဇင်ဘာလ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိတဲ့အကြောင်း


    - ရေဖြူမြို့နယ်မှာ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သ တ်ခဲ့တာ


    - သထုံမြို့နယ်အခြေစိုက် ရှင်သန်ခြင်းတွဲလက် လူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အကြောင်း


    - ထိုင်းရောက် မြန်မာအလုပ်သမားနှစ်ရာကျော် လုပ်အားခ ဘတ်လေးသန်းကျော်မရတဲ့အပြင် အလုပ်ပါအထုတ်ခံရတဲ့ အခြေအနေ


    - တရုတ်ကြားဝင်ညှိနှိုင်းပေးလို့ အပစ်ရပ်ထားတဲ့အချိန် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်တို့ တိုက်ပွဲပြန်ဖြစ်တဲ့ အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • စစ်ရှောင်စခန်းမှာ ရက်များစွာ မျှော်လင့်နေဆဲ အိမ်ပြန်ချိန် (Episode 2)

    မြန်မာနိုင်ငံရဲ့ စနစ်ဆိုးကြောင့် ကိုယ့်မွေးရပ်မြေကို စွန့်ခွာပြီး ရက်ပေါင်းတစ်သောင်းကျော် စစ်ဘေးရှောင်နေရသူ တစ်ဦး။ သူဘာတွေကြုံတွေ့ခဲ့ရလဲ။


    ဘယ်လိုစိတ်ဓာတ်ရာတွေရရှိခဲ့လဲ။ အဆိုးရွားဆုံး နေ့ရက်တွေကို ဘယ်လို ဖြတ်ကျော်ခဲ့လဲဆိုတာကို ဒီအစီအစည်မှာ နားဆင်ရမှာပါ။

    11 min
  • ဒီဇင်ဘာလ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီက ထုံခါ - မောတောင် လမ်းပိုင်း ဖြတ်သန်းသွားလာသူတွေကို သတိပေးထားတဲ့အကြောင်း


    - လောင်းလုံးမှာ မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက နေအိမ် မီးရှို့သွားတာ


    - လောင်းလုံး ပကဖ က ဖမ်းသွားတဲ့ PDF ရဲဘော်နှစ်ဦး ပြန်လွတ်လာတဲ့အကြောင်း


    - စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ် မင်းဒပ်ရွာကိုဝင်ရောက်ရှာဖွေပြီး ဆိုင်ကယ်နဲ့ ရွှေငွေတွေ ယူဆောင်သွားတဲ့အကြောင်း


    - မွန်ပြည်နယ်က ထွေအုပ် ဒုဦးစီးမှူးကို အကြမ်းဖက်ဥပဒေတွေနဲ့ အမှုဖွင့်ခဲ့တဲ့အခြေအနေ


    - ရှမ်းမြောက်က နမ့်ခမ်းမြို့ကို TNLA ထိန်းချုပ်လိုက်တဲ့အကြောင်းအပါအဝင်


    - ရွှေ နဲ့ ထိုင်း ဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • အမှောင်ဆုံးနေရက်များ မျှော်လင့်နေဆဲ အိမ်ပြန်ချိန် (Episode 1)

    ဆယ်ကျော်သက်အရွယ်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ ဘဝရည်မှန်းချက် တွေရှိသလို ဒီရည်မှန်းချက်တွေကို အရောက်လှမ်းမယ့် ခွန်အားတွေအပြည့် ရှိတဲ့အရွယ်ပါပဲ။


    ဒီလိုအရွယ်ကောင်းမှာ မမျှော်လင့်တဲ့ တိုင်းပြည်ရဲ့ စနစ်ဆိုးကြောင့် စစ်ရှောင်စခန်းကို ထွက်ပြေးရောက်ရှိသွားချိန်မှာတော့ ဘာတွေကြုံတွေ့ခံစားရမလဲ။ ဘယ်လိုရင်ဆိုင် ကျော်လွှားခဲ့ရလဲ။


    ဒီနေ့အစီအစဉ်မှာတော့ စစ်ရှောင်စခန်းကို အသက် ၁၄ နှစ်အရွယ်မှာ မမျှော်လင့်ဘဲ ရောက်သွားခဲ့သူ တစ်ယောက်အကြောင်းကို တင်ဆက်ထားပါတယ်။

    11 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။