Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • စီရော်နယ်ဒို အကြီးဆုံးသားရဲ့ မိခင်က မက္ကဆီကို မင်းသမီးလား

    စီရော်နယ်ဒို ဟာ သူ့ရဲ့သားကြီးဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာရဲ့မိခင် ဟာ ဘယ်သူဖြစ်တယ်ဆိုတာကို အခုအချိန်ထိ ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။


    ဒါဟာ ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်တစားရှိနေတဲ့ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။


    စီရော်နယ်ဒိုဟာ သားကြီးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာကို ဘယ်အမျိုးသမီးနဲ့ ရရှိခဲ့သလဲဆိုတာ မိသားစုရဲ့အရေးကြီးလှတဲ့ လျှို့ဝှက်ချက်တစ်ရပ်အဖြစ် ထားရှိဆဲပါပဲ။


    ဒါကြောင့်လည်း လျှို့ဝှက်ထားလေ လူတွေ ပိုလို့ပိုလို့ သိချင်လေ ဖြစ်လာတာပဲဖြစ်ပါတယ်။


    အခုတော့ အမျိုးသမီးတစ်ယောက်က သူဟာ ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာရဲ့မိခင်ပါလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါပြီ။


    အဲ့ဒီအမျိုးသမီးကတော့ မာသာ ဟီဂါဒီရာ လို့ အမည်ရပါတယ်။ မာသာ ဟီဂါဒီရာ ဟာ မက္ကဆီကိုလူမျိုး သရုပ်ဆောင်မင်းသမီးတစ်လက်ပါ။ အသက်ကတော့ ၃၉ နှစ်အရွယ် ရှိလို့နေပါပြီ။


    တကယ်ပဲ သူမဟာ ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာရဲ့မိခင် ဖြစ်နေလေမလား။

    5 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇူလိုင်လ ၉ ရက်ကနေ ၁၅ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    12 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇူလိုင်လ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    13 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇူလိုင်လ ၈ ရက်နေ့ကနေ ဇူလိုင်လ ၁၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    8 min
  • ဇူလိုင်လ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့အနီးဝန်းကျင်မှာ လက်နက်ကြီးပေါက်ကွဲသံတွေ ဆက်တိုက်ကြားနေရလို့ ကျောင်းသားတွေကို ပြန်လွှတ်ခဲ့တဲ့အကြောင်း


    - ပုလောကုန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်တိုက်တဲ့အခြေအနေ


    - ပုလောက မူးယစ်ဆေးရောင်းသူတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးခဲ့တဲ့အကြောင်း


    - ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်တွေအပေါ် သံသယရှိတယ်လို့ ထုတ်ပြန်လိုက်တဲ့အကြောင်း အပါအဝင်


    - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ဇူလိုင်လ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရတဲ့အကြောင်း


    - လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာက အမျိုးသမီးငယ်တစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးပြီး နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာ


    - ထားဝယ်မြို့ အနီးမှာ စစ်ကောင်စီတပ်ကား ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အခြေအနေ


    - တနင်္သာရီတိုင်းရဲ့ လယ်ကွင်းတွေထဲ စပါးဖျက်ရွှေခရုကျရောက်တာပိုများလာနေတဲ့အကြောင်း


    - မြန်မာ့လေကြောင်းလိုင်းပိုင် ဘဏ်အကောင့်တွေကိုပိတ်သိမ်မယ်လို့ စင်္ကာပူဘဏ်တစ်ခုက ပြောဆိုလိုက်တာ


    - လုံခြုံရေးချပြီး ကျင်းပနေတဲ့ ထိုင်းဝန်ကြီးချုပ်ရွေးပွဲမှာ တော်ဝင်ဥပဒေကိစ္စ အငြင်းအခုံဖြစ်နေကြတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • တာလီဘန်တွေကြောင့်ထွက်ပြေးခဲ့ရပြီး ဘောလုံးသမားနဲ့ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့သူဘောလုံးမယ်

    သုံးရောင်ခြယ်ဘဝလို့ ဆိုရမလားပါပဲ။


    တစ်ချိန်က ဒုက္ခသည်ပြည်ပြေး၊ အဲ့ဒီနောက်မှာ ဘောလုံးသမား၊ ဘောလုံးသမားဘဝနဲ့တွဲဖက်လို့ ပညာထူးချွန်ပြီး ဆရာဝန်ဖြစ်လာခဲ့လို့ သူမကို သုံးရောင်ခြယ်ဘဝလို့ တင်စားရတာပါ။


    သူမရဲ့အမည်က နာဒီးယား နာဒင်းမ် ဖြစ်ပါတယ်။ နာဒီးယားရဲ့ဘဝဟာ မြင့်ချည်တစ်ခါ နိမ့်ချည်တစ်လှည့်နဲ့ ဖြတ်သန်းခဲ့ရတာပါ။


    အာဖဂန်အမျိုးသားတပ်မတော် ဗိုလ်ချုပ်ရဲ့သမီး၊ အာဖဂန်နာမည်ကြီး အဆိုတော် အာယာနာ ဆယိဒ်ရဲ့တူမ အဖြစ် နာဒီးယာက ဘဝကို စတင်ခွင့်ရခဲ့ပေမယ့် သူ့ရဲ့ဖခင်ကို တာလီဘန်တွေက သတ်လိုက်အပြီးမှာတော့ နာဒီးယာရဲ့ဘဝက လုံးဝကို ပြောင်းလဲသွားခဲ့ရပါတော့တယ်။


    အမြင့်ကဘဝဟာ နေ့ချင်းညချင်းဆိုသလိုပဲ အနိမ့်ဆီ ရောက်သွားခဲ့ရတော့တာပါ။


    ဖခင်ဖြစ်သူ အဖြစ်ဆိုးကြုံလိုက်ရပြီးတဲ့နောက်မှာ နာဒီးယားတို့ မိသားစုက ဒိန်းမတ်ကို ထွက်ပြေးခဲ့ရပါတယ်။


    အခုအချိန်မှာတော့ နာဒီးယားဟာ ဒိန်းမတ်လက်ရွေးစင် အမျိုးသမီးဘောလုံးသမားအဖြစ် ထင်ပေါ်နေပြီဖြစ်သလို ဆရာဝန်တစ်ယောက်အဖြစ်နဲ့လည်း အောင်မြင်လို့နေပါပြီ။


    ဒီလိုဘဝဆီကိုရောက်အောင် နာဒီးယား ဘယ်လိုတွေကြိုးစားခဲ့ရသလဲဆိုတာကို Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

    5 min
  • ဇူလိုင်လ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ထားဝယ်ထောင် ဝန်ထမ်းတွေဆီမှာ မူးယစ်ဆေးဝါး စစ်ဆေးတွေ့ရှိတယ်ဆိုတဲ့အကြောင်း


    - လောင်းလုံး ခမောင်းတောင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံတစ်ဦး ဒဏ်ရာရထားတဲ့အ‌ခြေအနေ


    - ထားဝယ်မှာ Facebook အကောင့်ခိုးပြီး ငွေလိမ်တာတွေပိုများလာနေတာ

    - ပုလောမြို့နယ် ပုလောကုန်းကျေးရွာအုပ်စုမှာရှိတဲ့ ပျူစောထီးအိမ်အချို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ချိတ်ပိတ်လိုက်တဲ့အကြောင်း


    - ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာ မိုင်းပေါက်ကွဲလို့ အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာ


    - ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တဲ့အကြောင်း


    - ထိုင်းဝန်ကြီးချုပ်ရွေးဖို့ နာရီပိုင်းအလိုမှာ လူငယ်နိုင်ငံရေးသမား ပိထားကို ခုံရုံးတင်မယ့် ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ


    - လက်ရှိ အာဏာသိမ်း ထိုင်းဝန်ကြီးချုပ် နိုင်ငံရေးလောက ကနေအနားယူလိုက်ပြီဆိုတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ဇူလိုင်လ ၁၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီတပ်က ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးနေတဲ့ အကြောင်း


    - ဘုတ်ပြင်းမှာ တစ်ပတ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး နေအိမ်တစ်လုံးမီးရှို့ခံရတဲ့အခြေအနေ


    - ပုလောက အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ဆုံးရှုံးရဖွယ်ကြုံနေရတဲ့အကြောင်း


    - သရက်ချောင်းမြို့နယ်က စစ်ဘေးရှောင်တစ်ရာကျော် ဖျားနာပြီးနေမကောင်းဖြစ်နေတဲ့အခြေအနေ


    - ဂျာမန်လူမျိုး အိမ်ခြံမြေပွဲစားတစ်ဦး ထိုင်းနိုင်ငံမှာ သ တ်ဖြတ်ခံရတဲ့အကြောင်း အပါအဝင်


    - ဒီနေ့ရွှေနဲ့ ထိုင်းဘတ်ငွေဈေး အတက်အကျ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေ ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လိုရယူမလဲ

    ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်တွေ ရှိနေပါတယ်။ ဒါကြောင့် ဘယ်လို ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်မလဲဆိုတာ သိရှိထားဖို့ လိုအပ်လှပါတယ်။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။