
Sign up to save your podcasts
Or


ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၁၇ ရက်နေ့ကနေ ဇွန်လ ၂၃ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ ပုလောဒေသခံ ၂၀ ကျော်ထဲက ငါးဦးပဲ ပြန်လွတ်လာသေးတဲ့အကြောင်း
- ဖောင်းတောရေအားလျှပ်စစ်စက်ရုံကိုသွားတဲ့ စစ်ကောင်စီအဖွဲ့ကို ကော်သူးလေအာမီက နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တဲ့ အကြောင်း
- ထားဝယ်ပင်မသပိတ်စစ်ကြောင်းဦးဆောင်သူတစ်ဦး ထားဝယ်အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့အကြောင်း
- အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ဒေသမှာ ဘယ်ကထုတ်မှန်းမသိရတဲ့ ဆေးလိပ်တစ်မျိုး ခေတ်စားလာတဲ့ အခြေအနေ
- မြန်မာဘဏ်နှစ်ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့လိုက်ပြီးနောက် ရွှေဈေးနဲ့ ဒေါ်လာဈေး ခုန်တက်နေတဲ့အခြေအနေ
- လောင်းလုံး မြို့မရဲစခန်းနားက ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခိုးယူသူတွေကို ဖမ်းမိထားတယ်ဆိုတဲ့အကြောင်း
- ဘန်ကောက်မြို့နားက လှေဆိပ်တစ်ခုမှာ မြန်မာအမျိုးသမီးတစ်ဦး ကိုယ်ဝန်ငါးလနဲ့ ကလေးမွေးဖွားခဲ့တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နှစ်ရက်ဆက်တိုက်ဖြစ်ခဲ့တဲ့ ပုလောတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်တာတွေ ရှိခဲ့တဲ့အကြောင်း
- ကလိန်အောင်မြို့ ထွေအုပ်ရုံး ပစ်ခတ်ခံရတဲ့ အခြေအနေ
- အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာစစ်အာဏာရှင်တွေ တာဝန်ခံမှုရှိစေဖို့ အစီအမံတွေချမှတ်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းတဲ့အကြောင်း
- မော်လမြိုင်-ထားဝယ်ကားလမ်းမှာ အရပ်ဝတ်နဲ့ ခရီးသည်တင်ကားပေါ်
လိုက်လာတဲ့ စစ်ကောင်စီတပ်သားလေးဦး ဖမ်းမိတဲ့အကြောင်း
- NLD ပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်တဲ့အကြောင်း
- ရနောင်းကနေ ကော့သောင်းကို မှောင်ခိုပို့မယ့် ဆိုင်ကယ်နှစ်စီးကို ထိုင်းတပ်မတော်က ဖမ်းဆီးခဲ့တဲ့အကြောင်း
- ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ ကားသုံးစီးဆင့်တိုက်ရာက မြန်မာနိုင်ငံသားတစ်ဦး သေဆုံးသွားတဲ့အကြောင်း အပါအဝင်
- ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ငွေ အတက်အကျ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
လူတွေကျန်းမာ အသက်ရှည်ဖို့ အစားအစာကို မဖြစ်မနေ စားသုံးကြရပါတယ်။
စားတတ်ရင်ဆေး မစားတတ်ရင်ဘေး ဆိုသလို အစားစားတိုင်းလည်း အဟာရဖြစ်တာ မဟုတ်ပါဘူး။
အဟာရဖြစ်ဖို့ စားရာကနေ ဘေးဖြစ်သွားတာတွေလည်း ရှိပါတယ်။
နေ့တိုင်းစားသောက်နေတဲ့ အစားအစာကနေ အဆိပ်မဖြစ်စေဖို့ အလေးထားလိုက်နာရမယ့် အချက်တွေ ရှိပါတယ်။
အန္တရာယ်ကင်းတဲ့ အစားအစာဖြစ်ဖို့ ဘာတွေသတိထားရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီလိုအပ်နေတဲ့အကြောင်း
- လမ်းခရီးဂိတ်တွေမှာ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ မရှိစေရေး ကြပ်မတ်ကြဖို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုထားခဲ့ပေမယ့် ငွေတောင်းနေကြဆဲ အခြေအနေ
- ရေးမြို့နယ်က ပြည်သူ့စစ်တစ်ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်တဲ့အကြောင်း
- တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ်သမားတစ်ဆယ်ကျော် ထိုင်းတောင်ပိုင်းမှာ ဖမ်းမိတဲ့အကြောင်း အပါအဝင်
- ဒီနေ့ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ချင်းတိုင်းရင်းသား ကိုယ်ပညာစုံတိုက်ခိုက်ရေးသမား ဂျိုရွှာဗန် ဟာ ဇွန်လ ၂၄ ရက်နေ့ကိုရောက်ရင် UFC ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးပွဲစဉ် စတင်ထိုးသတ်ပါတော့မယ်။
မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်တဲ့ ဂျိုရွှာဗန်ဟာ အသက် ၁၁ နှစ်အရွယ်ဆီ အရောက်မှာတော့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟောက်စတန်မြို့ဆီ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
ဂျိုရွှာဗန် ဟာ UFC မှာ ထိုးသတ်ခွင့်ရဖို့အတွက် ခရီးကြမ်းလမ်းကို ဖြတ်ကျော်ချီတက်ခဲ့ရတာပါ။
Fury FC မှာ ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်ခဲ့တဲ့ ဂျိုရွှာဗန် ဟာ UFC မှာ ထိုးသတ်ခွင့်ရတဲ့ ပထမဆုံး မြန်မာဖိုက်တာအဖြစ် မှတ်တမ်းဝင်နေပြီလည်း ဖြစ်ပါတယ်။
UFC ပွဲဦးထွက်ပွဲစဉ်အဖြစ် ထိုးသတ်ချိန်မှာ ဂျိုရွှာဗန် ရင်ဆိုင်ရမယ့်သူက ကာဇက်စတန် ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဇူမာဂူလော့ဗ် ပါပဲ။
UFC ပွဲဦးထွက်မှာ ချင်းတိုင်းရင်းသား ဂျိုရွှာဗန် ရလဒ်ကောင်း ရယူနိုင်မလားဆိုတာ စောင့်ကြည့်ကြရပါတော့မယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပုလောမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ခရီးသည်တင်ကားတွေ ပိတ်မိနေတဲ့အကြောင်း
- သရက်ချောင်းမြို့နယ်မှာ ပြည်သူတွေရဲ့ပစ္စည်းတွေကို စစ်ကောင်စီတပ်က ယူဆောင်သွားကြတဲ့အကြောင်း
- ထားဝယ်အရှေ့တောဒေသမှာ နှစ်ရက်ဆက်တိုက်ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိခဲ့တဲ့ အခြေအနေ
- ရန်ပုံငွေပြတ်လပ်သွားလို့ ဇမ္ဗူသီရိအဖွဲ့ ယာယီရပ်နားထားတဲ့ အကြောင်း
- ကံပေါက်ဒေသက မူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့အကြောင်း
- မြိတ်မြို့ က ချိပ်ပိတ်ထားတဲ့အိမ်ရှေ့မှာ ဈေးမရောင်းဖို့ စစ်ကောင်စီက သတိပေးတဲ့အကြောင်း အပါအဝင်
- ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့စည်းတော့မယ့်အကြောင်း
- တနင်္သာရီတိုင်းက စစ်ဘေးရှောင်တွေ ငှက်ဖျားရောဂါနဲ့ ရာသီတုပ်ကွေး ဖြစ်နေကြတဲ့အတွက် ဆေးဝါး အရေးပေါ်လိုအပ်နေတဲ့အကြောင်း
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)နှစ်ပြည့် မွေးနေ့မှာ စစ်အာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လုပ်ခဲ့တဲ့အခြေအနေ
- ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမင်းလွင်ဦးရဲ့ဖခင်ကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားတဲ့အကြောင်း
- NLD ပါတီ မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရဲ့ အစ်ကိုဖြစ်သူ စစ်ကြောရေးမှာ သေဆုံးသွားတဲ့အကြောင်း
- ပုလောမြို့နယ်ထဲက ပြည်ထောင်စုလမ်းပေါ်မှာ တိုက်ပွဲဖြစ်လို့ ကျောက်တင်ကားမောင်းသူတစ်ဦး သေဆုံးသွားတဲ့အကြောင်း
- လောင်းလုံးမြို့မရဲစခန်းနဲ့ သဲပုံရွာက စစ်ကောင်စီတပ်စခန်းကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အခြေအနေ
- ထားဝယ်အရှေ့တောဒေသမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တဲ့ အကြောင်း
- တနင်္သာရီမြို့နယ်မှာ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်တဲ့အကြောင်း အပါအဝင်
- ဒီနေ့ ရွှေနဲ့ ဘတ်ဈေးအတက်အကျ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သန်းကျော် အလုပ်လုပ်ကိုင်နေပါတယ်။
အလုပ်သမား အများစုကတော့ အလုပ်ကြမ်းတွေကို လုပ်ကိုင်နေကြရတာဖြစ်ပြီး အန္တရာယ်ရှိလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရသူ အများအပြားရှိနေပါတယ်။
လုပ်ငန်းခွင် မတော်တဆမှု ကြုံလာပြီဆိုရင် အချိန်မီ ဆေးကုသခွင့်နဲ့ ခံစားခွင့်တွေ ဘယ်လိုရယူနိုင်မလဲ ဆိုတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။
စန္ဒမာလာဟုဆိုလိုက်ပါက မောရစ်ကောလစ်ရေးပြီး လူထုဒေါ်အမာ ဘာသာပြန်ထားသည့် နာမည်ကြီးဝတ္ထုဆိုသည်ကို လူတိုင်းသိရှိကြလိမ့်မည်ထင်သည်။
သို့သော် စန္ဒမာလာထဲက အဓိကဇာတ်ဆောင်တွေက အပြင်မှာတစ်ကယ်ရှိသည်ဟုဆိုလျှင်တော့ အံသြသွားမည်ထင်သည်။
စာရေးသူ မောရစ်ကောလစ်က သူ့ဝတ္ထုမှာ စိတ်ကူးယဉ် သက်သက်ဖြင့်ပုံဖော်ထားသည်ဟု ဆိုထားသော်လည်း ဖြစ်ရပ်မှန်ကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း ယခုဆောင်းပါးတွင် ဖော်ပြထားသည်။
တနင်္သာရီတိုင်း၏ တန်ဖိုးထားမြတ်နိုးဖွယ် ‘ဓလေ့ သမိုင်း’ များကို အပတ်စဉ်ဖော်ပြနေသည့် Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို မျှဝေပေးကြဖို့ တိုက်တွန်းလိုက်ပါသည်။
From the publisher's feed