Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (အောက်တိုဘာလ ‌၁ ရက်ကနေ ၇ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    12 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စက်တင်ဘာလ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • အောက်တိုဘာလ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်တပ်က ဖမ်းသွားတဲ့ ရေဖြူမြို့နယ်က သားအဖနှစ်ဦးကို သေဆုံးလျက်ပြန်တွေ့ရတယ်ဆိုတဲ့သတင်း

    - ထားဝယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတဲ့သတင်း

    - မြိတ်မြို့ ဘောတံတားက ညစောင့်အမျိုးသား ပစ်သ တ်ခံရပြီး သေဆုံးခဲ့တဲ့သတင်း

    - KNU တပ်မဟာ-၄ က ကော်သူးလေတပ် စခန်းတစ်ခုကို သိမ်းပိုက်တဲ့အကြောင်းအပြင်

    - ဖူးခက်မှာ မြန်မာအလုပ်သမားတစ်ဦးကို စိတ်ကြွဆေးပြား ၁၀၀၀ ကျော်နဲ့အတူ ဖမ်းမိတဲ့


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ညီမဖြစ်သူ ကွယ်လွန်သွားလို့ ကစားသမားဘဝကို ကျောခိုင်းစွန့်လွှတ်လိုက်တဲ့ အန်ဂျလာလီ

    သူမ နားသွားခဲ့ပြီ။ အောင်မြင်နေတဲ့ ကစားသမားဘဝကို စောစောစီးစီးပဲ အဆုံးသတ်သွားခဲ့ပါပြီ။


    ၁၉၉၆ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ဖွားမြင်ခဲ့တဲ့ သူမရဲ့နာမည်က အန်ဂျလာ လီ ပဲဖြစ်ပါတယ်။


    အန်ဂျလာ လီ ဟာ One Championship လောကထဲ နာမည်ကောင်းတစ်ခုကို တည်ဆောက်ထားသူပါ။


    ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ဆွတ်ခူးရယူထားတဲ့ အန်ဂျလာ လီ ဟာ ဘာကြောင့် ကစားသမားဘဝကို ကျောခိုင်းလိုက်တာပါလဲ။


    အကြောင်းရင်းကတော့ သူမရဲ့ ညီမငယ်လေး ဗစ်တိုးရီးယား လီ ကွယ်လွန်သွားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။


    ဗစ်တိုးရီးယား လီ ဟာ အသက် ၁၈ နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့တာပါ။


    ဗစ်တိုးရီးယား လီ ဟာလည်း အန်ဂျလာလီ လို One Championship ပြိုင်ပွဲမှာ ပါဝင်ကစားနေသူဖြစ်ပြီး ဗစ်တိုးရီးယား လီ ဘာကြောင့် ကွယ်လွန်သွားခဲ့ရတယ်ဆိုတာကို အန်ဂျလာ လီတို့ မိသားစုဘက်က အခုအချိန်ထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။


    သေချာတာတစ်ခုကတော့ ဗစ်တိုးရီးယား လီ ကွယ်လွန်သွားမှုက အန်ဂျလာ လီတို့ မိသားစုကို အကြီးအကျယ် ရိုက်ခတ်ခဲ့တယ်ဆိုတာပါပဲ။


    အခုတော့ အဲ့ဒီဖြစ်စဉ်ရဲ့အကျိုးဆက်တစ်ခုအဖြစ် ကစားသမားဘဝကနေ အန်ဂျလာ လီ အနားယူသွားခဲ့ပြန်ပါပြီ။

    7 min
  • အောက်တိုဘာလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မြိတ်မြို့မှာ ဧည့်စာရင်းမတိုင်ရင် ကျပ်တစ်သိန်းလောက်အထိတောင်း‌တဲ့အကြောင်း


    - ပုလေားအရှေ့ဖျားက ကျေးရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ထွက်ပြေးနေရတဲ့အခြေအနေ


    - သရက်ချောင်းအောက်ပိုင်းက ရွာတွေကိုလည်း စစ်ကောင်စီက စစ်ကြောင်းထိုးနေတာ


    - ဘန်ကောက်မြို့ ပစ်ခတ်မှုမှာသေဆုံးသွားတဲ့ မြန်မာမျိုးသမီး နစ်နာကြေးရမယ့်အကြောင်း


    - လေးသောင်းကျပ်ပြန်တက်လာတဲ့ရွှေဈေး


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • အောက်တိုဘာလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက စစ်ကောင်စီစခန်း တိုက်ခိုက်ခံရတဲ့အကြောင်း


    - ဖမ်းဆီးခံထားရတဲ့ မွန်ပြည်နယ် ပေါင်မြို့က ဒေသခံအချို့ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေပုဒ်မတွေ နဲ့ တရားစွဲခဲ့တာ


    - ထားဝယ်မြို့ အရှေ့မြောက်ဘက်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အခြေအနေ နဲ့


    - ထိုင်းသတင်းအပါဝင်


    - ယနေ့ ရွှေ နဲ့ ဘတ် ဈေးအတက်အကျ အခြေနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မန်ယူလမ်းမကြီးထဲ ၂ နှစ်တစ်ခါ ပေါ်လာတတ်တဲ့တစ္ဆေကျိန်စာဟာ နောက်တစ်ကြိမ် နောက်တစ်ခါလား

    ဖာဂူဆန်ခေတ်လွန်ကာလဟာ မန်ယူအတွက် ကြမ်းတမ်းလွန်းခြင်းမက ကြမ်းတမ်းလွန်းလှပါတယ်။


    ပရီးမီးယားလိဂ် ဆုဖလားက အသင်းရဲ့ဆုဖလားပြခန်းဆီ မျက်စိလည် လမ်းမှားပြီးတောင် ရောက်မလာတော့သလို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ ရနိုင်ဖို့အရေးကလည်း အသည်းအသန် ကစားရတဲ့အနေအထားမျိုး ဖြစ်သွားခဲ့ပါပြီ။


    ယာယီခန့်အပ်ခဲ့တဲ့ ရွိုင်ယန်ဂစ်၊ မိုက်ကယ်ကာရစ်နဲ့ ရန်ဂနစ်ခ် အစရှိတဲ့ နည်းပြတွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ဖာဂူဆန်ခေတ်လွန်ကာလထဲမှာ မန်ယူကို အမြဲတမ်းနည်းပြအဖြစ် ဦးဆောင်ခွင့်ရခဲ့သူတွေက ဒေးဗစ်မိုယက်စ်၊ လူးဝစ္စဗန်ဟားလ်၊ မော်ရင်ညို၊ ဆိုးလ်းရှားနဲ့ အီရစ်ခ်တန်းဟတ်ဂ်တို့ ရှိနေတာကို တွေ့ရပါလိမ့်မယ်။


    ခက်နေတာက အိုးလ်ထရက်ဖို့ဒ် အိပ်မက်ကဇာတ်ရုံကြီးထဲမှာ ၂ နှစ် တစ်ခါ ပုံမှန်ခြောက်လှန့်တတ်တဲ့ တစ္ဆေကြီးတစ်ကောင် ရှိနေတာပါပဲ။


    ဒီတစ္ဆေကြီးတွေဟာ အရပ်စကားနဲ့ပြောရမယ်ဆိုရင် နည်းပြတွေကို စားလေ့ရှိပါတယ်။


    ဒီတစ်ခါရော တစ္ဆေကြီး ပြန်လည်နိုးထပြီး အီရစ်ခ်တန်းဟတ်ဂ်ကို စားပစ်လိုက်လေတော့မလားကို စောင့်ကြည့်ကြရမှာပါပဲ။

    6 min
  • အောက်တိုဘာလ ၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မိုင်းရှင်းလင်းရင်း မတော်တဆဖြစ်လို့ PDF ရဲဘော်သုံးဦး ဒဏ်ရာရသွားတဲ့အကြောင်း


    - အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့က သ တ်လိုက်တဲ့ အခြေအနေ


    - ရေဖြူမြို့နယ်မှာ Spring Dhamma PDF အဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တဲ့အကြောင်း


    - ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင် နုတ်ထွက်လိုက်တဲ့အကြောင်း


    - မလေးရှားမှာ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမား ၁၆ ဦး အဖမ်းခံရတဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ဘတ်ဈေးအတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • အောက်တိုဘာလ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတဲ့အကြောင်း

    - ထားဝယ်အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး အသ တ်ခံရပြီး အကျဉ်းသားငါးဦးထွက်ပြေးလွတ်မြောက်တဲ့အကြောင်း

    - ထားဝယ်မြို့မှာ အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးတာ

    - မြိတ်မြို့ကို သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား‌လေးသိန်း ဖမ်းမိတဲ့ အကြောင်း

    - ရာမညတပ်ခေါင်းဆောင် နိုင်ချမ်း လုပ်ကြံသ တ်ဖြတ်ခံရတာကို စုံစမ်းဖော်ထုတ်ဖို့ မွန်ပြည်ကာကွယ်ရေးတပ်က တိုက်တွန်းတဲ့အကြောင်း

    - ထိုင်းကို တရားမဝင် ဝင်လာတဲ့ မြန်မာလုပ်သား ၁၉ ဦး အဖမ်းခံရတဲ့အကြောင်း အပါအဝင်

    - ရွှေနဲ့ ထိုင်းဘတ်ဈေး အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • တနင်္သာရီရိုးရာ “ခေါသရပ်” ရှင်းတမ်း

    ‘မိုးတပြက်၊ နေတပြက်၊


    ငါးထမင်းတက်ချိန်၊ ပုဇွန်တက်ချိန်’ ဖြစ်သော


    ယခုလို ကန်ရာသီ (တနည်းအားဖြင့်) တော်သလင်းလရောက်သည့်အခါတိုင်းတွင် -


    ‘ဖူးပွင့်ထုံ တောအထပ် အလှရယ် မှန်းပါလို့၊


    ထူးတင့်စုံ ခေါသရပ်ညငယ်ကို လွမ်းလှချည်လေး..။’ ဆိုသည့်အတိုင်းပင်


    တနင်္သာရီ‌ဒေသဖွား တနင်္သာရီလူမျိုးသာမှန်ရင်- ဘယ်နေရာရောက်နေနေ "ခေါသရပ်နေ့လေး"ကို မှန်းဆ သတိရမိကြသည်ကတော့ ရိုးရာ ရာသီစာအလွမ်းတစ်ခုလိုပင်ဖြစ်သည်။


    ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် တနင်္သာရီတိုင်းသားများအတွက် အမှတ်ရစရာ ‘ခေါသရပ်’ အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။

    18 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။