Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • အောက်တိုဘာလ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မြိတ်နဲ့ ပုလောမြို့မှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ မကျင်းပတဲ့ အကြောင်း


    - မြိတ်က တိုက်ပွဲနှစ်ကြိမ်အတွင်း KNDO ရဲဘော်တစ်ဦးကျဆုံးခဲ့တဲ့အကြောင်း


    - သထုံမှာ ဘုရားဖူးကား မိုင်းဆွဲခံရပြီး အရပ်သားနှစ်ဦးဒဏ်ရာရသွားတဲ့ အခြေအနေ


    - တိုက်ပွဲကြောင့် ရေးမြို့မှာ ရွာလုံးကျွတ် ထွက်ပြေးနေတဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • စပ်ဆေးအန္တရာယ်

    ဆေးဆိုင်တွေက ရောင်းတဲ့ စပ်ဆေးတွေက အများအားဖြင့် အန္တရာယ်ရှိပါတယ်။


    စပ်​ဆေး​တွေ သုံးတာ​​ကြောင့် ကျောက်ကပ်ထိတာ၊ အသည်း ပျက်တာ၊ အစာအိမ်သွေးကြော ပေါက်တာ၊ အရိုး ပွတာ၊ ဆေးယဉ်ပါးတာတွေ ဖြစ်နိုင်ပြီး အသက်ပါဆုံးရှုံးနိုင်ပါတယ်။

    5 min
  • မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေ ပွင့်လန်းရာမြေ

    ဒီတစ်ပတ်ရဲ့ထူးထွေဆန်းပြား အစီအစဉ်မှာတော့ မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေအကြောင်းကို တင်ဆက်ပေးသွားပါမယ်။


    ဒီသစ်ခွပန်းတွေရဲ့ထူးခြားချက်က ပန်းပွင့်ဟာ မျောက်တစ်ကောင်ရဲ့မျက်နှာနဲ့ လုံးဝကို ဆင်တူနေတာပါပဲ။


    ဒါကြောင့်လည်း ဒီသစ်ခွပန်းတွေကို ဒရာကူလာ ဆီမီနာ(သို့မဟုတ်)မျောက်သစ်ခွ(သို့မဟုတ်)မျောက်နဲ့တူတဲ့ ဒရာကူလာသစ်ခွလို့ ခေါ်ကြတာပါ။


    ဒီသစ်ခွတွေဟာ အချိန်မရွေး ရာသီမရွေး ပွင့်လန်းတတ်ပြီး ပွင့်ပြီဆိုရင်လည်း အရေအတွက်များများနဲ့ ဝေဝေဆာဆာ ပွင့်တတ်လေ့ရှိတယ်လို့ ဆိုပါတယ်။


    အစောပိုင်းတုန်းက ဒီသစ်ခွတွေကို မတ်စ်ဒီဗာလီယာ မျိုးရင်းအုပ်စုထဲဆီ ထည့်သွင်းထားပြီး နောက်ပိုင်းမှာတော့ ဒရတ်ကူလာမျိုးရင်းအုပ်စုထဲဆီ ပြောင်းလဲထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။


    ထူးခြားလှတဲ့ မျောက်မျက်နှာ ဒရာကူလာ သစ်ခွပန်းတွေရဲ့အကြောင်းကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

    3 min
  • အကျဉ်းသားတွေကို လူချင်းတွေ့ခွင့် ရတော့မယ်

    ကိုဗစ်အကြောင်းပြပြီးပိတ်ထားတဲ့ လူတွေ့ထောင်ဝင်စာကို မနက်ဖြန်ကစပြီး စစ်ကောင်စီက ပြန်လည်ခွင့်ပြုတော့မှာပါ။


    အကျဉ်းသားတစ်ဦးကို တစ်လတစ်ကြိမ် လူတွေ့ထောင်ဝင်စာတွေ့ခွင့်ရမှာဖြစ်ပါတယ်။


    ဘယ်လိုစည်းကမ်းကန့်သတ်ချက်တွေနဲ့ ခွင့်ပြုမှာပါလဲ။

    3 min
  • အောက်တိုဘာလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့က ငါးဈေးအသစ်ခေါင်မိုးပေါ် ဗုံးချတိုက်ခိုက်ခံရလို့ ပန်းရန်အလုပ်သမားလူငယ်နှစ်ဦး ဒဏ်ရာရသွားတဲ့အကြောင်း


    - ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲပြန်ကျင်းပပြီး နေ့ဘက်ဘုရားလှည့်မယ့်အကြောင်း


    - သရက်ချောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သား နှစ်ဦး သေဆုံးခဲ့တဲ့အခြေအနေ


    - KNU တပ်မဟာ-၄ နဲ့ ကော်သူးလေတပ်မတော်တို့ နှစ်ရက်ဆက်ပစ်ခတ်မှု ဖြစ်ခဲ့တဲ့အကြောင်း


    - မနက်ဖြန်ကစပြီး မြိတ်အကျဉ်းထောင်မှာ ထောင်ဝင်စာဧည့်တွေ့ခွင့်ပြန်ရတော့မယ့်အကြောင်း


    - မြိတ်နဲ့ ထားဝယ်မှာ တစ်ပတ်ရစ်မော်တော်ဆိုင်ကယ် ဈေးကျပြီး အရောင်းအဝယ်ပါးနေတဲ့ အကြောင်း အပါအဝင်


    - ဒီနေ့ ရွှေနဲ့ဘတ်ဈေး အတက်အကျအ‌ခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ထားဝယ်ဒေသက ဖားစည်

    ထားဝယ် ဖားထီးဖားမ မိုးခေါ်ပွဲပြုလုပ်သည့်အခါ မိုးရွာသွန်းစေရန် တီးရသော ဖားစည်ပုံဆိုပြီး ဓာတ်ပုံနဲ့တကွ ဖားစည်ကို ဖော်ပြထားပါတယ်။


    မြန်မာလို ဖားစည်ခေါ်ပေမယ့် ကရင်လို က္လို့ (သိုမဟုတ်) ကလိုး (သိုမဟုတ်) ကလိုဆိုပြီးတွေ့ရတယ်။ အနောက်တိုင်းသုတေသီအချို့က ကြေးစည်လို့ခေါ်ကြောင်း တွေ့ရပါတယ်။


    စည်မျက်နှာပြင်မှာ ဖားရုပ်လေးတွေပါလို့ ဖားစည်လို့ အများအားဖြင့် သတ်မှတ်ခေါ်ကြတယ်။


    ယခုအပတ် ဓလေ့သမိုင်း အစီအစဉ်တွင် ထားဝယ်ဒေသက ‘ဖားစည်’ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

    12 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တစ်ပတ်တာ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • ရင်ခုန်ခံစား Dawei Watch ပရီးမီးယားလိဂ်သုံးသပ်ချက်များ

    ပရီးမီးယားလိဂ် ပွဲစဉ် ၉ ကစားပါတော့မယ်။ ဒီတစ်ပတ်က ပွဲကြီးပွဲကောင်းတွေ များနေပါတယ်။ ပရိသတ်တွေအနေနဲ့ ပထမဆုံးအဖြစ် မာဆေးဆိုက်ဒါဘီပွဲစဉ်ကို ရှုစားရမှာပါ။


    အဲဗာတန်ဟာ ဘယ်လိုအခြေအနေမျိုးကိုပဲရောက်ရောက် လီဗာပူးကိုဆိုရင် အခက်တွေ့အောင် လုပ်တတ်လို့ ပွဲကောင်းတစ်ပွဲဖြစ်လာဦးမှာပါပဲ။


    လန်ဒန်မြို့ခံပြိုင်ဘက်တွေဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အကဲစမ်းမယ့်ပွဲကလည်း စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။


    ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေရဲ့ပွဲစဉ်တွေကို Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    5 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (အောက်တိုဘာလ ‌၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    12 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ အောက်တိုဘာလ ‌၁၄ ရက်ကနေ ၂၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။