
Sign up to save your podcasts
Or


Dawei Watch ရဲ့ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။
အခုဆိုရင် ပရီးမီးယားလိဂ်ဟာ ပွဲစဉ်အမှတ် ၁၂ ဆီကို ရောက်လာခဲ့ပါပြီ။
အခုတစ်ပတ် လိဂ်ပွဲစဉ်တွေ ကစားပြီးရင် ယူရိုခြေစစ်ပွဲတွေ တစ်ကျော့ပြန်လည် ဝင်ရောက်လာမှာဖြစ်လို့ လိဂ်ပွဲစဉ်တွေနဲ့ ခေတ္တခဏ အဆက်ပြတ်ရဦးမှာပါ။
အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာလည်း ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကောင်းတွေ ပါဝင်နေပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ နိုဝင်ဘာလ ၄ ရက်နေ့ကနေ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီက စစ်ကောင်စီခြေမြန်တပ်ရင်းကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးချတိုက်ခိုက်ခဲ့တဲ့အကြောင်း
- လောင်းလုံးမြို့နယ်ထဲ ကျေးရွာနှစ်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့တဲ့အကြောင်း
- ရောင်းမော်ရွာမှာ ရော်ဘာခြစ်သွားတဲ့ အမျိုးသမီးတစ်ဦး သေနတ်နဲ့အပစ်ခံရတဲ့သတင်း
- ကော်သူးလေတပ်မတော်နဲ့ ဆက်စပ်သူအချို့ကို KNU တပ်မဟာ(၄)က ဖမ်းဆီးစစ်ဆေးနေတဲ့အကြောင်း
- ကျိုက်မရောမြို့နယ်က ရဲစခန်းနဲ့ တံတားဂိတ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်တဲ့အကြောင်း
- ဘန်ကောက်မှာ မြန်မာအလုပ်သမားနှစ်ဆယ်နီးပါး လုပ်အားခမရလို့ အခက်အခဲဖြစ်နေတဲ့အကြောင်း အပါအဝင်
- ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
နိုင်ငံတစ်ဝန်း တော်လှန်ရေး ရေချိန်မြင့်တက်နေသလို တနင်္သာရီတိုင်းမှာ စစ်အာဏာရှင် တိုက်ထုတ်ရေး လုပ်ဆောင်မှုတွေက အရှိန်ကောင်းနေပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်နဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ တနင်္သာရီတိုင်းက ကရင်လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ KNU တပ်မဟာ(၄)နဲ့ ကော်သူးလေအာမီတို့အကြား တင်းမာမှုတွေကလည်း ပြင်းထန်လာနေပါတယ်။
နှစ်ဖက်အပြန်အလှန် စစ်ရေးပြင်ဆင်နေတယ် ဆိုတာမျိုးတွေလည်း ကြားသိရပါတယ်။
ဒီအပေါ်မှာ ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေက အားမလိုအားမရဖြစ်နေကြပါတယ်။
ဘုံရန်သူကို တိုက်မယ့်အစား ကိုယ့်အချင်းချင်းတိုက်ခိုက်မှုတွေ ဖြစ်နေတာ ရပ်သင့်ပြီဆိုတာမျိုး ထောက်ပြပြောဆိုမှုတွေလည်းရှိပါတယ်။
ဒါကြောင့် ဒီအခြေအနေနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၄)နဲ့ ကော်သူးလေအာမီတို့က တာဝန်ရှိသူတွေကို Dawei Watch ကတွေ့ဆုံမေးမြန်းဖို့ ကြိုးစားခဲ့ရာမှာ ကော်သူးလေအာမီနဲ့ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။
(KNU တပ်မဟာ(၄)နှင့် တွေ့ဆုံမေးမြန်းခွင့်ရရန် ၂ ပတ်ကြာ ကြိုးစားသော်လည်း လက်ရှိအချိန်အထိ မေးမြန်းခွင့် မရသေးပေ။ KNU တပ်မဟာ(၄)နှင့် ဆက်သွယ်မေးမြန်းခွင့်ရပါကလည်း ဖော်ပြပေးသွားပါမည်)
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမြို့နယ်မှာ ငါးရက်ထဲ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးလည်းကျဆုံးခဲ့တဲ့အကြောင်း
- သရက်ချောင်းက ပဲဒက်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သ တ်ခံလိုက်ရတာ။
- လောင်းလုံးက ကျောက်ဆင်ကျေးရွာနားမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အခြေအနေ။
- စိတ်ဝေဒနာရှင်တစ်ဦး ဓားနဲ့လိုက်ထိုးလို့ လေးဦးဒဏ်ရာရသွားတဲ့အကြောင်း
- ရန်ကုန်- ကော့သောင်း လေယာဉ်လက်မှတ်ဈေး ခြောက်သိန်းလောက်အထိ မြင့်တက်သွားတဲ့အခြေအနေ
- ထားဝယ်ခရိုင်မှာ အလှူအတန်းတွေရှိလာပေမယ့် ဖိတ်စာရိုက်တဲ့ ပမာဏကတော့ နည်းပါးနေတာ
- ထိုင်းကို တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ်သမား ၁၂ ဦး အဖမ်းခံလိုက်ရတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမှာ တစ်ရက်အတွင်း လူသ တ်မှု နှစ်ကြိမ်ဖြစ်တဲ့အကြောင်း
- မြိတ်-ရန်ကုန် အမြန်ရေယာဉ်ပြေးဆွဲဖို့စီစဉ်နေတဲ့အကြောင်း
- ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ထားဝယ်မှာ အာလူးနဲ့ ကြက်သွန် ဈေးတက်နေတဲ့အခြေအနေ
- ထားဝယ်မြို့ မရမ်းပင် ပဝါရဏာသုဓမ္မာဂိုဏ်းရဲ့ တတိယမြောက် ဂိုဏ်းချုပ်ဆရာတော် ပျံတော်မူသွားတဲ့အကြောင်း အပါအဝင်
- ရွှေ နဲ့ ဘတ် ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမြို့နယ်ထဲ တိုက်ပွဲတွေပြင်းထန်နေလို့ ရွာသားတွေထွက်ပြေးနေရတဲ့အကြောင်း
- မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ ကလေး ၃ ယောက်သေဆုံးသွားတဲ့အကြောင်း
- သုံးနှစ်ဆက်တိုက် ရပ်နားထားတဲ့ မြိတ်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ပြန်ကျင်းပတော့မယ့်အခြေအနေ
- ထားဝယ်မှာ နဘုလယ်ဒေသထွက် မီးသွေး ဈေးတက်လာတဲ့ အခြေအနေ
- မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းက ဗီဇာကြေးလျှော့ပေးတဲ့သတင်းအပြင်
- ရွှေဈေးနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းယူတဲ့အကြောင်း
- ကံပေါက်ရွာသားတွေကို စစ်ကောင်စီရဲ့ဖမ်းဆီးခံရတာ
- စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးချတာခဲ့လို့ ပုလော PDF နှစ်ဦး ဒဏ်ရာရတဲ့ အကြောင်း
- ဘီးလင်းမှာ ရဲတပ်သားတစ်ဦး ပစ်သ တ်ခံရတာ
- လိုင်ဇာအနီးက တရုတ်နယ်စပ်မြို့ကို လက်နက်ကြီးကျည်ကျတဲ့ အခြေအနေ
- ရေဖြူမှာ စစ်တပ်ဆေးမှုထမ်းဟောင်းတစ်ဦး ၁၄ ရက်ကြာအထိ ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတဲ့ အကြောင်း
- ရွှေနဲ့ ထိုင်းဘတ်ဈေး အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ တစ်ပတ်တာ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
From the publisher's feed