Sign up to save your podcasts
Or

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ မူးဒူးရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ခဲ့တဲ့အကြောင်း
- ပုလောက ငါးဖမ်းလှေတွေကို အကန့်အသတ်ဖြင့် ငါးပြန်ဖမ်းခွင့်ပြုလိုက်တဲ့သတင်း
- မြိတ်မြို့က တိုးချဲ့ဈေးမှာ ခါးပိုက်နှိုက်မှုများလာတဲ့သတင်း
- လုပ်ငန်းခွင်မှာ မတော်တဆဖြစ်ပြီး သေဆုံးသွားတဲ့ မြန်မာလုပ်သားအတွက် နစ်နာကြေး ဘတ် ၁ သန်းကျော်ရရှိခဲ့တဲ့သတင်းနဲ့
- ဓားကိုင်ဆဲဆိုနေသော မြန်မာအလုပ်သမားကို ထိုင်းရဲပစ်ခတ်ဖမ်းဆီးခဲ့လို့ သေဆုံးခဲ့ရတဲ့ သတင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်-ထားဝယ်လမ်းပိုင်းမှာ အငှားကားမောင်းသမားတစ်ဦးအဖမ်းခံရပြီး ပျောက်ဆုံးနေတဲ့အကြောင်း
- ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ တိမ်းရှောင်နေရတဲ့အခြေအနေ
- မြိတ်မြို့မှာ နေအိမ်ဖောက်ထွင်း ခိုးယူခံရတာတွေ ဆက်တိုက်ဖြစ်လာနေတာ
- ထားဝယ်က ဖိုးဖွားနှစ်ယောက်ကို စပရိုက်လက်ဆောင်ပေးမယ့် ငွေကျပ်ဆယ်သိန်း အလိမ်ခံလိုက်ရတဲ့ဖြစ်စဉ်
- အတက်အကျမရှိဘဲ ရွှေဈေးငြိမ်နေတဲ့ ထားဝယ်ရွှေဈေးကွက်
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ထားဝယ်ဒေသရဲ့ အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်တဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကြီး ကျင်းပဖို့ ဆယ်ရက်လောက်ပဲ လိုတော့တဲ့အချိန်အထိ သပိတ်အိုး ဝယ်ယူသူ မရှိသလောက်ဖြစ်နေပါတယ်။
ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းမှုတွေကြောင့် သပိတ်ပွဲတော်အပါအဝင် ပွဲတော်တွေ ခြောက်ကပ်သွားခဲ့ပါပြီ။
ဒီနှစ်မှာလည်း တိုက်ပွဲတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကြား ကျီးလန့်စာစားနေကြရသလို တချို့ကတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ဒီလိုအခြေအနေမှာ သပိတ်မျှောပွဲတော်ကရော ဘယ်လိုရှိပါသလဲ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ဒီကနေ့ မြိတ်မှာဖြစ်တဲ့ ယာဉ်တိုက်မှု နှစ်ခုမှာ အမျိုးသား သုံးဦးအထိ သေဆုံးခဲ့တဲ့အကြောင်း
- မွန်ပြည်နယ်၊ရေးမြို့က ငါးလုပ်ငန်းဦးစီးမှုးပစ်သ တ်ခံ ရတာ
- DJ အနုပညာသမား ထားဝယ်တက္ကသိုလ်ကျောင်းသား ကိုလင်းထက်ဖြိုးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅နှစ် ချလိုက်တဲ့အကြောင်း
- ရိုးရာ သပိတ်မျှောပွဲအကြိုကာလ ထားဝယ်မှာ သပိတ်အိုး ဝယ်သူ မရှိ သလောက် ဖြစ်လာတဲ့အကြောင်းအပါအဝင် ရွှေ နဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဒီလိုခေါင်းစဉ်ကြောင့် မန်ယူအားပေးသူပရိသတ်တွေ သဘောမတွေ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်လည်းပဲ အခြေအနေက ဒီအတိုင်းဖြစ်လာခဲ့တာပါ။
လက်ရှိမှာ မန်ယူက အခြေယိုင်နေတာမျိုးပဲ ရှိပါသေးတယ်။ အခြေပျက်မသွားသေးပါဘူး။
နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ ဆွဲတင်နိုင်ရင် အသင်းက အနေအထားတစ်ခုဆီကို ပြန်ရောက်နိုင်လောက်တဲ့ အခြေခံအုတ်မြစ်တွေ ရှိနေဆဲပဲဖြစ်ပါတယ်။
ဒါပေမဲ့ အခုတော့ ဝေလရဲ့အမိုက်မ သီချင်းထဲ သီချင်းစာသားလို “ငါနေထိုင်တဲ့ရပ်ကွက်ထဲ အရှက်တွေ တဗြန်းဗြန်းကွဲ”မယ့်လမ်းထဲဆီ ဂလေဇာတွေက မန်ယူကို တွန်းပို့နေပါပြီ။
ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ် ဆီကို ရှယ်ယာပမာဏ ၂၅ ရာခိုင်နှုန်း ရောင်းချလိုက်ပါပြီလို့ တရားဝင်သတင်းထုတ်ပြန်တဲ့နေ့မှာ အိုးလ်ထရက်ဖို့ဒ် အိပ်မက်ကဇာတ်ရုံကြီးရဲ့နံရံတွေထက် အက်ကြောင်းတွေ စထင်တဲ့နေ့လို့သာ မှတ်ယူလိုက်ဖို့ပဲ မန်ယူပရိသတ်တွေကို ပြောရပါလိမ့်မယ်။
တစ်ချိန်တုန်းက အာဆင်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းဟာ မန်ယူဆီကိုရောက်လာဖို့အတွက် အသင့်အနေအထားတစ်ရပ်မှာ ရှိလို့နေပါပြီ။
အနီးစပ်ဆုံးကို ဖြစ်ပျက်ရှုတတ်မယ်ဆိုရင်တော့ အဲဗာတန်မှာ ဖြစ်ပျက်နေသမျှတွေဟာ မန်ယူမှာ လာဖြစ်ဖို့ တာစူနေပါပြီ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပုလောမြို့နယ်က ကျောက္ကာရွာမှာ စစ်ကောင်စီတပ်က ဆန်ရောင်းခွင့်ပိတ်ပင်ထားတဲ့အကြောင်း
- မြိတ်က ပေါ်တော်မူဘုရားလာဖူးသူတွေဆီကနေ စစ်ကောင်စီတပ်က ငွေကြေးတောင်းနေတဲ့အကြောင်း
- သရက်ချောင်းမြို့နယ် ရငဲရွာက နေအိမ်တွေ မီးရှို့ခံရတဲ့ အခြေအနေ
- NCA စာချုပ်နှစ်ပတ်လည်ပွဲသွားတက်တဲ့ ဒုဥက္ကဌရဲဘော်မျိုးဝင်း အပါအဝင်အဖွဲ့ဝင်သုံးဦးကို ABSDF က တာဝန်တွေ ရုပ်သိမ်းလိုက်တဲ့အကြောင်း
- ထားဝယ်မြို့က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်နှစ်လေးဆယ်ကျော် ချလိုက်တဲ့အခြေအနေ
- မန်ကျည်းသီးတက်ခူးတဲ့ လူငယ်တစ်ဦးဓာတ်လိုက်လို့ ကရိန်းကားအကူအညီနဲ့ ကယ်တင်လိုက်ရတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီနဲ့ ဆွေးနွေးတာကြောင့် ကုလရဲ့ကမ်းလှမ်းချက် ကို တနင်္သာရီတိုင်းအရပ်ဖက်အဖွဲ့က ငြင်းဆိုတဲ့အကြောင်း
- ရေဖြူမှာအမျိုးသမီးငယ်တစ်ဦးရဲ့ အလောင်းတွေ့တဲ့အကြောင်း
- အဖမ်းခံထားရတဲ့ ရွာသားသုံးဦး တစ်ရက်အကြာမှာ ပြန်လွတ်တဲ့အကြောင်း
- မြိတ်မြို့မှာ အမိုးတပ် ဘေးတွဲဆိုင်ကယ်တွေ ဖမ်းဆီးခံနေရတဲ့အခြေအနေ
- အယုဒ္ဓယမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ နီးပါး ဖမ်းဆီးခံရတဲ့အကြောင်း
- မြိတ်က ကင်းမွန်ငါးဖမ်းလှေတွေ လုပ်ငန်းခွင် စဝင်ကြတဲ့အခြေအေနေ အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ အောက်တိုဘာလ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ကန်ချနာဘူရီမှာ ကျင်းပခဲ့တဲ့ ခရီးကြမ်းမောင်း ဆိုင်ကယ်ပြိုင်ပွဲမှာ ထားဝယ်သားတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဆိုင်ကယ်အစီး ၃၀၀ ဝင်ပြိုင်ခဲ့တဲ့ ခရီးကြမ်းမောင်းဆိုင်ကယ်ပြိုင်ပွဲမှာ သူက အဆင့် ၁၈ နေရာချိတ်ခဲ့တာပါ။
ကီလိုမီတာ ၂၀ ကျော်အရှည်ရှိတဲ့ တောတွင်းလမ်းကြမ်းခရီးကို ၅ နာရီအတွင်း စီးနင်းရတဲ့ ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး သူကြုံတွေ့ခဲ့ရတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။
တနင်္သာရီတိုင်းတွင် လူသိနည်းသည့် ငါးဖမ်းနည်း တစ်မျိုးရှိသည်။ ယင်းမှာ စန္ဒားဖြင့်ငါးဖမ်းနည်း ဟုခေါ်ကြသည်။
စန္ဒားဖြင့် ငါးဖမ်းနည်းမှာ ရွေ့လျားဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ နေရာတစ်ခုသတ်မှတ်ကာ ဖမ်းဆီးသည့် နည်းဖြစ်ပြီး ထားဝယ်မြစ်ဝတွင် ယင်းပုံစံဖြင့် ငါးဖမ်းနေသည်များကို တွေ့မြင့်နိုင်သည်။
ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် လူသိနည်းလှသည့် စန္ဒားဖြင့် ငါးဖမ်းနည်းအကြောင်းကို တင်ဆက်ပေးလိုက်ရပါသည်။
From the publisher's feed