
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြိတ်က စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူ ရှိခဲ့တဲ့အကြောင်း
- စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ တနင်္သာရီမြို့နယ်က ဒေသခံခြောက်ဦးဒဏ်ရာရသွားတဲ့ အခြေအနေ
- ရေဖြူမြို့နယ် ကံပေါက်ဒေသက သုံးနှစ်အရွယ်သမီးတစ်ယောက် ပျောက်ဆုံးနေတဲ့အကြောင်း
- မြိတ်မြို့မှာ ကုမ္ပဏီဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးသွားတဲ့ အကြောင်း အပါအဝင်
- ဒီနေ့ ရွှေနဲ့ထိုင်းဘတ် ဈေးအတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မန်ယူဟာ ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့ပါပြီ။ ဒီနေရာမှာ မေးစရာရှိလာတာက မေဆန်မောင့်ဟာ မန်ယူရဲ့လိုအပ်ချက်ကွက်လပ်ကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မယ့်ကစားသမားလားဆိုတာပါပဲ။
မန်ယူဟာ ဗြိတိန်ကစားသမားတွေနဲ့ အောင်မြင်တဲ့ နှစ်ကာလပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဲ့ဒါတွေအားလုံးက နည်းပြကြီး ဖာဂူဆန်လက်ထက်မှာ လက်နဲ့ထိသမျှ ရွှေဖြစ်ခဲ့စဉ်ကာလကပါ။
လက်ရှိနည်းပြ အီရစ်ခ်တန်းဟတ်ဂ်ကတော့ သူ့ဆီမှာ ရှိထားတဲ့ အင်္ဂလိပ်ကစားသမားတွေကိုတောင် ရောင်းထုတ်လိုက်ဖို့ စီမံနေသူဖြစ်ပါတယ်။
ဒီတော့ ဗြိတိန်တွေ၊ အင်္ဂလိပ်တွေကို မန်ယူဆီ အရမ်းရောက်စေချင်နေသူက ဘယ်သူတွေလဲ။
မေဆင်မောင့် ရောက်ရှိလာခြင်းဟာ အခန့်မသင့်ရင် မန်ယူအတွက် အမှတ်မရှိတဲ့အသည်းက နှစ်ခါပြန်ကွဲတာမျိုး ဖြစ်လာစေပါလိမ့်မယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- Palaw K-PDF ကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNU/KNDO အဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်တဲ့အကြောင်း
- ထားဝယ်အရှေ့တောဒေသက PDF တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး လက်နက်အချို့ ဆုံးရှုံးသွားတဲ့ အခြေအနေ
- တနင်္သာရီမှာ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အကြောင်း
- မြိတ်မြို့ မှာ ချိန်းတွေ့နေတဲ့ သမီးရည်းစားစုံတွဲ ဖုန်းလုခံရပြီး ဓားနဲ့ပါအထိုးခံရလို့ ယောင်္ကျားလေး သေဆုံးသွားတဲ့ အကြောင်း
- သရက်ချောင်းမြို့နယ် ကဇိရွာရဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့ အကြောင်း
- လယ်သမားတွေရဲ့လက်ထဲ စပါးပြတ်လပ်တဲ့အချိန်မှ စပါးဈေးပြန်တက်နေတဲ့အကြောင်း
- ထိုင်းလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ပါတီရှစ်ခုက သဘောတူရွေးချယ်လိုက်တဲ့အခြေအနေ
- ထိုင်းတောင်ပိုင်းမှာ ပွဲစားကားမှောက်လို့ တရားမဝင်ဝင်လာတဲ့မြန်မာတွေ အဖမ်းခံရတဲ့အကြောင်း
- ထိုင်းနိုင်ငံက ဆင်ကြီး အိမ်ပြန်ခွင့်ရသွားတဲ့ အခြေအနေ အပါအဝင်
- ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကံပေါက်လမ်းကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ပိတ်ဆို့ကန့်သတ်ထားတဲ့အကြောင်း
- ပုလောက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ အမည်နဲ့ လူမှုကွန်ရက်ပေါ်မှာ လိမ်ညာ အလှူခံနေတဲ့အကြောင်း
- ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ စစ်အာဏာရှင်ကျဆုံးရေး မြန်မာနိုင်ငံသားတွေ ဆန္ဒပြကြတဲ့အကြောင်း
- ထားဝယ်မြစ်ထဲအမည်မသိအမျိုးသားတစ်ဦးရဲ့ အလောင်း တွေ့ရတဲ့အကြောင်း
- ပန်းသပိတ်မှာပါဝင်တယ်ဆိုပြီး အဖမ်းခံရတဲ့ ရေဖြူမြို့နယ်က ဒေသခံအမျိုးသမီးလေးဦး ပြန်လွတ်လာတဲ့အကြောင်း အပါအဝင်
- ဒီနေ့ ရွှေနဲ့ ဘတ်ဈေး အတက်အကျ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဆလုံမျိုးနွယ်စု ၁၈၀၀ မပြည့်တော့ဟုဆိုသည်။ ဆလုံမျိုးနွယ်စု၏ တစ်ဦးတည်းသော နတ်ဆရာအိုကြီးကာရှားက သူ့နေရာဆက်ခံမည့် နတ်ဆရာမရှိတော့ဟုဆိုလိုက်သည်။
ဆလုံ(မော်ကင်း) လူမျိုးတို့၏ စိတ်ဝင်စားဖွယ် နတ်ပွဲအကြောင်းကို ယခုအပတ် ဓလေ့သမိုင်း အစီအစဉ်တွင် တင်ဆက်လိုက်ပါသည်။
တနင်္သာရီတိုင်း၏ မြတ်နိုးတန်ဖိုးထားဖွယ် ‘ဓလေ့ သမိုင်း’ များကို အပတ်စဉ် ပုံမှန်တင်ဆက်နေပြီး လူအများသိရှိနိုင်စေရန် ပြန်လည်မျှဝေပေးကြရန် တိုက်တွန်းလိုက်ပါသည်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇွန်လ ၂၅ ရက်ကနေ ဇူလိုင် ၁ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၂၄ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ပဝနဲ့ သရဖုံရွာက ဒေသခံထောင်ချီ တိမ်းရှောင်နေကြရတဲ့အကြောင်း
- ကလိန်အောင်မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ လက်နက်ကြီးထိမှန်ခဲ့တဲ့အကြောင်း
- ရေဖြူမြို့နယ် ပုဂေါ်ဇွန်းရွာနဲ့ မင်းဒပ်ရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ
- ကုန်ကားတစ်စီး မလွှဲတောင်အနီးမှာ မီးလောင်ကျွမ်းခဲ့တဲ့အခြေအနေ
- မြိတ်မြို့မှာ အုတ်သည်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တို့ တိုက်မိလို့ ခရီးသည် ၈ ဦး ဒဏ်ရာသွားတဲ့အကြောင်း
- လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာမှာ အမျိုးသားတစ်ဦးပစ်သတ်ခံခဲ့ရတာ
- မြိတ်မြို့မှာ အိဒ်ပွဲတော်လုပ်တဲ့ မြို့ခံအချို့ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့အခြေအနေ
- ထိုင်းမှာ ပွဲစားလိမ်သွားလို့ မြန်မာအလုပ်သမား နှစ်ဦး လုပ်ငန်းခွင်ထဲ အဖမ်းခံလိုက်ရတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ကမ္ဘာတစ်ဝန်းလည်း စားသောက်ကုန် ကုန်စျေးနှုန်းတွေ တက်နေပါတယ်။
စစ်ပွဲတွေ၊ ဥတုကပ်ဘေးတွေကြောင့် ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ဖော်ပြပေးလိုက်ပါတယ်။
From the publisher's feed