Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်းက သတင်းတွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ်မြန်မာ့ရေးရာမှာတော့ ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအစီအစဉ်ကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာပါ။

    11 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇွန်လ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    15 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၁၀ ရက်နေ့ကနေ ဇွန်လ ၁၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min
  • ကယန်းသူ ဗရော်နီကာ နိုင်ပွဲဆက်ယူပြီး ရည်မှန်းရာ One Championship ဆီ ခြေတစ်လှမ်းဆက်တိုးမယ့် စိန်ခေါ်ပွဲ

    မနက်ဖြန် ဇွန်လ ၁၈ ရက် တနင်္ဂနွေနေ့မှာတော့ ကယန်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ က စိန်ခေါ်ပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်ဖို့ ရှိနေပါတယ်။


    ဒီစိန်ခေါ်ပွဲမှာ ဗရော်နီကာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ဗီယက်နမ် မွေထိုင်းလက်ဝှေ့မယ် ထရိုင်အူသီ ဖြစ်ပါတယ်။


    ထိုးသတ်ခဲ့ပြီးသမျှ မွေထိုင်းလက်ဝှေ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူပြီး ပုံစံကောင်းရရှိနေတဲ့ ဗရော်နီကာ ဟာ နောက်ထပ်နိုင်ပွဲတစ်ပွဲ ရယူပြီး သူမရဲ့ရည်မှန်းချက်ဖြစ်တဲ့ One Championship ဝင်ရောက်ထိုးသတ်ခွင့်ရဖို့ ခြေတစ်လှမ်း ဆက်တိုးနိုင်လေမလားဆိုတာ စောင့်ကြည့်ရမယ့်ပွဲစဉ်ပါပဲ။

    4 min
  • ဇွန်လ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - သရက်ချောင်းမြို့နယ် ရငဲကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့တဲ့အကြောင်း


    - သရက်ချောင်း ဝဲရစ်ရွာက စစ်ရှောင်အဖိုးတစ်ဦး အမောဖောက် သေဆုံးသွားတဲ့အခြေအနေ


    - လောင်းလုံးရဲစခန်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခိုးယူခံလိုက်ရတာ


    - ထားဝယ်ဟိုတယ်ပိုင်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်သုံးဦးကို ထိုင်းနိုင်ငံတရားရုံးတစ်ခုမှာ ရုံးထုတ်စစ်ဆေးခဲ့တဲ့အကြောင်း


    - သရက်ချောင်းက စစ်ကောင်စီ ကာကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းယူမီးရှို့ဖျက်ဆီးလိုက်တဲ့အခြေအနေ


    - စစ်ရေးအရှိန်မြင့်တက်လာတာကြောင့် ခရီးသည်တွေ သတိပြုရမယ့်အချက်တွေကို ရေး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်တာ


    - ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင် လုပ်ကိုင်မှူနဲ့ မြန်မာအလုပ်သမား ၂၈ ဦး အဖမ်းခံခဲ့ရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ဇွန်လ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်အထိ မြင့်တက်သွားတဲ့အကြောင်း


    - ထားဝယ်မှာ အာစီယံအရည် ဝယ်ရလွယ်ကူလာပြီး သုံးစွဲတဲ့သူလည်းများလာနေတာ


    - ပလမြို့ ဇရပ်ဆိပ်ရွာနားမှာ မိုင်းနင်းမိလို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာသွားတဲ့အခြေအနေ


    - လောင်းလုံးမြိုပေါ်မှာ စစ်ဆေးတင်းကြပ်နေတာ သုံးပတ်ကျော်လာပြီဖြစ်တဲ့အကြောင်း


    - အဖမ်းခံရတဲ့ ကလိန်အောင်မြို့ခံ ကုန်မာဆိုင်ပိုင်ရှင် ပြန်လွတ်လာတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • Gumraah (သို့မဟုတ်) အမြွှာတွေ အမှုကျူးလွန်ရင် ဖော်ထုတ်ရ ခက်သလား

    Dawei Watch ရဲ့ခံစားသက်ဝင် ရုပ်ရှင်ကဏ္ဍအတွက် ဒီတစ်ပတ်မှာ ရွေးချယ်ထားတဲ့ဇာတ်ကားက Gumraah ဖြစ်ပါတယ်။


    အမြွှာတွေနဲ့ပတ်သက်လာရင် အငြင်းပွားစရာတွေက အများအပြားပါပဲ။ အမြွှာတွေရဲ့သွေးချင်းဆက်နွှယ်မှု၊ စိတ်ချင်းဆက်နွှယ်မှုတွေဟာ ထူးခြားဆန်းပြားလွန်းတာကြောင့် မေးခွန်းထုတ်စရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။


    Gumraah ဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရုပ်ရှင်ဇာတ်လမ်းပါ။


    အမြွှာနှစ်ယောက်အနက် တစ်ယောက်က လူသတ်မှု ကျူးလွန်လိုက်ပါတယ်။


    နောက်တစ်ယောက်က ဒါကို သိသွားပြီး နောက်တစ်နည်းနဲ့ ရဲစခန်းမှာ သူပါ အဖမ်းခံရအောင် အကွက်ချပြီး စနစ်တကျ လုပ်လိုက်ပါတော့တယ်။


    တရားခံအစစ်ကို ရဲတွေ ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ကြရမယ့်ဇာတ်ကားပါပဲ။

    6 min
  • ဇွန်လ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။

    ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - သရက်ချောင်းက နေရပ်ပြန်စစ်ဘေးရှောင်တွေ ရွာထဲစစ်ကြောင်းရှိနေလို့ ပြန်ထွက်ပြေးနေရတဲ့အကြောင်း


    - သရက်ချောင်းမြို့နယ် ပြင်းဖြူသားရွာက အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ အခြေအနေ


    - လောင်းလုံးအထက်တန်းကျောင်းကို စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး ဝင်ထွက်ခွင့် ကန့်သတ်ထားတာ


    - လောင်းလုံးမြို့နယ် သဗျာရွာမှာ အဖမ်းခံရတဲ့သူတွေထဲက ပြန်လွတ်လာတဲ့သူအားလုံးပြန်လွတ်လာတဲ့အကြောင်း


    - ရေဖြူမြို့နယ် ဖားချောင်းရွာက အဖမ်းခံခဲ့ရသူတစ်ဦး လေးရက်ကြာတဲ့အထိ အဆက်အသွယ်မရဘဲဖြစ်နေတာ


    - ကလိန်အောင်မြို့မှာ လေဆင်နှာမောင်းကြောင့် နေအိမ်နှစ်ဆောင် အမိုးလန်ပျက်စီးသွားတဲ့ အခြေအနေ


    - ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတစ်ဦး လမ်းဘေးမှာသေဆုံးနေတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ဇွန်လ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီတိုင်းထဲက စစ်ဘေးရှောင်တွေအတွက် ‘ဝသန်ဦးအတွက် ဆန်စုဗူး’ ကမ်းပိန်းစတင်လိုက်တဲ့ အကြောင်း

    - ရိက္ခာပို့ပြီးပြန်လာတဲ့စစ်ကောင်စီတပ် တနင်္သာရီမြို့နယ်မှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိတဲ့ အကြောင်း

    - သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ရငဲရွာက နေအိမ်ငါးလုံးကို မီးထပ်ရှို့ခဲ့တဲ့ အခြေအနေ

    - လောင်းလုံးက စားသောက်ဆိုင်မှာ အမျိုးသားလေးဦးနဲ့ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ဝင်ဖမ်းတဲ့ အကြောင်း

    - မြိတ်မှာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းတာကြောင့် မြေပြိုတာတွေနဲ့ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့တဲ့ အကြောင်း

    - ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦး လိင်တံကြီးလာစေဖို့သံကွင်းစွပ်ထားရာက ဆေးရုံတင်လိုက်ရတဲ့ အခြေအနေ

    - မလေးရှားမှာ စုဖွဲ့အရက်သောက်ကြရာက ဓားထိုးမှုဖြစ်လို့ မြန်မာအလုပ်သမားတစ်ဦးသေဆုံးသွားတဲ့အကြောင်း အပါအဝင်

    - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ထိုင်းရောက် မြန်မာလုပ်သားတွေ လုပ်ငန်းခွင်လုံခြုံရေး

    ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သန်းကျော် အလုပ်လုပ်ကိုင်နေပါတယ်။


    အလုပ်သမား အများစုကတော့ အလုပ်ကြမ်းတွေကို လုပ်ကိုင်နေကြရတာဖြစ်ပြီး အန္တရာယ်ရှိလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရသူ အများအပြားရှိနေပါတယ်။


    လုပ်ငန်းခွင် မ​တော်တဆမှု ကြုံလာပြီဆိုရင် အချိန်မီ ဆေးကုသခွင့်နဲ့ ခံစားခွင့်တွေ ဘယ်လိုရယူနိုင်မလဲ ဆိုတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

    11 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။