Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဩဂုတ်လ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • ရက် ၉၀၀ ကျော်ကို မျှော်ကြည့်ခြင်း

    အာဏာသိမ်းပြီး ရက် ၉၀၀ ကျော်လာချိန်မှာတော့ မြန်မာကျပ်ငွေ တန်ဖိုးက အလွန်အမင်းထိုးကျသွားပြီး ရွှေနဲ့ ဘတ်စျေးတွေလည်း ခုန်တက်သွားပါတော့တယ်။


    ကျွမ်းကျင်သူတွေကတော့ လူထုကကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းနေတာကြောင့် ရွှေစျေးက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေမှာဖြစ်သလို ဘတ်စျေးကလည်း ယခုစျေးကနေ ပြန်ကျဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။

    4 min
  • ရင်ခုန်ခံစား တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်များ

    Dawei Watch ရဲ့ ရင်ခုန်ခံစားအကောင်းဆုံးပွဲစဉ်များ အစီအစဉ် တင်ဆက်တဲ့နေ့ရက်ကို ရောက်ရှိလို့ လာခဲ့ပြန်ပြီပဲဖြစ်ပါတယ်။


    အခုတစ်ပတ်မှာဆိုရင် ဥရောပလိဂ်ပြိုင်ပွဲကြီးအားလုံး စုံစုံလင်လင် ဖြစ်သွားခဲ့ပြီမို့ ပွဲစဉ်ကောင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရတော့မှာပါ။


    ဒီတစ်ပတ်မှာလည်း Dawei Watch ပရိသတ်တွေအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ကောင်းတွေကို ရွေးချယ်ပြီး အကောင်းဆုံးပွဲစဉ် ရွေးချယ်သုံးသပ်ခြင်းများအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

    7 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဩဂုတ်လ ‌၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ )

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်

    11 min
  • တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာအစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဩဂုတ်လ ၁၂ ရက်နေ့ကနေ ဩဂုတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • သတိထားရမယ့် မြေမြှုပ်မိုင်းအန္တရာယ်

    အရင်က အေးချမ်းတည်ငြိမ်ခဲ့တဲ့ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းကတော့ အခုအခါမှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့အတူ မြေမြှုပ်မိုင်း အန္တရာယ်ပါ ကြုံတွေ့လာရပါပြီ။


    တနင်္သာရီတိုင်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရတဲ့ အရပ်သားတွေ ခပ်စိပ်စိပ်ရှိလာနေပါတယ်။


    ဒါကြောင့် မြေမြှုပ်မိုင်းတွေနဲ့ပတ်သက်ပြီး သတိထားရမယ့် အချက်တွေကို သိရှိထားဖို့လိုလာပါပြီ။

    6 min
  • ဩဂုတ်လ ၁၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့နယ်၊ အရှေ့တောနယ်မြေကို စစ်ကောင်စီတပ်ဂိတ်တွေက ဆန်သယ်ယူခွင့်လုံးဝ ပိတ်ထားတဲ့အကြောင်း


    - မြိတ်ခရိုင်၊ ပလမြို့မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ် မနေ့ညပိုင်းက မိုင်းဆွဲခံရအခြေအနေ


    - မွန်ပြည်နယ် ရေး-သံဖြူဇရပ်ကားလမ်းမှာ ဩဂုတ်လ ၁၆ ရက်က ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့အကြောင်း


    - ပရာယွတ်ပါဝင်ခဲ့တဲ့ စစ်တပ်ပါတီနှင့် Pheu Thai ပါတီ ပူးပေါင်းလို့ ကြေညာချက်အပြင်


    - ထိုင်းနိုင်ငံက တက္ကသိုလ်ကျောင်းသားတွေကို ပစ်မှတ်ထားတဲ့ ဟန်ဆောင်ပြန်ပေးဆွဲ ငွေလိမ်တောင်းမှုများအကြောင်းနဲ့


    - ရွှေဈေးနဲ့ ထိုင်းဘတ်ဈေးအတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဩဂုတ်လ ၁၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ပုလော ဇရပ်ဆိပ်ရွာက ဈေးသည်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့အကြောင်း


    - စစ်ကောင်စီစစ်ကြောင်းဖမ်းဆီးသွားတဲ့ ဝကုန်းရွာသားတွေ ပြန်လွတ်လာတာ


    - လဝကရုံးမှာ ဇီဝဆိုင်ရာကတ်ပြားသွားလုပ်တဲ့သူတွေထဲ အဖမ်းခံရတဲ့သူရှိလာတဲ့အခြေအနေ


    - တစ်ကျပ်သားကို သိန်း ၄၀ နားကပ်လာနေတဲ့ ရွှေဈေးကွက်အကြောင်း


    - အော်တစ်ဇင်ကလေးနှစ်ဦးကိုသ တ်တဲ့ဖခင်ကိုထောင် ၁၄ နှစ် ချမှတ်လိုက်တာ


    - ရနောင်မြို့မှာ မြန်မာနိုင်ငံသားတွေ ဘေးတွဲပြေးဆွဲနေတာကို ထိုင်းနိုင်ငံသားတွေက ဆန္ဒပြကြတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • တီရယ်လ်ထန်ရဲ့စိန်ခေါ်ပွဲ ရောက်ရှိလို့ လာပါပြီ၊ သုံးပွဲဆက်အနိုင်ရလဒ်ကို ယူပြနိုင်လေမလား

    မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှာ မွေးဖွားခဲ့တဲ့ တီရယ်လ်ထန်ဟာ ဩဂုတ်လ ၁၉ ရက်နေ့ကိုရောက်ရင် စိန်ခေါ်ပွဲစဉ် ထိုးသတ်ပါတော့မယ်။


    အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြု ထိုးသတ်နေတဲ့ တီရယ်လ်ထန်ဟာ ချင်းတိုင်းရင်းသားဖြစ်ပြီး ချင်းပြည်နယ်မှာပဲ မွေးဖွားခဲ့သူပါ။


    တီရယ်လ်ထန် ဟာ One Championship မှာ ရလဒ်တွေ ဆိုးရွားခဲ့ရပြီးတဲ့နောက် သူ့ကို One Championship ဘက်ကနေ စာချုပ်သက်တမ်း မတိုးတော့တဲ့အတွက် လမ်းခွဲခဲ့ရသူပါ။


    One Championship ကို ကျောခိုင်းလိုက်ပြီးတဲ့နောက်မှာ LFA နဲ့ ALC ဘက်ကို ပြောင်းလဲဝင်ရောက်လိုက်ပြီး လမ်းကြောင်းမှန်တစ်ခုထက်ဆီကို ပြန်လည် တက်ရောက်နိုင်စေဖို့အတွက် တီရယ်လ်ထန်က ကြိုးစားလို့နေပါတယ်။


    အခုဆိုရင် LFA နဲ့ ALC တို့ဘက်မှာ တီရယ်လ်ထန်က နိုင်ပွဲ ၂ ပွဲ ရယူလိုက်နိုင်ပါပြီ။


    အခု ဩဂုတ်လ ၁၉ ရက်နေ့မှာ တီရယ်လ်ထန် ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဒါးရီးရပ်စ် ဂျက်ခ်ဆင် ဖြစ်ပါတယ်။


    တီရယ်လ်ထန် ဟာ သုံးပွဲဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်ပြနိုင်လေမလား ဆိုတာကတော့ စောင့်ကြည့်ချင်စရာပါပဲ။

    5 min
  • Podcast| သတိထားရမယ့် မြေမြှုပ်မိုင်းအန္တရာယ်

    အရင်က အေးချမ်းတည်ငြိမ်ခဲ့တဲ့ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းကတော့ အခုအခါမှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့အတူ မြေမြှုပ်မိုင်း အန္တရာယ်ပါ ကြုံတွေ့လာရပါပြီ။


    တနင်္သာရီတိုင်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရတဲ့ အရပ်သားတွေ ခပ်စိပ်စိပ်ရှိလာနေပါတယ်။


    ဒါကြောင့် မြေမြှုပ်မိုင်းတွေနဲ့ပတ်သက်ပြီး သတိထားရမယ့် အချက်တွေကို သိရှိထားဖို့လိုလာပါပြီ။

    6 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။