Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ဒီဇင်ဘာလ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးမြို့ စရဖရုံး တိုက်ခိုက်ခံရတဲ့အကြောင်း


    - ထားဝယ်မှာစက်သုံးဆီ ပြတ်လတ်လို့ အကန့်အသတ်နဲ့ ရောင်းချနေရတဲ့အကြောင်း


    - ကော့သောင်းမှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ KNLA တပ်သားတစ်ဦးနဲ့ အရပ်သားတစ်ဦးသေဆုံးခဲ့တာ


    - လောင်းလုံးမှာ လက်နက်ကိုင်တစ်စုဖမ်းခေါ်သွားတဲ့အမျိုးသား သေဆုံးလျှက်ပြန်တွေ့တဲ့အခြေအနေ


    - ကရင်အမျိုးသားလူငယ်တစ်ဦးကို ထောင်တွင်းတရားရုံးက နှစ်ရှည်ထောင်ဒါဏ်ချခဲ့တဲ့အကြောင်းနဲ့


    - ထိုင်းသတင်းတွေအပါအဝင်


    - ယနေ့ ရွှေ နဲ့ ဘတ် ဈေးအတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

    အခုတစ်ပတ် ကြားရက်ထဲကို ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဝင်ရောက်လာပါတယ်။


    ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ကို ယှဉ်ပြိုင်ပြီးရင် စနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်ရက်တွေကို ရောက်တာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ က ဆက်လက်ဝင်ရောက်လာမှာပါ။


    ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ကန်ပြီးရင် ဥရောပပြိုင်ပွဲတွေ ပါဝင်ခွင့်ရထားတဲ့ ပရီးမီးယားလိဂ်အသင်းတွေအတွက် ဥရောပပွဲစဉ်တွေက ဆက်လက် စောင့်ကြိုလို့ နေပြန်ပါတယ်။


    ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ မှာလည်း ပွဲကြီးပွဲကောင်းတွေ ပါဝင်နေလို့ Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    6 min
  • ဒီဇင်ဘာလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ပြည်ထောင်စုလမ်းပေါ်က ဇီးကျတိုးဂိတ်ကို မီးရှို့ခဲ့တဲ့အကြောင်း


    - တနင်္သာရီက ဆင်ဖြူရှင်အကျဥ်းစခန်းကို တောင်ပိုင်းညီနောင် စစ်ကြောင်းက မီးရှို့ခဲ့တဲ့ အခြေအနေ


    - နယ်စည်းမခြားအဖွဲ့က HIV လူနာကုသတဲ့လုပ်ငန်းတွေကို ရပ်နားလိုက်တဲ့အကြောင်း


    - လက်နက်ကိုင်တစ်စုကဖမ်းသွားတဲ့ လောင်းလုံးမြို့နယ်နေသူတစ်ဦး ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေးတဲ့ အခြေအနေ


    - ရေဖြူမြို့နယ်က ကရင်လူမျိုးတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချလိုက်တဲ့အကြောင်း


    - နေပြည်တော်နဲ့ မိုင်တစ်ရာကျော်ပဲဝေးတဲ့ မုန်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတပ်တွေက သိမ်းလိုက်တဲ့အကြောင်း


    - ထိုင်းကို MoU စနစ်နဲ့လာတဲ့ မြန်မာအလုပ်သမားတွေ အလှည့်ကျအလုပ်ဆင်းနေရလို့ အခက်အခဲဖြစ်နေတဲ့ အကြောင်း အပါအဝင်


    - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဒီဇင်ဘာလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်ထောင်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ခံရတဲ့အကြောင်း


    - ထားဝယ်-ထီးခီးလမ်းကို ညပိုင်းမသွားလာကြဖို့ အသိပေးတာ


    - မြိတ်၊ တုံးဗျောကြီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်တဲ့အခြေအနေ


    - မြိတ်မှာ စစ်ကောင်စီထောက်ခံပွဲ လုံခြုံရေးအထပ်ထပ်နဲ့ ပြုလုပ်တာ


    - လောင်းလုံးမှာ သပိတ်လှုပ်ရှားမှု ပြုလုပ်တဲ့အကြောင်း


    - မောရဝတီရေတပ်က ကင်းလှည့်ကား သစ်ပင်နဲ့တိုက်မိတာ


    - မြန်မာစစ်ဘေးရှောင်တွေကို လက်ခံဖို့အဆင်သင့်ပဲလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောဆိုတဲ့အကြောင်း


    - ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ဗီလိန်ဘက်မှာ အားလုံးသူ ဝင်ရပ်ဖြစ်မယ့်ဇာတ်ကား (သို့မဟုတ်) GHOST

    Jackal နဲ့ Law Abiding Citizen ဇာတ်ကားကို ကြိုက်ရင် Ghost လို့ နာမည်ပေးထားတဲ့ ဒီဇာတ်ကားကို ကြိုက်မှာ သေချာပါတယ်။


    တစ်ခုပါပဲ။ ဒီဇာတ်ကားဟာ ဘောလိဝုဒ်အဆင့်နဲ့ရိုက်ထားတာမျိုးမဟုတ်ဘဲ တောင်ပိုင်းကားဖြစ်နေတာကြောင့် တောင်ပိုင်းကားရဲ့အငွေ့အသက်တွေ ပါဝင်နေတာပဲဖြစ်ပါတယ်။


    ဒါပေမဲ့ ဇာတ်အိမ်ပိုင်းမှာ Jackal နဲ့ Law Abiding Citizen တို့ထက် အပြတ်သာလွန်ပါတယ်။


    မြန်မာအနေနဲ့ပြောရရင် နယ်ကြိုက်ကားသဘောမျိုးဖြစ်နေလို့ နယ်ကြိုက်ဇာတ်ဝင်ခန်းတချို့ကို ထည့်သုံးထားရတာတစ်ခုကလွဲရင် ကျန်တဲ့ဘက်မှာ ပြီးပြည့်စုံနေတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။


    ဇာတ်လမ်းဇာတ်အိမ်က အရမ်းကို ကောင်းမွန်သပ်ရပ်လွန်းပါတယ်။


    ဇာတ်လမ်းအစကနေ ကြည့်နေချိန် ၁ နာရီကျော်လာတဲ့အထိ ကြည့်ရှုသူရဲ့စိတ်တွေဟာ ရဲအရာရှိဘက်မှာပဲ ရှိနေပါလိမ့်မယ်။


    အတိတ်ဖြစ်စဉ်တစ်ခုကို ကြည့်လိုက်ပြီးတာနဲ့ ရဲအရာရှိဘက်ကိုရောက်နေတဲ့စိတ်အားလုံးဟာ ဗီလိန်ကို အားပေးတဲ့ဘက်ဆီ ကူးပြောင်းသွားပါလိမ့်မယ်။


    ဘာလုပ်လုပ် ဗီလိန်ကြီး တစ်ကွက်သာနေပါစေ၊ ဒီရဲတွေကို ပြလိုက်စမ်းပါ၊ နောက်ဆုံးဇာတ်သိမ်းအထိ ဗီလိန်ကြီးရေ…အကွက်လှလှနဲ့ ရိုက်ချထည့်လိုက်စမ်းပါလို့ ဗီလိန်ဘက်မှာ ဝင်ရပ်မိအောင် ရိုက်ကူးပြသွားတာက သိပ်လှလွန်းပါတယ်။


    ကြည့်စေချင်လို့ ညွှန်းမိတဲ့ဇာတ်ကားပါပဲ။ ဇာတ်ကားနာမည်က Ghost ဖြစ်ပါတယ်။

    6 min
  • တနင်္သာရီရိုးရာ နတ်လမ်းပြ နဝဒတ် (နဝထပ်)အိုင်နှင့် လက်ယာရစ် ချည်ချည်ခြင်းဓလေ့

    တနင်္သာရီတိုင်းရှိ ရိုးရာဓလေ့များထဲတွင် ချည်ချည်ခြင်း ဓလေ့ကို ပုံစံအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးနှင့် ယနေ့တိုင် အစီအရင် ပြုလုပ်နေကြသည်။


    ယခုအပတ် ဓလေ့သမိုင်းအစီအစဉ်တွင် တနင်္သာရီရိုးရာ ချည်ချည်ခြင်း ဓလေ့အကြောင်း ဖော်ပြပေးလိုက်ရပါသည်။

    18 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ နိုဝင်ဘာလ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။


    ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (နိုဝင်ဘာလ ၂၆ ရက်ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    11 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min
  • Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

    ဒီတစ်ပတ်မှာ လိဂ်ပွဲစဉ်ကောင်းတွေ အများအပြားရှိလို့နေပါတယ်။


    ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ မှာဆိုရင်လည်း အားပြိုင်မှုပြင်းထန်မယ့်ပွဲတွေက အသင့်စောင့်ကြိုနေတာပါ။


    နယူးကာဆယ်နဲ့ မန်ယူ၊ မန်စီးတီးနဲ့ စပါးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲတွေဟာ ပွဲစဉ်ကောင်းတွေ ဖြစ်လာပါလိမ့်မယ်။


    အသင်းအများစုဟာ ပွဲကျပ်တွေ ဆက်တိုက်ကစားရပြီး ပွဲပန်းစပြုနေပါပြီ။


    အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲကနေ အသင်းကြီးတွေ ယှဉ်ပြိုင်ကစားမယ့်ပွဲကောင်းတွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။'

    7 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။