
Sign up to save your podcasts
Or


ဒီနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ရဲ့ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်ရပါတော့မယ်။ နိုင်ငံတကာပွဲစဉ်တွေပြီးတာနဲ့ ကလပ်ပွဲတွေ ဆက်လက် ကစားရတော့မှာဖြစ်လို့ ကစားသမားတွေ ပွဲပန်းနေနိုင်တာ သတိပြုရပါလိမ့်မယ်။
ဒါပြီးရင်တော့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေ ဆက်တိုက်ဆိုသလို ရောက်လာတော့မှာပါ။
ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲစဉ်တွေထဲက အသင်းကြီးတွေ ယှဉ်ပြိုင်မယ့်ပွဲတွေကို ရွေးချယ်ကောက်နုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စက်တင်ဘာလ ၉ ရက်နေ့ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ဗိုလ်အယ်ကွီး ဦးဆောင်တဲ့ ကော်သူးလေတပ်က ထားဝယ်အရှေ့တောဒေသက အရက် ဘီယာတွေကိုဖျက်ဆီးပြီး ဆိုင်ရှင်တွေဆီက အဓ္မမငွေတောင်းတယ်ဆိုတဲ့ သတင်း
- လောင်းလုံးမြို့နယ်၊ ကျော်နီမော်ရွာမှာ မိုးကြီးပြီး တောင်ပြိုကျမှုကြောင့် လူနေအိမ်နှစ်လုံးပျက်စီးခဲ့တဲ့အကြောင်း
- ပုလောမြို့နယ်မှာ စစ်တပ်ကဖမ်းဆီးသွားတဲ့ ပိတက်ရွာသားကိုးဦးပြန်လွတ်လာတဲ့ သတင်း
- ကွမ်းသီးဈေးမရှိလို့ တောင်သူတွေအရှုံးပေါ်နေတဲ့ သတင်းတွေအပြင်
- MOU မြန်မာလုပ်သားများ အလုပ်မရသဖြင့် ဘန်ကောက်မြန်မာသံရုံးရှေ့ဆန္ဒပြတဲ့အကြောင်း
- Move Forward ပါတီကနေ ဖိထာနုတ်ထွက်လိုက်တဲ့ အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဒေါက်တာ လာလီတာနှင့် မေးမြန်းတင်ဆက်ခြင်း
ထိုင်းနိုင်ငံမှာ အစိုးရသစ် ရှိလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ပဋိပက္ခတွေက ပိုပိုပြီး ပြင်းထန်လာနေပါတယ်။ ဒါတွေက ထိုင်းနဲ့ ထိုင်းလူထုအတွက် ဘယ်လို သဘောဆောင်ပါသလဲ။
ထိုင်းအစိုးရသစ်အနေနဲ့ ဘယ်လို ထိတွေ့ လုပ်ဆောင်သင့်ပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ Kasetsart တက္ကသိုလ်က ကထိက ဒေါက်တာ လာလီတာနဲ့ မေးမြန်းတင်ဆက်လိုက်ပါတယ်။
ဒေါက်တာလာလီတာက မြန်မာနိုင်ငံကို အနီးကပ်လေ့လာနေတဲ့ ထိုင်းသုတေသီ တစ်ဦးဖြစ်ပါတယ်။ သူရဲ့ ဒေါက်တာဘွဲ့ကျမ်းကို ဗြိတိသျှခေတ် မြန်မာနိုင်ငံက မှုခင်းကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပြုစုခဲ့ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့နယ် ဇာဒီရွာမှာ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရတဲ့အထဲက တစ်ဦးသေဆုံးသွားတဲ့အကြောင်း
- ပုလောမြို့နယ် ပိတပ်ရွာမှာဖမ်းသွားတဲ့ ဒေသခံတွေ ဒီကနေ့အထိ ပြန်မလွတ်သေးတဲ့အခြေအနေ
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ထိခိုက်လာမယ်ဆိုရင် စစ်ကောင်စီမှာသာ တာဝန်ရှိတယ်လို့ NLD ပါတီက ထုတ်ပြန်လိုက်တဲ့အကြောင်း
- အာဏာသိမ်းကာလ တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးသူ ၁၅၀ ကျော်ရှိလာတဲ့အခြေအနေ
- ဘန်ကောက်မြို့က ဈေးဝယ်စင်တာတစ်ခုမှာ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရတာ
- ရွှေဈေးကွက်
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဒီတစ်ပတ်မှာတော့ အသစ်ထွက် ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ခံစားသက်ဝင် ရုပ်ရှင်အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။
Rating သတ်မှတ်ချက် 8.0 တောင် ရရှိထားတယ်ဆိုတာနဲ့တင် ဒီဇာတ်လမ်းရဲ့အနေအထားကို သဘောပေါက်နိုင်ပါပြီ။ ဒီဇာတ်ကားက ဝိဝါဒကွဲပြားစရာ ဇာတ်လမ်းမျိုးပါ။ ဒါပေမဲ့ အာရှတိုက်က နိုင်ငံအများစုမှာ အဲ့ဒီစိန်ခေါ်မှုက မကျွတ်လွတ်နိုင်သေးတဲ့တစ္ဆေတစ်ကောင်လို ပူးကပ်နေဆဲပဲဖြစ်ပါတယ်။
အိန္ဒိယဟာ အခုနောက်ပိုင်း ဒီလိုဇာတ်လမ်းတွေကို အတော်များများ ရိုက်ကူးတင်ဆက်လာပါတယ်။ ဒါဟာ ရုပ်ရှင်တိုးတက်လာတဲ့ပြယုဂ်တစ်ခုပါပဲ။
မြန်မာနိုင်ငံမှာဆိုရင်တော့ လူအများအငြင်းပွား သွေးဆူစရာဇာတ်လမ်းမျိုးဖြစ်သည့်အတွက် မပြသသင့်ပါလို့ ရေးသားပြီး ဇာတ်ကားပြသခွင့်ကို ဆင်ဆာပိတ်လိုက်မှာပါ။
အာရှနိုင်ငံအများစု နယ်မြို့တွေ၊ ကျေးလက်တွေမှာ ရှေးရိုးစွဲအယူဝါဒတွေ၊ မဆင်မခြင်ဘဲနဲ့ ဇွတ်ယုံကြည်တာတွေက ဒီကနေ့အထိတိုင် အမြစ်တွယ်နေဆဲပါပဲ။ ဒါကြောင့်လည်း ဖိုးတခေတ်တို့လိုလူတွေ အလုပ်ဖြစ်နေတာပါ။
အဲ့ဒီ ဘာသာရေးလိုလို၊ အယူအစွဲလိုလို၊ ရှေးရိုးစွဲလိုလို ဖြစ်ရပ်တွေနဲ့ သိပ္ပံပညာ၊ ဆေးပညာတို့ ထိပ်တိုက်တွေ့လာပြီဆိုရင် တကယ့်ကို သဘောထားတင်းမာစရာတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒီဇာတ်ကားရဲ့နာမည်က Lokkhi Chhele ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့မှာ စိတ်ဝေဒနာသည်လူငယ်က KGကျောင်းသူကလေးငယ်ကို ရေတွင်းထဲပစ်ချလို့သေဆုံးခဲ့ရတာ
- မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ထဲကတော်လှန်ရေးအင်အားစုတွေရဲ့နေအိမ်တွေ
ဆက်တိုက်ချိတ်ပိတ်ခံနေရတဲ့အကြောင်း
- မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ထဲက ဘန်လောရွာကိုစစ်တပ်က နှစ်ရက်ဆက်ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးနေရတဲ့အခြေအနေ
- ရေဖြူမြို့ကကျောက်ရှပ်ရွာမှာအရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရတဲ့အကြောင်းပါဝင်
- ယနေ့ထားဝယ်ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ ဘတ်နဲ့ရွှေ ဈေးကွက်အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပုလောမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ၇ နာရီအကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့အကြောင်း
- ကမ်းနီးရေပြင်မှာ ငါးခိုးဖမ်းတဲ့ ကမ်းဝေးငါးဖမ်းလှေတွေကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်က ပထမဆုံးအကြိမ် ဖမ်းဆီးအရေးယူလိုက်တဲ့အကြောင်း
- ပေါင်မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတွေ အတိုက်ခိုက်ခံရပြီးနောက် အဖမ်းခံရတဲ့ ဒေသခံတွေ အဖမ်းခံရတဲ့အခြေအနေ
- ထားဝယ်စာကို အခုပညာသင်နှစ်မှာ စသင်တော့မယ့်အကြောင်း
- ထိုင်းနိုင်ငံ မဟာချိုင်မှာ မြန်မာမိန်းကလေးတစ်ဦး ဓားနဲ့အချက်များစွာအခုတ်ခံရပြီးလုယက်ခံရတဲ့အခြေအနေ
- အလုပ်ခွင်ထဲ ဒဏ်ရာရသွားတဲ့ မြန်မာအလုပ်သမားကို ထိုင်းအလုပ်ရှင်ကခေါ်သွားပြီး လမ်းဘေးမှာစွန့်ပစ်ခဲ့လို့ သေဆုံးသွားတဲ့အကြောင်း အပါအဝင်
- တက်ရိပ်ပြလာတဲ့ ရွှေနဲ့ဘတ်ဈေး
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြိတ်က အမြန်ရေယာဉ်ပေါ်မှာ ဘိန်းစာမှုန့်တွေ ဖမ်းမိတဲ့အကြောင်း
- စစ််ကောင်စီဖမ်းထားတဲ့ ရေဖြူက မိသားစုဝင် အမျိုးသားသုံးဦး ပြန်မလွတ်သေးတဲ့အကြောင်း
- ပုလောပင်လယ်ပြင်ထဲ စစ်ကောင်စီတပ်က ဖမ်းထားတဲ့ ငါးဖမ်းလှေငယ်တွေ ပြန်လွတ်လာတဲ့အကြောင်း
- လောင်းလုံးမြို့နေအိမ်ကနေ ပျောက်သွားတဲ့ ကလေးငယ်ကို ၇ မိုင်အကွာက တောထဲမှာ ပြန်တွေ့တာ
- တားဆေး အပါအဝင် လေဆေး၊ နှလုံးဆေးစတဲ့ ဆေးဝါးတွေ ဈေးခုန်တက်သွားတဲ့အကြောင်း အပါအဝင်
- မွန်ပြည်နယ်မှာ အငြိမ်းစားဒုဗိုလ်မှူးကြီးမိသားစု သေနတ်နဲ့အပစ်ခံရတဲ့အကြောင်း
- ဆက်တိုက်ကျလာတဲ့ ရွှေနဲ့ဘတ်ဈေးအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ကောင်းကင်ဓာတ်ပုံဖြင့် ရှာဖွေဖော်ထုတ်ခဲ့သည့် ရှေးကျလှသော အဝိုင်းပုံသဏ္ဍာန်မြို့ဟောင်းများတွင် ကျွန်တော်တို့၏ သာဂရမြို့ဟောင်းလည်း ပါဝင်ခဲ့သည်။
ထင်ရှားခဲ့သော ပျူမြို့ပြများ၊ မွန်မြို့ပြများနှင့် ခေတ်ပြိုင်မြို့တစ်မြို့ ဖြစ်ခဲ့သည်ဟူသော သမိုင်းတစ်ခုကို ပိုင်ဆိုင်လိုက်ရခြင်းသည် ကျွန်တော့်အတွက်တော့ နှစ်သက်ဖွယ်စားမြိန်ဝိုင်း တစ်ဝိုင်းသာဖြစ်၏။
စာရေးဆရာ ငြိမ်းအေးအိမ်၏ ‘မြစ်ဖျားရေကို လှမ်းမျှော်ခြင်း’ စာအုပ်ကို Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် အပတ်စဉ် ပုံမှန်ဖော်ပြပေးနေသည်။
From the publisher's feed