
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာကို စစ်ကြောင်းထိုးဖမ်းဆီနေလို့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့အကြောင်း
- ပျူစောထီးလို့ဆိုတဲ့အမျိုးသားတစ်ဦး လောင်းလုံး စမ်းလှမ်းသွား လမ်းပိုင်းမှာ ပစ်သ တ်ခံလိုက်ရတာ
- လောင်းလုံး ကျောက်နီမော်ရွာအနီး ပစ်ခတ်မှူမှာ စစ်ကောင်စီတပ်က ဗိုလ်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးခဲ့တဲ့အကြောင်း
- ကမ္ဘာ့ရွှေဈေး ထိုးကျနေပေမယ့် ပြည်တွင်း ရွှေဈေးကတော့ အတက်ဘက်မှာရှိနေတဲ့အခြေအနေ
- မွန်ပြည်နယ်ထဲ သွေးလွန်တုပ်ကွေးဖြစ်ပွားနူန်းမြင့်တက်လာပြီး ကလေးသုံးဦး သေဆုံးခဲ့တာ
- မြန်မာစစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ထိုင်းလွှတ်တော်ကို တင်ပြတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
အာဆီယံကိုယ်စားပြုနိုင်ငံတွေထဲကနေ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ရရှိနေတဲ့ အသင်း ၂ သင်း ရှိပါတယ်။ အဲ့ဒီနှစ်သင်းက ဗီယက်နမ်နဲ့ ဖိလစ်ပိုင် တို့ပါပဲ။
ဖိလစ်ပိုင် ဆိုတာက ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စုအဆင့်မှာတောင် မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းကို အရေးနိမ့်ခဲ့တဲ့အသင်းပါ။
ဒါပေမဲ့ အခုအချိန်မှာတော့ ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းက ကမ္ဘာ့အဆင့်မှာ မှတ်တမ်းသစ်တစ်ခု ရေးထိုးလိုက်ပါပြီ။
ဖိလစ်ပိုင်ဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အရေးနိမ့်ပြီး နောက်တစ်ဆင့် မတက်နိုင်ခဲ့ပေမယ့် ဒီလိုအဆင့်ဆီကို ဖိလစ်ပိုင် ဘယ်လိုတက်လှမ်းရောက်ရှိလာသလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။
ဒီနေရာမှာ ပြောချင်တာက ဖိလစ်ပိုင်အမျိုးသမီးအသင်းရဲ့တိုးတက်လာမှုပါပဲ။ တိတိကျကျပြောရရင် မွေးစားသမီးတွေ၊ အနွယ်ဖွား ကပြားတွေကို ဖိလစ်ပိုင်အမျိုးသမီးအသင်းတာဝန်ရှိသူတွေက စနစ်တကျ ထည့်သွင်းပြီး အသင်းအတွက် အသုံးပြုသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကို မွေးစားသမီးတွေ ထည့်ကန်လို့ နိုင်သွားတာပါဆိုပြီး ပြက်ရယ်ပြုလှောင်ရယ်နေရင် ပြိုင်ဘက်တွေရဲ့နောက်မှာ ပြတ်လွန်းခြင်းမက ပြတ်ကျန်ရစ်ရဖို့သာ ရှိပါတော့တယ်။
သေချာနေတာက ဖိလစ်ပိုင်လို လုပ်မယ်လို့ စိတ်ကူးရင်တောင် မြန်မာအတွက်က အဲ့ဒီစိတ်ကူးအိပ်မက် အကောင်အထည်ပေါ်နိုင်ဖို့က အကြွေး ဇာတ်ကားထဲက နာမည်ကျော် ဇာတ်ဝင်ခန်းစကားလို ၁၀ နှစ်၊ ၁၀ နှစ် ပါပဲ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်က ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့က ဆရာဝန်သုံးယောက်နဲ့ ကျန်းမာရေးအရာရှိတစ်ဦး အဖမ်းခံရတဲ့အကြောင်း
- စစ်ကောင်စီက စစ်ကြောင်းထိုးမှာစိုးရိမ်းပြီး လောင်းလုံးမြို့နယ် ကျောက်ဝပ်ပြင်က ဒေသခံတွေ တိမ်းရှောင်နေရတာ
- စစ်ကောင်စီက နဘုလယ်ဒေသကို စစ်ကြောင်းထိုးနေပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးထားတဲ့ အခြေအနေ
- ရေကြီးနစ်မြှုပ်လို့ ထားဝယ်ခရိုင်က လယ်တွေ စပါးမအောင်ဘဲဖြစ်နေတဲ့အကြောင်း
- မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ရေကြီးရေလျှံတာတွေ ဆက်ဖြစ်ပွားနေတာ
- ထိုင်းနိုင်ငံထဲ ဆောက်လက်စ ခုံးကျော်တံတားဘောင် ပြုတ်ကျလို့ မြန်မာအလုပ်သမားတစ်ဦးသေဆုံးသွားတဲ့အခြေအနေ
- ရက်ပိုင်းထဲ နေ့စဉ်တက်နေ့တဲ့ရွှေဈေး ဒီကနေ့မှာလည်း တစ်သိန်းနီးပါးထပ်တက်
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေးမြို့က အစင်ရွာလက်ဖက်ရည်ဆိုင် ပစ်ခတ်မှုမှာ သေဆုံးဒဏ်ရာရရှိခဲ့တဲ့ အခြေအနေ
- မြိတ်မြို့ကနေအိမ်တစ်ဆောင်မှာ ဓါးထောက်လုယက်မှု ဖြစ်တဲ့အကြောင်း
- လောင်းလုံးမြို့နယ် ဝေဒီရွာသားတစ်ဦး ပစ်ခတ်ခံရတာ
- ခြောက်ရက်ကြာဆက်သွယ်မရသေးတဲ့ ပညစ်ရွာသားတွေ အခြေအနေ
- ပုလောကကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အကြောင်း
- တနင်္သာရီတိုင်း ထဲက မြို့နယ်သုံးခုမှာ မနေ့က ရှစ်လေးလုံးလူထုအရေးတော်ပုံ ၃၅ နှစ်မြောက်ကျင်းပခဲ့ကြတဲ့အခြေနေ
- တနင်္သာရီနဲ့မွန်ပြည်နယ်တို့မှာ ရေကြီးတဲ့အတွက်ကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး နေအိမ်တွေပြောင်းရွှေနေရတဲ့အခြေနေတွေအပါဝင် ယနေ့ ရွှေဈေးနဲ့ ထိုင်းဘတ်ဈေး အကြောင်းစတဲ့သတင်းတွေကို နားဆင်ရမှာပါ။
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ် လောင်းလုံးမြို့အဝင်မှာ ဆန္ဒပြနေချိန် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ကားနှစ်စီး အပစ်ခံရတဲ့အကြောင်း
- စစ်ကောင်စီတပ်ရိက္ခာသယ်ကားကိုလိုက်ပစ်ရင်း အရပ်သားတစ်ဦး ကျည်ထိသေဆုံးခဲ့တဲ့အကြောင်း
- ထိုင်းနိုင်ငံက အမြန်လမ်းပေါ်မှာ မြန်မာအလုပ်သမား ၉ ဦး အဖမ်းခံရတဲ့အကြောင်း
- အလုပ်ရှာပေးမယ်ဆိုပြီး ပိုက်ဆံကြိုပေးထားရတဲ့ မြန်မာအလုပ်သမားတွေ ဆက်တိုက်အလိမ်ခံနေရတဲ့ အခြေအနေ အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရေဖြူမြို့နယ် ပကဖအဖွဲ့ဝင်ကနေ နုတ်ထွက်လိုက်တဲ့ အကြောင်း
- လောင်းလုံးက နေအိမ်ခြံဝင်းထဲရှိနေတဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တဲ့အကြောင်း
- မြိတ်မြို့မှာ ပိုင်ရှင်မဲ့အလောင်းတွေ ခပ်စိပ်စိပ်တွေ့လာရတဲ့အခြေအနေ
- နှစ် ၄၀ နီးပါး အာဏာချုပ်ကိုင်လာတဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်က သူရဲ့သားကို အာဏာလွှဲပေးဖို့ တင်သွင်းထားတဲ့အပေါ် ဘုရင်က အတည်ပြုလိုက်တဲ့အကြောင်း
- ထိုင်းနိုင်ငံက အလုပ်ရုံလူနေလိုင်းခန်းမှာ အိမ်ထောင်သည်မြန်မာမိန်းကလေးတစ်ဦး မုဒိမ်းကျင့်ခံရတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ထိုင်းဘတ်ဈေး အတက်အကျဈေးကွက်
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြိတ်မြို့ ကို လေးဖက်လေးတန်မှ ရေပတ်လည် ဝိုင်းရံထားပြီး အနောက်ဘက်ရှိ ကပ္ပလီ ပင်လယ်မှ လှေသင်္ဘောများ အတား အဆီးမရှိ ဝင်ရောက် ဆိုက်ကပ်နိုင်သော မြို့တစ်မြို့ဖြစ်သော ကြောင့် ၁၇ရာစုတွင် ထိုင်းက မြိတ်ကို သိမ်းပိုက်ကာဆိပ်ကမ်း မြို့အဖြစ် အသုံးချခဲ့လေသည်။
ယခုအပတ် 'ဓလေ့ သမိုင်း' အစီအစဉ်တွင် မြိတ်မြို့အကြောင်းကို တင်ဆက်ပေးလိုက်ရပါသည်။
ဒီနေ့ညမှာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကြပါတော့မယ်။
ကွန်မြူနတီဒိုင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေဖလားချန်ပီယံတို့ အကဲစမ်း အားပြိုင်တဲ့ပွဲစဉ်ပါပဲ။
ဒါပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးက ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲ အပါအဝင် ဖလားသုံးလုံး ဆွတ်ခူးရရှိခဲ့လို့ ဒီနှစ် ကွန်မြူနတီဒိုင်းပွဲက ပရီးမီးယားလိဂ်မှာ ဒုတိယရရှိခဲ့တဲ့ အာဆင်နယ်နဲ့ ချန်ပီယံများရှင် မန်စီးတီးတို့ အားပြိုင်ရတဲ့အသွင်ပုံစံဆီ ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။
ဒီနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်မှာ ကွန်မြူနတီဒိုင်းလုပွဲကို ယှဉ်ပြိုင်ရတော့မှာပါ။
ကွန်မြူနတီဒိုင်းပွဲ ရောက်ရှိလာတာဟာ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ် စတင်ဖို့အတွက် သီတင်းပတ် တစ်ပတ်သာ လိုတော့တယ်ဆိုတဲ့ အချက်ပေးသံပါပဲ။
ကွန်မြူနတီဒိုင်းပွဲမှာ သာမန်မိနစ် ၉၀ အတွင်း သရေဖြစ်နေခဲ့ရင်တော့ အချိန်ပို ဆက်လက် မကစားရဘဲ ပင်နယ်တီအဆုံးအဖြတ် တိုက်ရိုက်ခံယူရတဲ့စနစ်ကို ကျင့်သုံးပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇူလိုင်လ ၃၀ ရက်ကနေ ဩဂုတ်လ ၅ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
From the publisher's feed