Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ စက်တင်ဘာလ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    8 min
  • နေအိမ်ကနေ ၇ မိုင်ကျော်အကွာ တောထဲမှာ ပြန်ရှာတွေ့တဲ့ တစ်နှစ်ကျော်အရွယ် ကလေးငယ်

    အသက်တစ်နှစ်ကျော်အရွယ်ကလေးတစ်ဦး လူသူမနီးတောကြီးထဲမှာ ညအချိန်ဘယ်လို နေထိုင်ခဲ့လည်းဆိုတာ ဒေသခံတွေက အံ့ဩနေကြပါတယ်။


    3 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (စက်တင်ဘာလ ‌၃ ရက်ကနေ ၉ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    9 min
  • အိမ်တံခါးဝဆိုတော့ ဘယ်တော့မှမအေးစက်ဘူး ရာမို့စ်ရေ

    “ဒီနေရာကို ကျွန်တော် စွန့်ခွာခဲ့ပါတယ်။ ဘဝတိုးတက်မှုအတွက် ကျွန်တော် အရမ်းချစ်တဲ့နေရာလေးကို ကျောခိုင်းခဲ့ရပါတယ်။ ဒီနေရာဆီကို ပြန်လာဖို့အတွက် ကျွန်တော် အမြဲပဲ စိတ်ကူးရှိနေခဲ့တာပါ”တဲ့။ ဒီစကားကို ပြောကြားလိုက်သူက ဆာဂျီယို ရာမို့စ် ဖြစ်ပါတယ်။


    သူ့ကို စင်တင်ပေးခဲ့၊ မြေတောင်မြှောက်ပေးခဲ့တဲ့ ဆီဗီလာကလပ်ဆီကို ပြန်လည်ပြောင်းရွှေ့အပြီးမှာ ဒီစကားကို ရာမို့စ်က ပြောကြားလိုက်တာပါ။ အခု စကားတွေကို ပြောနေချိန်မှာ ရာမို့စ်က မျက်ရည်တွေလည်း ကျဆင်းနေခဲ့ပါတယ်။


    ငယ်ကချစ်၊ အနှစ်တစ်ရာ၊ မမေ့သာ ဆိုသလို ဆီဗီလာနဲ့ သူ့ရဲ့အကြားက ချည်နှောင်ခဲ့တဲ့သံယောဇဉ်တွေကို ရာမို့စ် မမေ့ရစ်နိုင်ခဲ့ဘူးဆိုတာ သူ့မျက်ရည်စတွေက သက်သေပါပဲ။


    အောင်မြင်မှုတွေကို ရယူပြချင်စိတ်တစ်ခုနဲ့ ဒီမြေကို စွန့်ခွာသွားခဲ့ရပေမယ့် အချိန်တန်တော့ လွမ်းဖို့ရာ လက်တို့ခေါ်နေတဲ့ အစပြုရာ နေရာဆီကို ပေးဆပ်လိုစိတ်သက်သက်နဲ့ လူတိုင်း ပြန်ချင်ကြတာပဲ မဟုတ်လား။ သံယောဇဉ်အမျှင်တန်းဟာ တစ်ခါတရံကျတော့ တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်နေရာ တစ်ဒေသဆီမှာ စွဲထင် ကျန်နေရစ်ခဲ့တတ်ပါတယ်။


    အခုတော့ ရာမို့စ်ဟာ သူချစ်တဲ့မြေဆီကို ကစားသမားဘဝ အဆုံးသတ်ဖို့အတွက် ပြန်လာခဲ့ပါပြီ။ လူတိုင်းဆီမှာ ချစ်ခြင်းတရားနဲ့ ပြန်ချင်တဲ့ ရင်ခွင်တစ်ခုက အမြဲပဲ ရှိနေတတ်တာပဲ မဟုတ်လား။

    7 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စက်တင်ဘာလ ၂ ရက်နေ့ကနေ စက်တင်ဘာ ၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • စက်တင်ဘာလ ၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ပုလောတွင် ရေတပ်သင်္ဘောနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ပင်လယ်ပြင်မှာတိုက်ပွဲဖြစ်တဲ့သတင်း


    - ရန်ကုန်-ထားဝယ်ပြည်ထောင်စုကားလမ်း ညပိုင်းသွားလာခြင်းမပြုရန် ပကဖထုတ်ပြန်တဲ့အကြောင်း


    - မြန်မာဒုက္ခသည်များအတွက် ဘေးကင်းရေးဇုန်တည်ဆောက်ရန် ထိုင်းအတိုက်အခံပါတီနှစ်ခုပြောဆိုတဲ့အကြောင်း


    - အခုတစ်ပတ်‌ထဲ ရေထွက်ကုန်ဈေးတက်လာတဲ့အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • စက်တင်ဘာလ ၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တစ်နေ့တည်းသုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အကြောင်း


    - သရက်ချောင်းမြို့နယ်မှာလည်း မြေသယ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာ


    - ကျပ် ၃၆ သိန်းအောက်ကို ကျဆင်းလာနေတဲ့ အခေါက်ရွှေဈေးကွက်အခြေအနေ


    - မင်းမြတ်ခိုင် ထိုင်းမြန်မာ ငွေလွှဲလုပ်ငန်းဟာ မြန်မာအလုပ်သမားတွေအပေါ် ငွေကြေးလိမ်လည်တာ ဆက်တိုက်ပြုလုပ်လာနေတဲ့အကြောင်း


    - ကိုဗစ်နဲ့ နိုင်ငံရေးကြောင့် ဘွဲ့မရသေးတဲ့ မြန်မာ ကျောင်းသားတွေ ပညာသင်ဆုလျှောက်လို့ရမယ့်အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • စက်တင်ဘာလ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ရေဖြူမြို့နယ်က ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းဝင်လာတဲ့အကြောင်း


    - မိုးသည်းထန်စွာရွာတဲ့ ကော့သောင်းမှာ ရေကြီးလို့ နေအိမ် ငါးဆယ်ခန့်ပြောင်းရွှေ့ရတာ


    - မလေးရှားရောက် ထားဝယ်သားတစ်ဦး ငါးဖမ်းလှေလိုက်ရာက မြန်မာအချင်းချင်း အသက်အန္တာရာယ်ခြိမ်းခြောက်တဲ့အတွက် ရေထဲခုန်ချ ထွက်ပြေးရတဲ့အခြေအနေ


    - ထိုင်းအမျိုးသမီးတစ်ဦး မြန်မာမှာ လိင်ကျွန်အဖြစ် ရောင်းစားခံရတဲ့သတင်းအပါဝင်


    - ယနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျ အခြေအနေကို


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • စက်တင်ဘာလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို PDF ပူးပေါင်းတပ်က ရှင်းလင်းခဲ့တဲ့အကြောင်း


    - ပျူစောထီးနှစ်ဦးပိုင်တဲ့ ကျွန်းစုမြို့နယ်က ခဲလုပ်ငန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဖျက်ဆီးလိုက်တဲ့အခြေအနေ


    - မိုးသည်းထန်လို့ ရေဖြူမြို့နယ်ထဲ ရေကြီးရေလျှံနေတဲ့ အကြောင်း


    - ထိုင်းနိုင်ငံရဲ့ အမြန်လမ်းပေါ်မှာ ရိုဟင်ဂျာ နှစ်ဆယ်ကျော် ဖမ်းမိတဲ့အကြောင်း အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ် အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ပဋိပက္ခအတွင်း ဆေးဝါးကုသခွင့်

    တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ လက်နက်ကိုင် အဖွဲ့တွေရဲ့ လမ်းခရီး စစ်ဆေးတင်းကြပ်မှုတွေက ပိုမိုများပြားလာနေပါတယ်။ ဒါကြောင့်မို့ ပဋိပက္ခအတွင်း အချိန်မီ ဆေးဝါးကုသခွင့်မရဘဲ အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေရှိလာနေပါတယ်။


    လူနာတင်ယာဉ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် စစ်ဖြစ်ပွားရာဒေသနဲ့၊ ပဋိပက္ခဒေသတွေမှာ လိုက်နာရမယ့် ဆေးကုသခွင့်နဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

    4 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။