Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ထူးထွေဆန်းပြား ထူးခြားမှတ်တမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီး

    Dawei Watch ရဲ့အစီအစဉ်သစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။


    ထူးဆန်းထွေလာတွေ၊ အံ့အားသင့်ဖွယ်ရာ၊ လူမသိသူမသိ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ဖြစ်ရပ်တွေ၊ အံ့ဖွယ်စံချိန်တွေ၊ ထူးခြားမှတ်တမ်းတွေ၊ ထူးခြားပုဂ္ဂိုလ်တွေ၊ မယုံကြည်နိုင်ဖွယ်ရာအဖြစ်အပျက်တွေအကြောင်းကို တင်ဆက်ပေးသွားမှာပါ။


    ဒီတစ်ပတ်မှာတော့ အကြောင်းအရာ ၃ ခုကို ရွေးချယ်ထားပါတယ်။


    အဲ့ဒါတွေကတော့ -


    (၁) အာဆင်နယ်ရဲ့သမိုင်းဝင်ဘောလုံးကွင်းကြီး ဟိုက်ဘူရီရဲ့မြေနေရာ ဘာဖြစ်သွားပြီလဲ


    (၂)နိုင်ငံမဲ့တွေအဖြစ် ရပ်တည်ပြီး ရေထဲမှာပဲ ရေပျော်တွေ ရေဂျစ်ပစီတွေအဖြစ် ဖြတ်သန်းနေတဲ့ ထူးထူးဆန်းဆန်း လူသားမျိုးနွယ်စု


    (၃)ဘောလိဝုဒ်လောကမှာ ရုံတင်ဝင်ငွေပမာဏ ရူပီးသန်းတစ်သောင်းကျော် ရရှိတဲ့ ပထမဆုံးဇာတ်ကား စတဲ့အကြောင်းအရာတွေပါပဲ။


    စိတ်ဝင်စားစရာကောင်းလွန်းလှတဲ့ အကြောင်းအရာတွေကို အခုပဲ ခံစားကြည့်ရှုလိုက်ပါဦး။

    6 min
  • စက်တင်ဘာလ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ဇမ္ဗူသီရိအဖွဲ့ တည်ထောင်သူ ဦးနိုင်မျိုးသွင် ပြန်လွတ်လာတဲ့အကြောင်း


    - ရေဖြူက ကံပေါက်ရွာအဝင်လမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတဲ့အခြေအနေ


    - ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းကို ညဘက်မသွားဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ခုက သတိပေးချက် ထပ်ထုတ်လိုက်တဲ့အကြောင်း


    - သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းသွားပြီး သ တ်ဖြတ်လိုက်တဲ့အကြောင်း


    - လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာသားတစ်ဦး နေအိမ်မှာပဲ ပစ်သ တ်ခံရတဲ့အကြောင်း


    - ဂေါ့အင်းရွာက ကြယ်တောင်နားမှာ စားသောက်ကုန်ပို့တဲ့ ကားတစ်စီး တိမ်းမှောက်သွားတဲ့အကြောင်း အပါအဝင်


    - ဒီနေ့ရွှေနဲ့ ဘတ်ဈေးအတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • စက်တင်ဘာလ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မြိတ်-တနင်္သာရီလမ်းမှာ နှစ်ရက်ဆက်မိုင်းဆွဲခံရပြီးနောက် အစစ်အဆေးတင်းကျပ်နေတဲ့အကြောင်း

    - စစ်ကောင်စီတပ်ကဖမ်းထားတဲ့ ခမောင်းချောင်းရွာသားသုံးဦးပြန်လွတ်တဲ့အကြောင်း

    - သရက်ချောင်းမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်တာ

    - ထားဝယ်အရှေ့တောမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်တဲ့အကြောင်း

    - မြိတ်မှာ အုတ်ဈေးနှစ်ဆတက်လာတဲ့ အကြောင်း အပါအဝင်

    - ရွှေနဲ့ ဘတ်ဈေးအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • "မယ်မယ့်လက်ရာ- ခေါသရပ်မုန့် နှင့် တနင်္သာရီရိုးရာ တစ္ဆေမုန့်ကျွေးပွဲ"

    တစ်နှစ်ပတ်လုံး မရနိုင်ပါ။ ပွဲတော်ရက်မှာသာ စားခွင့်ရသော မုန့်ဖြစ်သည်။


    "ကောက်ငချိတ် မြေပဲလောင်းလို့


    အုန်းနို့ဆောင်း ကျိုရအောင် ။


    ရွှေခဲရောင် ဓနိပျားဆမ်း


    နှမ်းဖတ်ကယ် ဖျန်း။


    ကြံသကာ အနှစ်အခဲရယ်သို့


    မှန်စွာ တသက်စွဲရအောင်


    မာန်ပါပါ အားပျိုးလို့


    တအားထိုးကော်.. ဗျတ်ခွဲထုတ်


    ကျုပ်တို့.. ခေါသရပ်ပွဲမုန့်။"


    ဆိုသည့် စာချိုးလေးအတိုင်းပင်- ခေါသရပ်မုန့်ပြုလုပ်ရာတွင် ကောက်ညှင်းငချိတ်(ကောက်ညှင်းမဲ) ၊ကောက်ညှင်းအဖြူ တွင် ဓနိပျားသကာရည် (သို့) သကြား၊ ဆား၊နှမ်း၊အုန်းနို့အရည်၊ရေနှင့် သမအောင် ရောထိုးရသော ထိုးမုန့်တစ်မျိုးဖြစ်သည်..။


    Dawei Watch ၏ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ခေါသရပ်မုန့်နှင့် တနင်္သာရီရိုးရာ တစ္ဆေမုန့်ကျွေးပွဲ အကြောင်းကို ဖော်ပြပေးလိုက်ရပါသည်။

    14 min
  • ဘယ်လို သတင်းတွေဆို ယုံသင့်သလဲ

    လူတွေ ဆိုရှယ်မီဒီယာကို အလွန်အကျွံသုံးလာတာနဲ့ အမျှ သတင်းမီဒီယာတွေရဲ့ သတင်းတင်ဆက်မှုနဲ့ အရောရောအနှောနှော ဖြစ်လာပါတယ်။ သတင်းတွေအပေါ် လူသိနားလည်မှု ဝေဝါးလာပါတယ်။ သတင်းတု သတင်းမှားတွေနဲ့ မှားမှားယွင်းယွင်း ဖြစ်လာပါတယ်။


    ဘယ်လို သတင်းတွေက ယုံကြည်ရသလဲ။ ကိုယ့်နေ့စဉ် ဘ၀ဆုံးဖြတ်ချက်တွေအတွက် သတင်းတွေကို ဘယ်လို ဖတ်ရှုကောက်ယူမလဲ ဆိုတာ သိနားလည်ဖို့ လိုပါတယ်။ ဒါမှပဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်။ စိတ်ဖိစီးမှုကင်းပြီး ရှင်းလင်းတဲ့ အမြင်ရှိလာမှာ ဖြစ်ပါတယ်။


    ဒီတော့ သတင်းတွေကို ဘယ်လို ဖတ်ရှု ယုံကြည်ကြမလဲ။ နည်းလေးတွေ ကြည့်ရအောင်ပါ။

    5 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ စက်တင်ဘာလ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • လမ်းပျောက်နေတဲ့ မန်ယူ နိုင်ပွဲရှာတွေ့နိုင်မှာလား

    ပရီးမီးယားလိဂ် ပွဲစဉ် ၆ ရောက်ရှိလို့ လာပါပြီ။ ဒီတစ်ပတ်မှာဆိုရင် ပွဲကြီးပွဲကောင်းတွေ အများအပြား ပါဝင်လို့နေပါတယ်။


    အာဆင်နယ်နဲ့ စပါးတို့ အားပြိုင်ကြမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်၊ နိုင်ပွဲရဖို့အတွက် မဖြစ်မနေ ရုန်းကန်ရတော့မယ့် မန်ယူ၊ ဝက်စ်ဟမ်းနဲ့ ပွဲကျပ်ကစားရဖို့ ရှိနေတဲ့ လီဗာပူး စတဲ့ပွဲစဉ်တွေဟာ ပရိသတ်တွေကို ဖမ်းစားလာမှာပါ။


    ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ကစားထားရသလို ရှေ့တစ်ပတ်ရောက် ခရာဘောင်းဖလားပွဲစဉ်တွေ ယှဉ်ပြိုင်ရဖို့ ရှိနေတာကြောင့် ပရီးမီးယားလိဂ်အသင်းကြီးတွေ ပွဲပန်းပါလိမ့်မယ်။


    ဒီတစ်ပတ် ယှဉ်ပြိုင်ကစားဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    7 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (စက်တင်ဘာလ ‌၁၇ ရက်ကနေ ၂၃ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    12 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စက်တင်ဘာလ ၂၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min
  • စက်တင်ဘာလ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ပင်လယ်ထွက် ငါးမဖမ်းရတဲ့ ပုလောမြို့နယ်က ကမ်းနီးတံငါသည်တွေ စားဝတ်နေရေးအခက်အခဲကြုံလာ


    - စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကော့သောင်းဒေသခံတွေ ထိုင်းဘက်ကိုထွက်ပြေးနေရတဲ့ သတင်း


    - အသက် ၁၅ နှစ်အရွယ် သမီးအရင်းကို လိင်လုပ်သားအဖြစ် အတင်းအကျပ်စေခိုင်းခဲ့တဲ့ မိခင်ကို ထိုင်းရဲကဖမ်းဆီးလိုက်တဲ့သတင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။