Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • အဓိကရုဏ်းဖြစ်စဉ်တိုင်းရဲ့နောက်ကွယ်မှာ လက်မည်းကြီးတွေရှိတယ် (သို့မဟုတ်) Raththam

    ဒီနေ့မှာတော့ Raththam ဆိုတဲ့ တမီလ်ရုပ်ရှင်ကားကို ညွှန်းပေးဖို့ စိတ်ကူးထားပါတယ်။ သိပ်မကြာသေးခင်ကမှ ထွက်ထားတဲ့ဇာတ်ကားလေးပါ။


    မှုခင်းနဲ့ နိုင်ငံရေးကို အခြေခံထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို အခန်းကဏ္ဍ ၃ ခုခွဲပြီး တင်ဆက်ပေးပါမယ်။


    အခန်း(၁)က သတင်းလုပ်ငန်းစဉ်နဲ့ သတင်းသမားတစ်ယောက် ဖြတ်သန်းနေရပုံ ဖြစ်ပါတယ်။


    အခန်း(၂)ကတော့ ဒီဘက်ခေတ်ထဲမှာ အဓိကရုဏ်းဖြစ်စဉ်တွေကြီးတွေကို ဘယ်လိုနည်းလမ်းနဲ့ ပုံစံတကျ အကွက်ချဖန်တီးသလဲဆိုတာပါပဲ။


    အခန်း(၃)က အဓိကရုဏ်းဖြစ်စဉ်ကို ပါးနပ်စွာ အခင်းအကျင်းလုပ်ဖို့ ဘယ်လိုပညာရှင်တွေကို သုံးထားသလဲနဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေတတ်သလဲကို ဒီဇာတ်ကားက ပါးပါးနပ်နပ်နဲ့ ပြသသွားခဲ့ပါတယ်။


    ဇာတ်လမ်းအစမှာ ဇာတ်လမ်းက အနည်းငယ် လေးအီသလို ရှိပေမယ့် မိနစ် ၃၀ လောက် ကျော်လွန်သွားတာနဲ့တပြိုင်နက် ဇာတ်လမ်းအဆုံးကို ရောက်တဲ့အထိ ဆွဲခေါ်သွားပါလိမ့်မယ်။


    ဇာတ်လမ်းဇာတ်အိမ်ကို သေသေချာချာ တည်ဆောက်ထားတယ်လို့ ပြောနိုင်တဲ့ဇာတ်ကားပါပဲ။


    တမီလ်ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း တချို့ဖိုက်တင်ခန်းတွေကို ပရိသတ်အကြိုက်ဖြစ်အောင် မင်းသားအစွမ်း အံ့မခန်းအဖြစ် ရိုက်ကူးတင်ဆက်ထားတာလေးတစ်ချက်လောက်ကိုပဲ အားနည်းချက်အဖြစ် ပြောပြချင်ပါတယ်။

    7 min
  • စောင်းတန်းလှေကားထစ်လေးများ

    စေတီကြီးရှိရာ ရင်ပြင်တော်သို့ တက်ကြသည်။ မြင်ကွင်းကားလှပါဘိ။ ကလိန်အောင်ရွာကလေးမှာ တောအုပ်အကြား မထင်ရှား။ တနင်္သာရီရိုးမမှ မြစ်ဖျားခံလာသော ထားဝယ်မြစ်၏ မြစ်ဖျား၊ ကလိန်အောင်ချောင်း နှင့် သံတံတားကြီးကို မြင်ရသည်။ တောတောင်များကား စိမ်းလန်းလှပလွန်းလှပါ၏။ စေတီတော်ကြီးကား သပ္ပါယ်စွာ စံနေတော်မူသည်။


    ထားဝယ်မြို့မှသည် ၄၅ မိုင်ခန့် ဝေးသည့် ကလိန်အောင်ရွာကလေး၏ တစ်ဖက်ကမ်း တောင်ပေါ်တွင် တည်ရှိသည့် ဆံတော်ရှင် စေတီသို့ ဘုရားဖူးခရီးသွားခဲ့သည့် အတိတ်မြင်ကွင်းကို ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

    14 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • နိုဝင်ဘာလ ၁၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မြိတ်မြို့မှာ စစ်ဘေးရှောင်တွေ အိမ်ငှားရခက်ခဲနေတဲ့အကြောင်း


    - ထားဝယ်မြို့နယ်က စစ်ကောင်စီတပ်ဂိတ်နှစ်ခုကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အကြောင်း


    - ကျွန်းစုမှာ ဈေးဝယ်ထွက်လာတဲ့ PDF နှစ်ဦးနဲ့ အရပ်သားသုံးဦး ပစ်ခတ်ခံရတဲ့အကြောင်း


    - သရက်ချာင်းမှာ လင်မယားနှစ်ဦး အသ တ်ခံရတဲ့သတင်း


    - ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦး ခေါင်းကို စက်ညှပ်မိပြီး သေဆုံးသွားတဲ့သတင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • နိုဝင်ဘာလ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်ဆေးရုံမှာ ဆေးမပေးတော့လို့ ပြင်ပဆေးဆိုင်ကဝယ်ပြီး ကုနေရတဲ့အကြောင်း


    - ကလိန်အောင်မြို့နားမှာ ပစ်ခတ်သံတွေထွက်ပြီးနောက် စစ်ကောင်စီတပ်နယ်စာသင်ကျောင်း ပိတ်ထားတဲ့အခြေအနေ


    - ‘ယှဉ်တွဲတော်လှန် လူထုတိုက်ပွဲအသံ’ လူငယ်စကားဝိုင်း ပြုလုပ်မယ့်အကြောင်း


    - ဝက်ဈေးကျနေလို့ မြိတ်ဒေသက မွေးမြူရေးသမားတွေ အရှုံးပေါ်နေကြတာ


    - ကျွန်းစုမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေလို့ စပါးမရိတ်သိမ်းနိုင်ဘဲ ဖြစ်နေတဲ့အခြေအနေ


    - ထိုင်းရောက်မြန်မာတွေ CI စာအုပ်ပျောက်ဆုံးရင် နိုင်ငံကူးလက်မှတ် PJ လျှောက်လို့ရပြီဆိုတဲ့အကြောင်း


    - တနင်္သာရီတိုင်းမှာ အခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျရောက်နိုင်တဲ့အကြောင်း အပါအဝင်


    - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • နိုဝင်ဘာလ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်နားမှာ စစ်ကောင်စီတပ်သားတွေ အပစ်ခံရတဲ့အကြောင်း


    - ဝန်ထမ်းတွေ ဝိတ်လျော့ဖို့ တနင်္သာရီတိုင်းစစ်ကောင်စီက ညွှန်ကြားထားတဲ့အကြောင်း


    - မြိတ်မြို့နယ်ထဲ စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရတဲ့ အခြေအနေ


    - ရေဖြူမြို့နယ်ထဲ သတ္တုတူးဖို့ စက်ယန္တရားတွေနဲ့ ဝင်လာသူတွေကို ဒေသခံနှစ်ရာကျော်က ကန့်ကွက်ပြီး နှင်လွှတ်လိုက်တဲ့ အကြောင်းအပါအဝင်


    - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • နိုဝင်ဘာလ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှာကို စိုးရိမ်တဲ့အတွက် တနင်္သာရီမြို့နယ်က ဒေသခံတွေ ရွာလုံးကျွတ်ပြောင်းရွှေ့နေကြတဲ့အကြောင်း


    - အဖမ်းခံထားရတဲ့ ထားဝယ်အမျိုးသမီသမဂ္ဂဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ကို ပုဒ်မနှစ်ခုနဲ့ တရားစွဲဖို့ စစ်ကောင်စီက ပြင်နေတဲ့အကြောင်း


    - သရက်ချောင်းမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးပိုင်ဆိုင်တဲ့ ရေခဲပုံးအလွတ်တွေကို သိန်းငှက်ပြောက်ကျား တပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်တဲ့အကြောင်း


    - မွန်ပြည်နယ် ချောင်းနှစ်ခွကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦး လက်နက်ချ အညံ့ခံလိုက်တဲ့အခြေအနေ


    - ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်တဲ့အကြောင်း


    - မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတစ်ဦး ကြိုးဆွဲချသ တ်သေသွားတဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • နိုဝင်ဘာလ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးမြို့က နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့တဲ့အကြောင်း


    - ထားဝယ်ထောင်က အရာရှိအပါအဝင် ဝန်ထမ်းခုနှစ်ဦး ထွက်ပြေးတာ


    - ကျွန်းစုမြို့မှာ စစ်ရေးတင်းမာနေလို့ ဒေသခံတွေ စတင်စစ်ဘေးရှောင်တဲ့အကြောင်း


    - လက်နက်ကိုင်အဖွဲ့တစ်ခုက သ တ်ပြီးမြှုပ်ထားတဲ့အလောင်း ၁၀ လောင်းကျော် တွေ့တဲ့ အခြေအနေ


    - ရခိုင်မှာ တိုက်ပွဲစဖြစ်တဲ့ အကြောင်း


    - NUG ရဲ့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးဘီဝင်း ကွယ်လွန်တာ


    - ကွမ်းသီးဈေး ထိုးကျလို့ တောင်သူတွေ အခက်တွေ့တာ


    - ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • KNU တပ်မဟာ(၄) အတွင်းရေးမှူး(မြိတ်-ထားဝယ်ခရိုင်) ပဒိုအယ်နာနှင့် တွေ့ဆုံခြင်း

    နိုင်ငံတစ်ဝန်း တော်လှန်ရေး ရေချိန်မြင့်တက်နေသလို တနင်္သာရီတိုင်းမှာ စစ်အာဏာရှင် တိုက်ထုတ်ရေး လုပ်ဆောင်မှုတွေက အရှိန်ကောင်းနေပါတယ်။

    ဒါပေမဲ့ စစ်အာဏာရှင်နဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ တနင်္သာရီတိုင်းက ကရင်လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ KNU တပ်မဟာ(၄)နဲ့ ကော်သူးလေအာမီတို့အကြား တင်းမာမှုတွေကလည်း ပြင်းထန်လာနေပါတယ်။

    နှစ်ဖက်အပြန်အလှန် စစ်ရေးပြင်ဆင်နေတယ် ဆိုတာမျိုးတွေလည်း ကြားသိရပါတယ်။

    ဒီအပေါ်မှာ ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေက အားမလိုအားမရဖြစ်နေကြပါတယ်။

    ဘုံရန်သူကို တိုက်မယ့်အစား ကိုယ့်အချင်းချင်းတိုက်ခိုက်မှုတွေ ဖြစ်နေတာ ရပ်သင့်ပြီဆိုတာမျိုး ထောက်ပြပြောဆိုမှုတွေလည်းရှိပါတယ်။

    ဒါကြောင့် ဒီအခြေအနေနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၄) အတွင်းရေးမှူး(မြိတ်-ထားဝယ်ခရိုင်) ပဒိုအယ်နာနဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်ပေးလိုက်ပါတယ်။

    11 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။