Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ဒီဇင်ဘာလ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့မှာ နေအိမ်‌လေး‌ဆောင် မီးလောင်တဲ့အကြောင်း


    - သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာမှာ မိုင်းပေါက်ကွဲခဲ့လို့ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တာ


    - တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင် နှစ်သန်းကျော်အထိရှိလာတဲ့အခြေအနေ


    - သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ပြီးတာဝန်ပေးအပ်ခဲ့တယ်ဆိုတဲ့အကြောင်း


    - မွန်ပြည်နယ်ရေးမြို့မှာ လျှပ်စစ်မီတာခ တစ်ယူနစ်ကို ကျပ်နှစ်ထောင်ပေးသုံးနေရတဲ့အခြေအနေ


    - ရွှေနဲ့ ဘတ်ဈေးအကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ထားဝယ်မှာ ၁၁ နာရီအတွင်း နှစ်နေရာဆက်တိုက်မီးလောင်

    ထားဝယ်မြို့ နယ်မှာ ဒီဇင်ဘာလ၁၈ ရက်နေ့ည ၁၀ နာရီကနေစပြီး ၁၁ နာရီအတွင်း နှစ်နေရာဆက်တိုက် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။


    လျှပ်စစ်မီးအပူလွန်ကဲရာကနေ ဖြစ်ပေါ်တဲ့ ဒီမီးလောင်မှုအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

    2 min
  • ဒီဇင်ဘာလ ၁၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဒေါနစစ်ကြောင်းရဲ့ တပ်ခွဲအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တဲ့အကြောင်း


    - မောရဝတီရေတပ်က ကံပေါက်ဒေသခံလေးဦးကို ဖမ်းဆီးထားတဲ့အကြောင်း


    - ရှမ်းမြောက်ပိုင်း နမ့်ဆန်မြို့ကို TNLA က အလုံးစုံသိမ်းပိုက်လိုက်တဲ့သတင်း


    - ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်နေတဲ့အခြေအနေ


    - စစ်ကောင်စီသံရုံးကို ဝင်ငွေခွန်မပေးရေး ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးအရှေ့ မှာ ဆန္ဒပြတာ


    - ထိုင်းတောင်ပိုင်းမှာ ယာဉ်တိုက်မှုဖြစ်လို့ ကားပေါ်ပါ တရားမဝင် မြန်မာအလုပ်သမားတစ်ဆယ်ကျော် အဖမ်းခံရတဲ့ အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ထားဝယ်ဒေသက ဦးရှင်ကြီးနတ်တင်တဲ့ဓလေ့

    ဒီနေရာမှာလက်သွက်တဲ့သူက တပန်းသာတာပေါ့။


    ကျွန်တော်တို့ဆီမှာ လက်သွက်ခြေသွက်ရှိတဲ့သူကို ခိုင်းနိုင်းတဲ့စကားပုံတောင်မှရှိသေးတယ်။


    “လက်သွက်လိုက်ပုံများ ဦးရှင်ကြီးလက်ကျနေတာပဲ” တဲ့ ကျွန်တော်တို့ငယ်ငယ်က ကြုံရတာတွေကတော့ ပျော်စရာကောင်းခဲ့သလို အခုတော့ လွမ်းစရာလေးတွေ ဖြစ်သွားရပါပြီ။


    ဒီတစ်ပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ ထားဝယ်ဒေသက ဦးရှင်ကြီးနတ်တင်တဲ့ဓလေ့ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

    10 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    11 min
  • Dawei Watch ရဲ့တစ်ပတ်တာ ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲများ

    အခုဆိုရင် ပရီးမီးယားလိဂ်က ပွဲစဉ် ၁၇ ဆီကို ရောက်လာခဲ့ပါပြီ။


    မကြာခင်မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲကျပ်တွေ ဝင်လာတော့မှာဖြစ်သလို ရာသီဝက်ချန်ပီယံ ဘယ်အသင်းဖြစ်မလဲဆိုတာကိုလည်း တွေ့ကြရတော့မှာပါ။


    အခုတစ်ပတ်မှာ အကြိတ်အနယ် ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးနဲ့ မန်ယူတို့ ထိပ်တိုက်တွေ့တဲ့ပွဲစဉ်ရှိနေပါတယ်။


    အခုတစ်ပတ်ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲကောင်းတွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    6 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • ဒီဇင်ဘာလ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တော်လှန်ရေးရဲဘော်နှစ်ဦးကို လောင်းလုံးပကဖက ဖမ်းထားလို့ တော်လှန်ရေးအဖွဲ့တွေအကြား အခြေအနေတင်းမာနေတဲ့အကြောင်း


    - စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်မှာ ပြည်သူပိုင်ပစ္စည်းတွေ ယူဆောင်သွားတဲ့ အကြောင်း


    - ကံပေါက်ဒေသ အဝင်လမ်းတွေကို စစ်ကောင်စီတပ်ပိတ်ထားတဲ့အခြေအနေ


    - စစ်ကောင်စီစခန်း ၁၄၀ ကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်တဲ့ အကြောင်း


    - ရှမ်းပြည်နယ်က စစ်ကောင်စီတပ်ပိုင် ရွှေဖီဦးစက်ရုံကို TNLA က သိမ်းယူလိုက်တဲ့သတင်း အပါအဝင်


    - ထိုင်းရောက် မြန်မာလုပ်သားတွေဆီကနေ စစ်ကောင်စီက ဝင်ငွေခွန် စကောက်တဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဒီဇင်ဘာလ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - သရက်ချောင်းမြို့နယ် ဥတ္တူးရွာက နေအိမ်နှစ်ဆောင်ကို စစ်‌ကောင်စီတပ်က မီးရှို့လိုက်တဲ့အကြောင်း


    - လောင်းလုံးမြို့နယ် ညင်းမော်ရွာမှာ စစ်ကောင်စီတပ်က ရွှေ၊ငွေ၊ ဆိုင်ကယ်နဲ့ လက်ကိုင်ဖုန်း အမြောက်အများကို သိမ်းဆည်းယူဆောင်သွားခဲ့တဲ့အခြေအနေ


    - မြိတ်မြို့မှာ ဝန်ကြီးဟောင်းတစ်ဦးရဲ့နေအိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာ


    - ပုလောမြို့ကထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အကြောင်း


    - မြန်မာပြည်ထုတ် မူးယစ်ဆေးဝါး သန်း ၅၀ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့တာ


    - ရွှေနဲ့ ဘတ်ဈေးကွက်အတက်အကျ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။