Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ပင်လယ်ပြာမှ ဇာတ်လမ်းတွဲများ

    ‘ရေလုပ်သားတစ်ယောက်က လှေနံရံဟိုဘက်ကပ်လိုက်၊ ဒီဘက်ကပ်လိုက်နဲ့ လုပ်နေပါတယ်။ သူလုပ်နေတာကိုကြည့်ပြီး အခြားလှေသားတွေလည်း ငြိမ်သွားတယ်’ ပင်လယ်နဲ့ စိမ်းသူတွေအတွက်တော့ စိတ်ဝင်စားဖွယ် အတိနဲ့ ပြည့်နေသလို ကြောက်စရာလည်း ကောင်းလှပါတယ်။


    မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းသားတွေအတွက်ကတော့ ပင်လယ်ပြင်နဲ့ မစိမ်းလှ ပင်လယ်ပြင်မှာ သူတို့ဘာတွေ ကြုံတွေ့ရသလဲဆိုတာကို အခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တင်ဆက်ပေးလိုက်ပါတယ်။

    10 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ အောက်တိုဘာလ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်ပတ်တာ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (အောက်တိုဘာလ ‌၂၂ ရက်ကနေ ၂၈ ရက်နေ့အထိ )

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    12 min
  • ရင်ခုန်ခံစား Dawei Watch ပရီးမီးယားလိဂ်သုံးသပ်ချက်များ

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ကစားပါတော့မယ်။ ဒီတစ်ပတ်က ပွဲကြီးပွဲကောင်းတွေ များနေပါတယ်။ မန်ယူ-မန်စီးတီး ​တွေ့ဆုံမှုကလည်း ရင်ခုန်စိတ်လှုပ်ရှား ဖွယ်ပွဲစဥ်တစ်ခုပါပဲ။


    ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေရဲ့ပွဲစဉ်တွေကို Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်

    7 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ အောက်တိုဘာလ ‌၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min
  • အောက်တိုဘာလ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်သပိတ်မျှောပွဲ ကျင်းပမယ့်နေရာ တိုက်ခိုက်မခံရအောင် စစ်ကောင်စီက ဂျန်မာတပ်ဆင်ထားတဲ့အကြောင်း


    - ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းမြောက်ပိုင်းက စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အကြောင်း


    - ထားဝယ်အရှေ့တောဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ဖြစ်စဉ်


    - ကျွန်းခရီးစဉ် လာရောက်လည်ပတ်သူနည်းတာကြောင့် ခရီးသွားလုပ်ငန်းတွေ တွက်ခြေမကိုက်ဖြစ်လာတဲ့ သတင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • အောက်တိုဘာလ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မီးရှို့ခံရတဲ့နေအိမ်ပြာပုံထဲမှာ အလောင်းသုံးလောင်းတွေ့ရှိခဲ့တဲ့အကြောင်း


    - သရက်ချောင်းမြို့နယ်မှာလည်း စစ်တပ်က ဖမ်းသွားတဲ့ဒေသခံတစ်ဦးရဲ့အလောင်း မြေမြှုပ်လျှက်သားပြန်တွေ့ခဲ့တဲ့အခြေအနေ


    - မြိတ်-တနင်္သာရီကားလမ်းမှာ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တာ


    - ပုလောမှာ ဒီရေတောဧကတစ်ထောင်ကျော်ကို ကြိုပြင်ကာကွယ်တောအနေနဲ့ သတ်မှတ်လိုက်လို့ ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့ အခက်တွေ့လာတဲ့အကြောင်း


    - ထားဝယ်ဒေသအခြေစိုက် ဇာတ်သဘင်တွေ လုပ်ငန်းပြန်လည်ပတ်လို့ မနိုင်သေးတဲ့အခြေအနေ


    - ပေါင်ဒေသခံနှစ်ဦး ၅၀၅ ပုဒ်မနဲ့ အမှုဖွင့်ခံရတဲ့ အကြောင်း


    - ထိုင်းနိုင်ငံတောင်ပိုင်းက တရားဝင်မြန်မာအလုပ်သမား ၆၀ အလုပ်မရဘဲ အခက်အခဲဖြစ်နေတာ


    - ထိုင်းရဲတွေ မြန်မာအလုပ်သမားကို ရိုက်နှက်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ဖြစ်စဉ်


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • စိန်ခေါ်ပွဲ မထိုးသတ်ခင်မှာတင် စကားလုံးတိုက်ပွဲ ပြင်းထန်လာနေတဲ့ ဒေဝနဲ့ ပရွမ်းဆမ်းနန်

    မြန်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံဟောင်း ဒေ့ဗ်လက်ပ်ဒက်ဗ်(ခ)ဒေဝ ဟာ လာမယ့်သီတင်းပတ် တစ်ပတ်ကျော်ကာလမှာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှုရဲ့နောက်ဆုံးပွဲစဉ်ကို ထိုးသတ်တော့မှာပါ။


    ဒီပွဲစဉ်ကို အရှေ့တောင်အာရှရဲ့အကြီးကျယ်ဆုံးပွဲစဉ် ဖြစ်လာလိမ့်မယ်လို့တောင် ဒေဝက တင်စားရည်ညွှန်းထားပါတယ်။


    ဒေဝဟာ မြန်မာနိုင်ငံတစ်ခုတည်းမှာတင် ကြည့်ရှုအားပေးသူ ပရိသတ်ပေါင်း သန်း ၃၀ လောက်အထိ ရှိနေသူပါ။


    ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရွှေခါးပတ်ကိုဆိုရင် ဒေဝက ၆ ကြိမ်တောင် ရရှိခဲ့ဖူးပါတယ်။ ဒေဝရဲ့ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးပွဲစဉ်မှာ ဒေဝကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်မယ့်သူက ကမ္ဘောဒီးယားအကျော်အမော် ပရွမ်းဆမ်းနန် ဖြစ်ပါတယ်။


    နိုဝင်ဘာလ ၅ ရက်နေ့ကိုရောက်ရင် သူတို့နှစ်ယောက်ရဲ့အထူးစိန်ခေါ်ပွဲကို ရှုစားကြရတော့မှာပါ။


    လတ်တလောမှာတော့ စိန်ခေါ်ပွဲအဖြစ် မယှဉ်ပြိုင်ခင်မှာတင်ပဲ ဒေဝနဲ့ ပရွမ်းဆမ်းနန်တို့အကြား စကားလုံးတိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုပဲ ပြင်းထန်နေပြီလို့နေပါပြီ။

    6 min
  • အောက်တိုဘာလ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်ကမ်းနားလမ်းက သပိတ်မျှော်ပွဲတော်လုပ်မဲ့ နေရာအနီး ဒီမ‌နက် ဗုံးပေါက်တာ


    - ဒီနေ့မနက် သရက်ချောင်းမြို့မ ရဲစခန်း တိုက်ခိုက်ခံရတဲ့အကြောင်း


    - ရေဖြူ နဘုလယ်ဒေသမှရှိတဲ့ လဲရှောင်ရွာက နေအိမ်တွေ မီးရှို့ခံရတဲ့အခြေအနေ


    - မွန်မှာ သက်တမ်း ၁၀၀ကျော်ရှိတဲ့ ကျောင်းဆောင် မီးရှို့ခံရတဲ့အကြောင်း


    - ထိုင်းအလုပ်ရှင်က ကြိုတင်အကြောင်းကြားတာမရှိဘဲ့ အလုပ်ထုတ်ခဲ့တဲ့ မြန်မာလုပ်သား တွေ နစ်နာကြေးရရှိခဲ့တဲ့အကြောင်းအပါအဝင်


    - ယနေ့ ထားဝယ်ဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရွှေ နဲ့ ထိုင်း ဘတ်ဈေးအတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ထားဝယ်ဒေသက ဟိန္ဒူဘုရားပွဲ

    ပွင့်လင်းရာသီရောက်ရင် ထားဝယ်ဒေသမှာ ပထမဆုံးကျင်းပလေ့ရှိတာက ဟိန္ဒူဘုရားပွဲတော်ဖြစ်ပါတယ်။


    ထားဝယ်ဒေသမှာ ကျင်းပနေပြီဖြစ်တဲ့ ဟိန္ဒူဘုရားပွဲ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

    5 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။