
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမြို့က နေအိမ်ပေါ်လက်နက်ကြီးကျလို့ ရဲတပ်သားရဲ့ မိခင်ဒဏ်ရာရသွားတဲ့အကြောင်း
- စစ်ကောင်စီရဲ့ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခြေလျင်တပ်ရင်းတစ်ခုကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးချတိုက်ခိုက်တာ
- ပုလောက ကြဲရွာသားတစ်ဦးအသတ်ခံရပြီး အခြားရွာသားတစ်ဦး အဖမ်းခံရတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Kondraal Paavam။ Dawei Watch ရဲ့ စိတ်အပန်းဖြေစရာ ရုပ်ရှင်ကမ္ဘာ အစီအစဉ်ထဲမှာ အခုတစ်ပတ် တင်ဆက်ပေးဖို့ ရွေးချယ်လိုက်တဲ့ ဇာတ်ကားလေးက Kondraal Paavam ပါပဲ။
ဒီဇာတ်ကားဟာ ပြဇာတ်အဖြစ် ကပြတော့လည်း နာမည်ကြီးခဲ့သလို ရုပ်ရှင်ဇာတ်ကားရိုက်ကူးတော့လည်း အောင်မြင်တယ်လို့ ဆိုရပါလိမ့်မယ်။
ရုပ်ရှင်ကားကောင်းတွေ ကြည့်ရှုရတာကို ဝါသနာပါတယ်ဆိုရင် ဒီဇာတ်ကားကို ဟောလိဝုဒ်ဇာတ်ကားနှစ်ကားဖြစ်တဲ့ ကင်မရွန်းဒီးယားဇ်ရဲ့ဇာတ်ကား The Box၊ လူငယ်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ The Brass Teapot တို့နဲ့ တွဲဖက်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။
ဟောလိဝုဒ်ဇာတ်ကားတွေက တစ်ဆင့်ချင်းအလိုက် ပါးပါးလေးတွေ ပုတ်သွားပြီး အိန္ဒိယဇာတ်ကားကတော့ ခပ်ထူထူ ပြသွားတာကို မြင်တွေ့ရမှာပါ။
အာရှနဲ့ အာရှအငွေ့အသက်၊ အာရှရိုးရာအယူအဆတွေကို သဘောကျရင် Kondraal Paavam က အရသာတစ်ခု ပေးမှာဖြစ်ပြီး The Box နဲ့ The Brass Teapot တို့ကတော့ အနောက်တိုင်းအငွေ့အသက်နဲ့ ဟောလိဝုဒ်အရသာကို ပေးစွမ်းပါလိမ့်မယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြို့နယ်ထဲ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ လူထောင်ချီထွက်ပြေးခဲ့ရပြီး ဒေသခံဆယ်ချီအဖမ်းခံရတဲ့အကြောင်း
- ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့က မူးယစ်ဆေးရောင်းသူ သုံးဦးကိုဖမ်းထားတဲ့အကြောင်း
- စစ်ကောင်စီတပ်က ပစ်လို့ဒဏ်ရာရသွားတဲ့ ရေဖြူမြို့နယ်က အမျိုးသမီးသေဆုံးသွားတာ
- ကမ်းရိုးတန်းစစ်တိုင်းမှူးအပြောင်းအလဲ လုပ်ခဲ့တဲ့ အခြေအနေ
- တီမောလက်စ်တေးနိုင်ငံ သံအမတ်ကို မြန်မာနိုင်ငံထဲက ထွက်သွားဖို့ စစ်ကောင်စီက နှင်ထုတ်တဲ့အကြောင်း
- မြန်မာလုပ်သားတစ်ဦး မလေးရှားနိုင်ငံက ကားမှတ်တိုင်မှာ ချော်လဲလို့ သေဆုံးသွားတဲ့အကြောင်း
- ထိုင်းတောင်ပိုင်း ဖူးခက်ကမ်းခြေရှိ ဖျော်ဖြေရေးလုပ်ငန်းတွေ မိုးလင်းခါနီးအထိ ဖွင့်ခွင့်ပေးဖို့ တောင်းဆိုတာ အပါအဝင်
- ရွှေနဲ့ ဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
အာဝဇ္ဇာန်းကောင်းကောင်းနဲ့ ဇာတ်ကား၊ ဒါရိုက်တာ၊ ဝတ္ထု၊ ဇာတ်ညွှန်း၊ မင်းသား၊မင်းသမီး၊ ဇာတ်ပို့ ဇာတ်ရံ၊ လူကြမ်းပါမကျန် အမွှန်းတင်ပြီး အပြောရွှင်ရွှင်နဲ့ ကြော်ငြာနေတဲ့ အသံကိုကြားတာနဲ့ ကစားနေတာကို ရပ်ပြီး ဘင်လည်ကားနောက် ကလေးတွေ အပြေးလိုက်ကြပါပြီ။
ခေတ်ကတော့ မြစ်ရေတွေလိုပဲ စီးမြဲစီးနေဦးမှာပါ။ ငယ်စဉ်ကဖြတ်သန်းခဲ့ရတဲ့ အတိတ်ပုံရိပ်တွေကတော့ လွမ်းမောစရာအတိရှိနေပါတယ်။
Dawei Watch ရဲ့ ဒီတစ်ပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာတော့ တစ်ချိန်က ငယ်ဘဝဖြတ်သန်းခဲ့ရတာတွေကို ပြန်လည်အမှတ်ရသွားစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဩဂုတ်လ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသကို စစ်ကောင်စီက ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ထားတာ အခုဆိုရင် ရက်ပေါင်း ၂၀၀ ကျော်သွားပါပြီ။ ဆိုင်ကယ်စီးတဲ့အတွက် ပစ်ခတ်ခံရတာ၊ ဖမ်းဆီးခံရတာတွေလည်း ကြုံတွေ့ခဲ့ကြရပါတယ်။
ဆိုင်ကယ်စီးခွင့် မရတဲ့ ဒေသခံတွေဟာ အခက်အခဲများစွာ ကြုံတွေ့နေကြရပြီး ဘယ်အချိန်မှ ဆိုင်ကယ်စီးခွင့် ပြန်ပေးမယ်ဆိုတာ မသိကြရသေးပါဘူး။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ်(၃)ဟာ မနေ့ကညမှာပဲ အစပြုခဲ့ပါတယ်။
ချယ်လ်ဆီးက လူတန်တောင်းကို သုံးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။
ဒါဟာ လက်ရှိဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပထမဆုံးသောနိုင်ပွဲ ရှာဖွေရရှိခြင်းပါပဲ။
ဒီနေ့ညမှာဆိုရင်လည်း ပရီးမီးယားလိဂ်ပွဲစဉ်ကောင်းတွေ ဆက်လက်ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
အခုတစ်ပတ်ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီး ၄ သင်းရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်နုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဩဂုတ်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် ၆၆၀၀ နဲ့ ပဲလုံးဆီတစ်ဘူးကို ကျပ် ၆၀၀၀ ဈေးပေါက်နေပါပြီ။
အခြေခံဝန်ထမ်းတစ်ယောက်ရဲ့ ပျမ်းမျှ လစာက ကျပ်တစ်သိန်းခွဲနီးပါး၊ တစ်ရက် ၄၈၀၀ ကျပ် ပဲရနေချိန်မှာ ဈေးအနည်းဆုံး ဆန်ကြမ်းက တစ်ပြည်ကို ၃၉၀၀ ကျပ် နီးပါးရှိနေပါတယ်။
အန္တရာယ်ကြားကနေ အလုပ်လုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာက ထမင်းဆီဆမ်းစားဖို့တောင် မလုံလောက်တော့ပါဘူး။
From the publisher's feed