Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • နော်စတဲဂျာ

    နော်စတဲဂျာ


    |ခွန်းသု|


    နော်စတဲဂျာဆိုတာ အိမ်ဆိုတဲ့ခံစားမှု အမှတ်အသားပါတယ်။ အတိတ်စက္ကန့်တွေကို အခုပြန်မရနိုင်တော့အခါစိတ်ပျက်အားငယ်ရမှုတွေ၊ ဝမ်းနည်းသောကတွေပါတယ်။ အချို့ကလည်းအတိတ်ကိုလွမ်းဆွတ်တသခြင်းလို့ တိုတိုတုတ်တုတ်ပြောကြတယ်။


    ဒါပေမဲ့နော်စတဲဂျာဟာ ဆွတ်ပျံ့ဖွယ် အတိတ်သက်သက်တော့ မဟုတ်နေပြန်ဘူး။ ကောင်းကျိုးချမ်းသာ ဆောင်ယူပေးရာ ယဉ်ယန္တရားအဖြစ်လည်း အသက်သွင်းနိုင်ပြန်တယ်။


    ရွတ်ဖတ်သူ - ဝေးမိုး


    မူရင်း သီချင်း/ဂီတ - လင်းထက်


    Cover ဆို/တီး - ဝီရမိုးနေ


    ဓာတ်ပုံ - Razi

    11 min
  • ဩဂုတ်လ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်သင်္ကန်းတောရွာမှာ တိုက်ပွဲဖြစ်နေတဲ့အကြောင်း


    - ဧကနိရွာမှာ ရဟန်းတပါးနဲ့ လူတစ်ဦးကို စစ်တပ်က ပစ်ခတ်ခဲ့တာ


    - ပလမြို့ရဲစခန်းအနီးမှာရှိတဲ့နေအိမ်နှစ်ဆောင် မိုင်းဆွဲခံရတဲ့အကြောင်း


    - တနင်္သာရီမြို့ မှာ အသက် ၇ နှစ်အရွယ် ခလေးငယ်တစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံးခဲ့တာ


    - သုံးရက်တာကာလအတွင်း မြိတ်မြို့မှာ အခေါက်ရွှေတစ်ကျပ်သား သိန်းလေးဆယ်နီးပါးဖြစ်လာတဲ့အကြောင်း


    - ဖြူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမှာမဟုတ်ဘူးလို့ Move Forward ပါတီက ကြေညာလိုက်တဲ့အကြောင်း


    - ယနေ့ရွှေ နဲ့ ထိုင်းဘတ်ဈေး အတက်ကျ ခြေနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ဩဂုတ်လ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်အကျဉ်းထောင်က ဒုထောင်မှူးနေအိမ်မှာ မူးယစ်ဆေးတွေ ဖမ်းမိတဲ့အကြောင်း


    - စစ်ကောင်စီတပ်က ပလရဲစခန်းကနေ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတဲ့ အခြေအနေ


    - ဟိန္ဒားရွာမှာ ပျူစောထီးတစ်ဦး အသတ်ခံရလို့ ဒေသခံတွေ ခဲရှာဖို့ မသွားရဲတော့တဲ့ အကြောင်း


    - တနင်္သာရီမှာ ပရဟိတသမားတစ်ဦး အဖမ်းခံရတဲ့အခြေအနေ အပါအဝင်


    - အတက်ကြမ်းနေတဲ့ ရွှေနဲ့ ထိုင်းဘတ်ဈေးကွက်


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ဩဂုတ်လ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီမြို့နယ်မှာ ရွာသားငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အကြောင်း


    - မွန်ပြည်နယ်မှာ နယ်ထိန်းရဲတစ်ဦး ပစ်သ တ်ခံရတာ


    - ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦးရဲ့ဖခင်ဖြစ်သူ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ရတဲ့အကြောင်း


    - စစ်ကောင်စီတပ်က ရေဖြူမြို့နယ် ဧကနိရွာကနေအိမ်တွေကို မီးရှို့တဲ့အခြေအနေ အပါအဝင်


    - ရွှေနဲ့ ထိုင်းဘတ်ဈေး အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    5 min
  • ပုံရိပ်များ၏ ကောက်ကြောင်း

    ယခုခေတ်တွင်တော့ ဓာတ်ပုံတစ်ပုံရိုက်တတ်ရန် အထွေအထူး သင်နေစရာမလိုတော့ ကလေးကအစ ဓာတ်ပုံရိုက်တတ်နေပြီ နည်းပညာတိုးတက်မှုက အလှဓာတ်ပုံကို အခက်အခဲမရှိ ရိုက်လို့ရရန် လုပ်ပေးလိုက်သည်။


    ဒီဂျစ်တယ်နည်းပညာခေတ် မတိုင်ခင်ကမူ ဖလင်များဖြင့် ဓာတ်ပုံရိုက်ကြရသလို ဓာတ်ပုံတစ်ပုံ ရဖို့ကလည်း အမှောင်ခန်းထဲတွင် ခက်ခက်ခဲခဲ လုပ်ကြရသည်။


    ဓာတ်ပုံတစ်ပုံရဖို့ အခက်အခဲအတားအဆီးတွေ ဘယ်လိုကျော်ဖြတ်ကြရသည်ကို ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

    11 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဩဂုတ်လ ၆ ရက်ကနေ ဩဂုတ်လ ၁၂ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဩဂုတ်လ ‌၆ ရက်ကနေ ၁၂ ရက်နေ့အထိ )

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    10 min
  • ပဋိပက္ခတွေအကြား ခေါင်းထောင်လာတဲ့ သွေးလွန်တုပ်ကွေး

    စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဒီနှစ်မှာသွေးလွန်တုပ်ကွေး ဖြစ်ပွားတာ လျော့လာတယ်လို့ ပြောနေပေမဲ့ တနင်္သာရီတိုင်းထဲ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်နေပြီး ‌ကလေးတွေ သေဆုံးတာတွေလည်း ရှိနေပါတယ်။


    မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေတွေနဲ့ ကိုယ့်ရင်သွေးတွေ အသက်မဆုံးရှုံးစေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမယ် ဆိုတာတွေကို ဒီဆောင်းပါးမှာ နားဆင်ကြရမှာပါ။


    (ကာယကံရှင်များ၏ ဆန္ဒအရ အင်တာဗျူးအချို့တွင် မူရင်းအသံကိုဖော်ပြခြင်းမရှိဘဲ အသံအစားထိုးဖတ်ရှုထားပါသည်)

    10 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဩဂုတ်လ ၅ ရက်နေ့ကနေ ဩဂုတ်လ ၁၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • မန်ယူနဲ့ အာဆင်နယ် မိုးကောင်းကင်အောက်မှာ အားလုံး အတူဆုံကြမယ်

    Dawei Watch တွေအတွက် ရင်ခုန်ခံစား အကောင်းဆုံး ဘောလုံးပွဲစဉ်များအစီအစဉ် ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ။ အခုဆိုရင် ပရီးမီးယားလိဂ်ဘောလုံးရာသီသစ် စတင်ပြီပဲဖြစ်ပါတယ်။


    သီတင်းပတ်ကုန်ရက်တွေဟာ ဘောလုံးပွဲစဉ်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပြန်ဖြစ်လာတော့မှာပါ။


    အကြိတ်အနယ်ရှိလွန်းတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲကနေ အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    4 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။