Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • ဇူလိုင်လ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ဆရာတွေကို လွတ်မြောက်နယ်မြေသို့ပို့ဆောင်လိုက်ပြီလို့ထုတ်ပြန်လိုက်တဲ့အကြောင်း


    - ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုက ရွာသား ၃၀ ကျော်ကို စစ်ကောင်စီကဖမ်းဆီးသွားတာ


    - ပုလောမြို့နယ်က မီး‌လောင်ချောင်းဂိတ်တိုက်ခိုက်ခံရတဲ့အခြေအနေ


    - ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် မြိတ်မြို့မှာ အခြေခံစာကုန်းတွေ ဈေးမြင့်တက်လာနေတဲ့အကြောင်း


    - နယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အမြစ်ပြတ်ချေမှုန်းပေးဖို့ မြန်မာစစ်တပ်ကို တရုတ်ကတိုက်တွန်းလိုက်တဲ့ အကြောင်း


    - ဈေးမဖွင့်နိုင်သေးတဲ့ရွှေဈေးကွက်


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ကွဲပြားနေတဲ့ ကွင်းဆက်လေးခုမှသည် အမှုကြီးတစ်ခုဆီသို့ (သို့မဟုတ်) Corona Papers

    ဒီတစ်ပတ်အတွက် ခံစားသက်ဝင် ရုပ်ရှင်ဇာတ်ကားတစ်ကား တင်ဆက်ပေးဖို့ ရွေးချယ်ချိန်မှာ အခက်တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇာတ်ကားကောင်းတွေက အများအပြားရှိနေလို့ပါပဲ။ အဲ့ဒီလို ဇာတ်လမ်းကောင်းတွေထဲကမှ Corona Papers ဆိုတဲ့ ဇာတ်ကားကို ရွေးချယ်လိုက်ပါတယ်။


    ဒီဇာတ်ကားဟာ လှည့်ကွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်ကားပါ။ ဒါကြောင့် စိတ်ရှည်စွာနဲ့ကြည့်ရှုပြီး သည်းထိတ်ရင်ဖို လှည့်စားမှုတွေရဲ့နောက်ကို စီးမျောလိုက်ပါနိုင်ဖို့ လိုအပ်ပါတယ်။


    ဇာတ်ကားရဲ့ထူးခြားချက်က ဇာတ်လမ်းအစက ပြကွက်တွေ၊ ဇာတ်လမ်း သုံးပုံ တစ်ပုံလောက်မှာ ပြတဲ့ပြကွက်တွေ၊ ဇာတ်လမ်းအလယ်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေဟာ တစ်ခုနဲ့ တစ်ခု ဘာမှမဆိုင်သလို အဆက်အစပ်မဲ့နေတာပါပဲ။


    ဒါပေမဲ့ ဇာတ်သိမ်းခန်းဆီ ရောက်တဲ့အခါ အဲ့ဒါတွေအားလုံးက ချိတ်ဆက်ကွင်းဆက်တွေ၊ အကြောင်းကြောင့် အကျိုးဖြစ်လာရတာတွေ၊ ဆက်စပ်မှုက ကြီးမားလွန်းခြင်းမက ကြီးမားလွန်းနေတာတွေကို အံ့အားသင့်ဖွယ် ခံစားမြင်တွေ့ရပါလိမ့်မယ်။


    ဇာတ်ကားရဲ့နာမည်ကို မေ့သွားမှာစိုးလို့ ထပ်ပြောလိုက်ပါရစေ။ Corona Papers ဖြစ်ပါတယ်။

    6 min
  • ဇူလိုင်လ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - သရက်ချောင်းက အထက်တန်းကျောင်းခွဲနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အကြောင်း


    - လောင်းလုံးမြို့နယ်ထဲက တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့တဲ့အကြောင်း


    - ပုလောမှာ စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှု အခြေအနေ


    - တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရသွားတဲ့အကြောင်း


    - လောင်းလုံးက ရွာအချို့ပြောင်းရွေ့ရမယ်ဆိုတဲ့ ကောလဟလသတင်း ပျံ့နှံ့နေတဲ့ အခြေအနေ


    - ထိုင်းနိုင်ငံမှာ မြန်မာတစ်ဦး ရေမြောင်းဘေး ဓာတ်လိုက်သေဆုံးသွားတဲ့အကြောင်း အပါအဝင်


    - ဈေးမဖွင့်နိုင်သေးတဲ့ ရွှေဈေးကွက်နဲ့ ထိုင်းဘတ်ငွေအတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ဇူလိုင်လ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ကျွန်းစုမြို့နယ်က ရဲစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အကြောင်း


    - လောင်းလုံးမြို့နယ် အင်းဝန်းတံတားအနီးမှာ ခရီးသည်‌လေးဦး အဖမ်းခံလိုက်ရတဲ့အခြေအနေ


    - ရေဖြူမြို့နယ်မှာလည်း ရော်ဘာခြံအလုပ်သမားလူငယ်တစ်‌ဦး ဖမ်းဆီးခံရတာ


    - စစ်ကောင်စီကို အားပေးကူညီနေတယ်ဆိုပြီး နာရေးကူညီမှုအသင်းတွေကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးတဲ့အကြောင်း


    - အဖမ်းခံထားရတဲ့ ကံပေါက်ဒေသခံအမျိုးသမီးနှစ်ဦး ပြန်လွတ်မြောက်လာတဲ့အကြောင်း


    - ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ပြည်တော်ပြန်ဝင်လာတော့မယ့်အခြေအနေ


    - ကမ္ဘောဒီယာနိုင်ငံရဲ့ ဝန်ကြီးချုပ်က သားဖြစ်သူကို အာဏာလွှဲပေးတော့မယ်ဆိုတဲ့အကြောင်း


    - ဈေးမဖွင့်နိုင်သေးတဲ့ ရွှေဈေးကွက်အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • အောင်လအန်ဆန်းနဲ့ စိတ်မကျေပွဲထပ်ထိုးဖို့ စိတ်မဝင်စားဘူးလို့ပြောလိုက်တဲ့ ရိုင်နီရာ

    နယ်သာလန်သူရဲကောင်းလို့ နာမည်ကြီးတဲ့ ရိုင်နီယာ ဒီရစ်ဒါ ဟာ အောင်လအန်ဆန်းနဲ့ တတိယပွဲစဉ်ထိုးသတ်ဖို့က လတ်တလောမှာ မဖြစ်နိုင်သေးဘူးလို့ ပြောလိုက်ပါတယ်။


    ဒီရစ်ဒါဟာ အောင်လအန်ဆန်းနဲ့ အခုမတိုင်ခင် ထိုးသတ်ခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ၂ ပွဲလုံး အနိုင်ရထားတဲ့သူပါ။


    လတ်တလောမှာ ရိုင်နီယာနဲ့ထိုးသတ်ခွင့်ရနိုင်ဖို့အတွက် ရုရှားကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ရှာမေးလ် အာဒိုဂန်ကလည်း ကြိုးစားလို့နေပါတယ်။


    ရိုင်နီယာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ထိုးသတ်တဲ့စိန်ခေါ်ပွဲစဉ်မှာ အနာတိုလေ မာလေခင် ကို အရေးနိမ့်ပြီး လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံရွှေခါးပတ်ကို စွန့်လွှတ်လိုက်ရပါတယ်။


    ဒါကြောင့် လက်ရှိမှာတော့ ရိုင်နီယာဟာ ရွှေခါးပတ်နှစ်ဆုပိုင်ရှင်အဖြစ်ကနေ ရွှေခါးပတ်တစ်ခု ပိုင်ရှင်ဘဝဆီကို ရောက်သွားခဲ့ပါပြီ။


    ရှေ့လာမယ့်ပွဲစဉ်ကို ရိုင်နီယာက ဘယ်သူနဲ့ထိုးသတ်မလဲဆိုတာဟာ စိတ်ဝင်စားစရာပါပဲ။

    4 min
  • ဇူလိုင်လ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ထဲက နေအိမ်သုံးဆောင်ကို မီးရှို့ပြီး အိမ်ငါးဆယ်လောက်ကို ဖျက်ဆီးခဲ့တဲ့အကြောင်း


    - လောင်းလုံးနဲ့ ရေဖြူမြို့နယ်ထဲက စစ်ဘေးရှောင်နေရသူတွေအတွက် စားနပ်ရိက္ခာအရေးပေါ်ထောက်ပံ့ပေးဖို့ တောင်းဆိုတဲ့ ကမ်ပိန်းအကြောင်း


    - ရေဖြူမှာ စစ်ကောင်စီတပ်က ပစ်လို့ ဒေသခံနှစ်ဦးဒဏ်ရာရသွားတဲ့အကြောင်း


    - မှုခင်းသတင်းထောက်အပါအဝင် လူသုံးဦးဆီက မူးယစ်ဆေးနဲ့ လက်နက်တွေဖမ်းမိတဲ့အကြောင်း


    - လေကြောင်းရန်ကာကွယ်ရေးတပ်ကိုလာတဲ့ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးတစ်လုံး နေအိမ်ကြားထဲ ကျရောက်တဲ့အကြောင်း


    - ပုလောမြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုကို စစ်ကောင်စီတပ်ကဖြတ်သန်းခွင့်ပိတ်ထားလို့ ဒေသခံတွေ အခက်ကြုံနေရတဲ့ အခြေအနေ အပါအဝင်


    - ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတဲ့ ဒီနေ့ရွှေဈေးနဲ့ ထိုင်းဘတ်အတက်အကျအခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ဇူလိုင်လ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးက ကြယ်တောင်မှာ စစ်ကောင်စီတပ်ကားမိုင်းဆွဲခံရပြီး အတွဲလိုက်ပစ်ခတ်နေတဲ့အကြောင်း


    - စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားတစ်စီး ကလိန်အောင်မြို့နားမှာ မိုင်းဆွဲခံရတဲ့အခြေအနေ


    - ကံပေါက်ရွာအဝင်ဂိတ်မှာ ကုန်ကားတစ်စီးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အကြောင်း


    - ထိုင်းနိုင်ငံရေးဂယက်ကြောင့် ငါးဈေးကျပြီး တနင်္သာရီတိုင်းက ငါးဖမ်းလုပ်ငန်းရှင်တွေ အရှုံးပေါ်နေတဲ့အခြေအနေ


    - ဗေဒင်နဲ့ အကြားအမြင်ဟောတမ်းထုတ်သူတွေ လိုင်စင်လျှောက်ရမယ်ဆိုတဲ့ အမိန့်စာအတုထွက်တဲ့အကြောင်း


    - နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ရွှေအရောင်းအဝယ်ရပ်ထားတဲ့ အခြေအနေ အပါအဝင်


    - ဘန်ကောက်မှာ လိုင်စင်မရှိဘဲ အလှအပဆေးခန်းထိုင်နေတဲ့ မြန်မာဆရာဝန်တစ်ဦး အဖမ်းခံရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ဟောလိဝုဒ်အစ မီဒီယာအလယ် အပြာလောကအဆုံး AI စိန်ခေါ်မှုကို ရင်ဆိုင်နေကြရပြီ

    AI။ အခုရက်ပိုင်းတွေအတွင်း လူပြောအရမ်းများလာတဲ့ စကားလုံးတစ်ခုဆိုရင် မှတ်ဉာဏ်တု AI ပါပဲ။


    အစောပိုင်းက AI ဟာ တွေးတောတာ၊ အချက်အလက် စိစစ်တာ၊ မေးခွန်းတွေ အပြန်အလှန်ဖြေကြားပေးတာ၊ ဒီဇိုင်းရေးဆွဲတာ အစရှိတဲ့ကဏ္ဍတွေဆီ ခြေလှမ်းသွက်သွက် လှမ်းနေပေမယ့် လူသားတွေရဲ့လုပ်ငန်းတွေကို စိန်ခေါ်တာမျိုး မရှိခဲ့ပါဘူး။


    အခုတော့ လူသားတွေရဲ့လုပ်ငန်းတွေထဲ AI ဝင်ရောက်လာလို့ လူသားတွေ အခက်တွေ့နေရပါပြီ။


    AI ကြောင့် အလုပ်လက်မဲ့ဖြစ်သွားနိုင်ခြေရှိတဲ့ လူသားတွေဟာ AI အသုံးပြုမှုကို ဆန္ဒပြ ကန့်ကွက်နေပြီပဲဖြစ်ပါတယ်။


    ဟောလိဝုဒ်ရပ်ဝန်းထဲက AI ကန့်ကွက်ဆန္ဒပြပွဲမှာ နာမည်ကြီးဒါရိုက်တာ ခရစ္စတိုဖာ နိုလန်တို့တောင် ပူးပေါင်းပါဝင်ပေးနေသလို တချို့က ရိုက်လက်စ ရုပ်ရှင်ရိုက်ကွင်းတွေကို အကုန်ရပ်နားပြီး ဆန္ဒပြပွဲကို အရှိန်အဟုန် မြှင့်တင်ထားပါတယ်။


    တကယ်တော့ AI ဟာ ဟောလိဝုဒ်တင် မကပါဘူး။ သတင်းမီဒီယာနယ်ပယ်နဲ့ ယုတ်စွအဆုံး အပြာဇာတ်ကားရိုက်ကူးရေးနယ်ပယ်အထိတောင် ဩဇာချဲ့ကာ ထိုးဖောက်ဝင်ရောက်နေလို့ အလုပ်အကိုင် ဆုံးရှုံးရမယ့်အခြေအနေကို လူသားတွေ စိုးရိမ်ပူပန်နေကြရပြီပဲဖြစ်ပါတယ်။

    7 min
  • အကျပ်အတည်းအတွင်း ပေးကမ်းမျှဝေခြင်း

    ဒီလိုခေတ်ကျပ်ကြီးထဲမှာ တစ်ဦးနဲ့ တစ်ဦး ပေးကမ်းမျှဝေခြင်းက အရေးပါလာပါတယ်။


    ဘယ်အကျိုးကိုမှ မမျှော်ကိုးဘဲ တစ်ဦးနဲ့ တစ်ဦး ကူကြ၊ မျှဝေကြတဲ့ အကျိုးကျေးဇူးတွေက ဘာတွေ ရလာလဲဆိုတာ သိရှိထားဖို လိုအပ်လှပါတယ်။

    3 min
  • လက်ဝတ်ရတနာများက ပြောသည့်သမိုင်း

    တနင်္သာရီတိုင်းတွင် ရှေးမြို့ဟောင်းများစွာရှိနေသည်။


    မြို့ဟောင်းများမှ တူးဖော်ရရှိသည့် လက်ဝတ်ရတနာများက သမိုင်းကိုပြောပြနေကြသည်။


    ယခုအပတ် Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် လက်ဝတ်ရတနာများက ပြောပြနေသည့် တနင်္သာရီ သမိုင်းကိုတင်ဆက်ပေးလိုက်ရပါသည်။

    11 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။