Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min
  • Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

    Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေပြီး ပြန်လည် ကြိုဆိုလိုက်ပါတယ်။


    အခုတပတ်မှာတော့ လိဂ်ပွဲစဉ်တွေ ပြန်ဝင်လာခဲ့ပြီဖြစ်လို့ ပရိသတ်တွေက စိတ်လှုပ်ရှားမှု မြင့်တက်နေမှာပါ။


    ၁၀ မှတ်လျှော့ပြစ်ဒဏ် ကျခံထားရတဲ့ အဲဗာတန်ကို ရင်ဆိုင်ရမယ့် မန်ယူအနေနဲ့ အဲဗာတန်ရဲ့အိမ်ကွင်းမှာ ရလဒ်ကောင်းနိုင်ပါ့မလားဆိုတာက စိတ်ဝင်စားစရာကောင်းသလို ပွဲကြီးပွဲကောင်းအဖြစ် ယှဉ်ပြိုင်ရမယ့် မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ပွဲစဉ်ကလည်း ကြည့်ကောင်းပါလိမ့်မယ်။


    စပါးနဲ့ အက်စတွန်ဗီလာတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကလည်း ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ ရှိနေပါတယ်။


    ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    6 min
  • နိုဝင်ဘာလ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးမြို့နယ်ထဲက ရေလုပ်သားတွေနေထိုင်တဲ့ တဲတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့အကြောင်း


    - ထားဝယ်မြို့သစ်မှာ သေနတ်သံတွေ ထွက်ပေါ်ခဲ့တဲ့ အခြေအနေ


    - ဘုတ်ပြင်းမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အကြောင်း


    - ရေးမြို့ပေါ်မှာ PDFနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုဖြစ်တဲ့သတင်း


    - မုန်တိုင်းဖြစ်လာနိုင်ပြီး လှိုင်းကြီးနိုင်တာကြောင့် ရေလုပ်သားတွေကို သတိပေးထားတဲ့အခြေအနေ


    - မြိတ် သစ်ယာဝကျေးရွာအုပ်စုကို စစ်ကောင်စီတပ်သားတွေ ဝင်လာလို့ ရွာသားတွေထွက်ပြေးကြတဲ့သတင်း


    - ဘန်ကောက်မှာ မြန်မာအလုပ်သမားတွေ ဘတ် ၁၀သိန်းနီးပါး အလိမ်ခံရတဲ့သတင်း အပါအဝင်


    - အစ္စရေးနဲ့ ဟားမတ်စ် လေးရက်ကြာ ယာယီအပစ်ရပ်တဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • နိုဝင်ဘာလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့နယ်ထဲက ကျောက်မဲတောင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်တဲ့အကြောင်း


    - ဌာနဆိုင်ရာဝန်ထမ်းတွေ CDM လုပ်ကြဖို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတိပေးလိုက်တဲ့အကြောင်း


    - ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီဒုတပ်ရင်းမှူးတစ်ဦး ပစ်သ တ်ခံရတာ


    - အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမား အကျယ်ပြန့်ဆုံးတိုက်ပွဲဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်တဲ့အကြောင်း


    - ထားဝယ်ဒေသမှာ ဆားရောင်းအား သိသိသာသာကျနေတဲ့ အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • နိုဝင်ဘာလ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ရေတပ်သင်္ဘောကျင်းက တပ်ကြပ်ကြီးတစ်ဦး ပုလောပြည်သူ့ကာကွယ်ရေးတပ်ဆီ ခိုလှုံလာတဲ့အကြောင်း

    - ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့လေးရက်အတွင်း အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီး နှစ်ဦးအဖမ်းခံရတဲ့အကြောင်း

    - တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပေါက်တောက ပြည်သူတစ်ရာကျော်ကို AA ကယ်ထုတ်တဲ့အခြေအနေ

    - ကော့သောင်းက ဝင်လာတဲ့ မြန်မာတွေ ရနောင်းမှာ ဖမ်းဆီးခံရတဲ့အကြောင်း

    - အွန်လိုင်းကနေ အိုင်ဖုန်းဝယ်တဲ့ ထိုင်းရောက်မြန်မာတစ်ဦး အလိမ်ခံရတဲ့အကြောင်း အပါအဝင်

    - ရွှေ နဲ့ ထိုင်းဘတ်ဈေးအတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • နိုဝင်ဘာလ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီတိုင်းထဲက ပုဂ္ဂလိကဘဏ်တွေမှာ အကန့်အသတ်နဲ့ပဲ ငွေထုတ်နေရတဲ့အကြောင်း


    - ထားဝယ်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး ကားသမားတစ်ဦး ပစ်သ တ်ခံရတာ


    - သရက်ချောင်းက ဝဲရစ်ရွာသားတစ်ဦး ပစ်သ တ်ခံရတာ


    - အခါလွန်မိုးကြောင့် လယ်သမားနဲ့ ရော်ဘာတောင်သူတွေ အခက်ကြုံနေရတဲ့အကြောင်း


    - လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားသုံးရာလောက်ကို ကယ်ထုတ်နိုင်ခဲ့တဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • နေရောင်ကို ၆၅ ရက် မြင်ခွင့်မရှိတဲ့ ကမ္ဘာပေါ်က မြို့တစ်မြို့

    ကမ္ဘာပေါ်မှာ နေရောင်ခြည်ကို ၆၅ ရက်ကြာ မြင်ခွင့်မရှိတဲ့ မြို့လေးတစ်မြို့ ရှိပါတယ်။ အမှောင်လွှမ်းတဲ့ ကမ္ဘာကြီးလို့ ပြောရမယ့်နေရာလေးပေါ့။


    အဲ့ဒီနေရာမှာ နေထိုင်တဲ့ လူသားတွေဟာ နေရောင်ခြည်ကို ပြန်လည်မြင်တွေ့ခွင့်ရဖို့အတွက် ၂ လကျော်ကြာ စောင့်ဆိုင်းရလေ့ရှိပါတယ်။ ကမ္ဘာမြေကြီးဟာ ထူးခြားဆန်းကြယ်လှပါတယ်။


    လူသားတွေ လိုက်မမီနိုင်လောက်တဲ့ ထူးခြားဆန်းကြယ်မှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့နေရာတွေ အများအပြား ရှိလို့နေပါတယ်။


    တစ်ခါတလေကျတော့လည်း အခုလို နေရောင်ခြည် မမြင်ရတဲ့ ၆၅ ရက်ကို အဲ့ဒီဒေသမှာ နေထိုင်သူတွေ ဘယ်လိုနည်းနဲ့ ရှင်သန်ဖြတ်သန်းကြသလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။


    ကမ္ဘာကြီးပေါ်မှာ နေရောင်ခြည်ကို ၆၅ ရက်ကြာ မြင်တွေ့ခွင့်မရှိတဲ့မြို့လေးဆီကို ဒီဗီဒီယိုဖိုင်လေးနဲ့အတူ အလည်သွားကြည့်ကြပါစို့။

    4 min
  • နိုဝင်ဘာလ ၂ဝ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့မှာ အမျိုးသားတစ်ဦး ပစ်သ တ်ခံရတဲ့အကြောင်း


    - နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မူးဒူးရွာမှာ တိုက်ခိုက်ခံရတာ


    - မွန်နဲ့ ကရင်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ ချောင်းနှစ်ခွတံတား မိုင်းခွဲခံရတာ


    - ထားဝယ်တက္ကသိုလ်တက်မယ့် ကျောင်းသား ရာဂဏာန်း တောင်မပြည့်တဲ့ အခြေအနေ


    - ထိုင်းတောင်ပိုင်းမှာ ကားတိုက်ခံရတဲ့ ပုလောသူရဲ့အလောင်း စွန့်ပစ်ခံရတဲ့အကြောင်း


    - ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    11 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (နိုဝင်ဘာလ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    11 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။