Sign up to save your podcasts
Or

“စာပို့သမားရဲ့ စက်ဘီးဘဲလ်သံလေး ‘ကလင် ကလင်’ ဟာ နားဝင်ပီယံ။ ပို့စ်မင်းမြင်ရင် မငြိုမငြင်၊ ကြိုချင်ဆိုချင်။ စာအိတ်လေး တယုတယကိုင်ပြီး အိမ်ခန်းထဲပြေးဝင်၊ ကုတင်ပေါ်လှဲဖတ်ပြီး စိတ်ကူးယဉ်အိမ်မက် မက်ရတာ ဘာနဲ့မှမလဲချင်”
ယခုခေတ်တွင် စက်ဘီးလေးနှင့် စာပို့သမားများ မရှိကြတော့။ စာတိုက်ကတစ်ဆင့် စာပို့ပြီး သတင်းစကား ပါးရသည့် ခေတ်မဟုတ်တော့ အင်တာနက်ခေတ်တွင် အားလုံးက မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ။
သို့သော် တစ်ခေတ်တစ်ခါက စာချွန်တော်များအကြောင်းမှာ အမှတ်ရစရာများလှသည်။ အတိတ်၏ လွမ်းမောဖွယ်များပင်။
ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် စာချွန်တော်များအကြောင်း ကိုဖော်ပြပေးလိုက်ပါသည်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
အခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) ယှဉ်ပြိုင်ကစားရတော့မှာပါ။
ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ရဲ့ပွဲစဉ်တွေထဲမှာ ပွဲကောင်းတွေ အများအပြား ပါဝင်လို့နေပါတယ်။
ပြိုင်ပွဲအရပ်ရပ် ၂ ပွဲဆဆက် ရှုံးနိမ့်ထားတဲ့ မန်ယူအတွက် ဖူလ်ဟမ်နဲ့ ကစားရမယ့်ပွဲစဉ်က ပွဲကျပ်နိုင်သလို နယူးကာဆယ်ရဲ့အိမ်ကွင်းဆီကို သွားရောက်ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့ အာဆင်နယ်အတွက်လည်း စိန်ခေါ်မှုက ကြီးမားလွန်းနေမှာပါ။
လီဗာပူးနဲ့ မန်စီးတီးတို့ကတော့ အသင်းငယ်တွေနဲ့ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် ပွဲချောင်နေပါတယ်။
စပါးနဲ့ ချယ်လ်ဆီးတို့ လန်ဒန်မြို့ခံအသင်းအချင်းချင်း ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ဒီတစ်ပတ်ရဲ့ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။
ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်နုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ နိုဝင်ဘာလ ၃ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပုလောမြို့နယ်မှာ ကွမ်းသီး၊ ရော်ဘာတွေကို စစ်ကောင်စီတပ်က သယ်ယူခွင့်ပိတ်ထားတဲ့အကြောင်း
- ကျိုက်ထိုမှာ ခရီးသည်တင်ကား မိုင်းဆွဲခံရပြီး ခရီးသည်ရှစ်ဦးဒဏ်ရာရခဲ့တဲ့အခြေအနေ
- ကလိန်အောင်မြို့ထွက် သံပုရာသီးစျေးကောင်းနေတဲ့အကြောင်း
- မြိတ်မြို့ပေါ်မှာ စစ်ကောင်စီက လုံခြုံရေးထပ်တိုး တင်းကြပ်လာတဲ့သတင်း
- ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်ဆိုတဲ့ သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ခိုလှုံလာတဲ့အကြောင်း
- လေးရှားကိုပို့မယ့် ကျပ်ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ကော့သောင်းမြို့မှာ ဖမ်းမိတဲ့အခြေအနေ
- ရှမ်းမြောက်က မြို့သုံးမြို့ကို လက်လွှတ်လိုက်ရတယ်လို့ စစ်ကောင်စီက ဝန်ခံပြောဆိုလိုက်တာ
- ထိုင်းနိုင်ငံမှာ ရွှေဆွဲကြိုးလုတဲ့ မြန်မာနိုင်ငံသားတစ်ယောက် အဖမ်းခံရတဲ့အကြောင်း
- ရွှေဈေးကွက်အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဒီဇာတ်ကားကို ကြည့်ရှုပြီးရင် သေသေချာချာလေး သိမ်းဆည်းထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ တွဲဖက်ပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဟာ သိပ်မကြာခင်မှာပဲ ထွက်လာဖို့ ရှိနေလို့ပါပဲ။
ဒီဇာတ်ကားဟာ ဂန္ဒီကို သေနတ်နဲ့ပစ်ခတ်လုပ်ကြံခဲ့တဲ့ နာသူရမ်းရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဂန္ဒီအကြောင်း ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကလည်း သိပ်မကြာခင်မှာ ထွက်လာဖို့ရှိနေလို့ ဒီဇာတ်ကားကို ကြည့်ရှုပြီးရင် သိမ်းဆည်းထားလိုက်ဖို့ ညွှန်းဆိုရတာပါ။
ပူနေးမြို့က ဟိန္ဒူအမျိုးသားရေးအစွန်းရောက် နာသူရမ်း ဟာ ဂန္ဒီကို သေနတ်နဲ့ သုံးချက်ဆင့်ပစ်ပြီး လုပ်ကြံခဲ့တာဖြစ်ပါတယ်။
တရားခွင်အကြောင်းကို ရိုက်ကူးပြထားတာက မပြည့်စုံဘူးဆိုပေမယ့် ဒီဇာတ်ကားကို ကြည့်လိုက်ရင် နာသူရမ်းဘက်က ခံယူချက်တွေကို မြင်ရပါလိမ့်မယ်။
ဒီနေရာမှာ ချီးကျူးမိတာကတော့ အိန္ဒိယရဲ့ရုပ်ရှင်လောကဟာ ဒီလိုဇာတ်လမ်းတွေကိုတောင် ပရိသတ်ဆီ တင်ဆက်ပြသဖို့ ခွင့်ပြုပေးနေပြီဆိုတာပါပဲ။
သူတို့ အရမ်းချစ်ရတဲ့ ဂန္ဒီကြီးကို လုပ်ကြံခဲ့သူတစ်ယောက်က တရားရုံးမှာ ဘယ်လိုထွက်ဆိုခဲ့တယ်ဆိုတာ၊ အဲ့ဒီလူရဲ့ခံစားချက်တွေ၊ အသံတွေ၊ ခုခံချေပချက်တွေကို ဇာတ်ကားတစ်ကားအဖြစ် အသက်သွင်းပြီး ပြသတာကို လွတ်လပ်စွာ ခွင့်ပြုပေးလာခြင်းက ရုပ်ရှင်အဆင့်အတန်းတစ်ခု တိုးတက်လာခြင်းရဲ့ ပြယုဂ်လက္ခဏာတွေပါ။
ဇာတ်ကားရဲ့နာမည်ကတော့ I Killed Bapu(ဘာဘူကို ကျွန်တော် သတ်ခဲ့တယ်)ဖြစ်ပါတယ်။ တရားခွင်က အိုက်ခမန်း ဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ ရည်ညွှန်းရရင် တရားခွင်က နာသူရမ်း လို့ ဒီဇာတ်ကားကို ညွှန်းဆိုရလိမ့်မယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့အရှေ့မြောက်က ရေဝိုင်းရွာတွေဘက်သွားတဲ့ လမ်းပိုင်းတွေကို စစ်ကောင်စီတပ်က ပိတ်ထားတဲ့အကြောင်း
- လောင်းလုံးမြို့အနီးက လတ်ခတ်တောင်စစ်ကောင်စီယာယီစခန်း တိုက်ခံရပြီးတဲ့နောက် မြို့မအားကစားကွင်းအနီးက မိုးလုံလေလုံမှာ တပ်စွဲထားတာ
- ပုလောမြို့နယ်က စစ်ရှောင်စခန်းတစ်ခုမှာ ဆေးဝါးတွေ ပြတ်လပ်နေတဲ့အကြောင်း
- ထားဝယ်အရှေ့တောဒေသက ကော်သူးလေတပ်စခန်းတစ်ခုကို KNU တပ်ရင်းတစ်ခုက မီးရှို့ခဲ့တာ
- ထိုင်းနိုင်ငံမှာအထည်ချုပ်စက်ရုံပိတ်လိုက်တာကြောင့် မြန်မာလုပ်သမား ၁၃၅ ဦးအလုပ်မှရပ်နားခံရတဲ့အကြောင်းအပါအဝင်
- ဒီကနေ့ ရွှေ နဲ့ ဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြိတ်မှာ ညမထွက်ရအချိန် လျော့လိုက်တဲ့အကြောင်း
- ထားဝယ်အရှေ့တောဒေသမှာ မြေမြှုပ်မိုင်းနင်းမိတာတွေ ဆက်တိုက်ဖြစ်နေလို့ ဒေသခံတွေ ဥယျာဉ်ခြံထဲ မသွားရဲဖြစ်နေတဲ့အခြေအနေ
- အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြိတ်-ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်း သုံးဆကျော် မြင့်တက်လာတဲ့အကြောင်း
- ပြန်ဝင်ခွင့်တံဆိပ်တုံးအတု ရိုက်နှိပ်ထားတဲ့ မြန်မာလုပ်သား နှစ်ဆယ် ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရတဲ့အကြောင်း
- ၄ လစာ လုပ်အားခ မရလို့ ထိုင်းအလုပ်ရှင်ကို တရားရုံးမှာ တိုင်ကြားလိုက်တဲ့အကြောင်းအပါအဝင်
- ဒီနေ့ ရွှေနဲ့ ဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပုလောတိုက်ပွဲမှာ KNDO ရဲဘော်နှစ်ဦးကျဆုံးတဲ့အကြောင်း
- ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ဖမ်းဆီးခံရတာ
- နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု လုပ်ခဲ့တဲ့အကြောင်း
- ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် အမှတ်နဲ့ အနိုင်ရသွားတဲ့အကြောင်း
- ရခိုင်အခြေစိုက် DMG သတင်းဌာန ဝင်စီးခံရတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed