
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြိတ်မြို့က ကျေးရွာတစ်ရွာမှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့မယ်ဆိုတာကြောင့် ဒေသခံတွေစိုးရိမ်ကြတဲ့အကြောင်း
- ဘီးလင်းနဲ့ သထုံကြားက ချောင်းကူးတံတား မိုင်းပေါက်ကွဲမှူ နောက်ဆုံးရအခြေအနေ
- ငါးရက်ဆက် အတက်ဘက်မှာရှိနေတဲ့ အခေါက်ရွှေဈေး ဒီကနေ့ အနည်းငယ်ပြန်ကျလာတာ
- ရေးကားလမ်းမပေါ်မှာ တိုက်ပွဲဖြစ်လို့ ကလေးတစ်ဦးအပါအဝင် ခရီးသည် လေးဦး ဒဏ်ရာရရှိခဲ့တဲ့အကြောင်း
- ထားဝယ်ခရိုင်မှာ စစ်ရေးတင်းမာနေပြီး တစ်ပတ်အတွင်း ရဲစခန်းနှစ်ခု တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
လူတွေကျန်းမာ အသက်ရှည်ဖို့ အစားအစာကို မဖြစ်မနေ စားသုံးကြရပါတယ်။
စားတတ်ရင်ဆေး မစားတတ်ရင်ဘေး ဆိုသလို အစားစားတိုင်းလည်း အဟာရဖြစ်တာ မဟုတ်ပါဘူး။
အဟာရဖြစ်ဖို့ စားရာကနေ ဘေးဖြစ်သွားတာတွေလည်း ရှိပါတယ်။
နေ့တိုင်းစားသောက်နေတဲ့ အစားအစာကနေ အဆိပ်မဖြစ်စေဖို့ အလေးထားလိုက်နာရမယ့် အချက်တွေ ရှိပါတယ်။
အန္တရာယ်ကင်းတဲ့ အစားအစာဖြစ်ဖို့ ဘာတွေသတိထားရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ဖိတ်ခေါ်ကားမောင်းပြိုင်ပွဲမှာ ထားဝယ်သားတစ်ဦး မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
နိုင်ငံတကာကားမောင်းပြိုင်ပွဲတွေကိုကြည့်ရင်း သူအိပ်မက်မက်ခဲ့တာကို အခုတစ်ကယ်လုပ်ခွင့်ရသွားပြီလို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထားဝယ်သား ကိုပြည့်ဇော်ဟိန်းက ဆိုလိုက်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့နယ် ကံပေါက်ကျေးရွာက စစ်ကောင်စီတပ်ရင်းအခြေစိုက်တဲ့ ရပ်ကွက်မှာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့အကြောင်း
- ပလောက်မှာ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးကို ပစ်သ တ်ပြီး လက်နက်ခဲယမ်းအချို့ရရှိလိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်တာ
- အတက်ဈေးနဲ့ ငြိမ်နေတဲ့ အခေါက်ရွှေဈေးကွက် အကြောင်း
- မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ အမြန်ဆုံးပေးဖို့ နိုင်ငံတကာကို ဆေးပညာရှင်အဖွဲ့က တောင်းဆိုလိုက်တဲ့အကြောင်း
- ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦး ဟင်းဝယ်ဖို့ငွေမရှိတာကြောင့် ဟင်းစားရှာရာကနေ ရေနစ်သေဆုံးသွားတဲ့ အခြေအနေ
- ထိုင်းရဲစခန်းတစ်ခုမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားတွေ ထွက်ပြေးသွားကြတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပုလောကျောက်နိမ့်ရွာမှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ အမျိုးသားတစ်ဦး သေဆုံးသွားတဲ့အကြောင်း
- တနင်္သာရီမြို့နယ် ပဝကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ
- လောင်းလုံးမြို့နယ် သဲပုံရွာက စစ်ကောင်စီးခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခြေအနေ
- မြိတ်မြို့မှာ နေ့ခင်းကြောင်တောင် လုယက်မှုတွေလည်း မကြာခဏဖြစ်ပွားနေတဲ့အကြောင်း
- သရက်ချောင်းမြို့နယ် ရွှေဂူတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာ
- သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာစာသင်ကျောင်း ပြန်မဖွင့်နိုင်သေးတဲ့အခြေအနေ
- ရေဖြူမြို့နယ် ကလိန်အောင်မြို့က မီးသတ်ဒုဦးစီးမှုးရဲ့ကား ပစ်ခတ်ခံခဲ့ရတဲ့အကြောင်း
- မွန်ပြည်နယ် ရေးမြို့က နှစ်ကရင်ရဲစခန်းစီးနင်းတိုက်ခိုက်ခဲရတဲ့အကြောင်း
- မြဝတီမြို့မှာ လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို နေရပ်ပြန်ပို့လိုက်တာ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းမြို့နယ် ရငဲကျေးရွာကနေအိမ်တွေကို စစ်ကောင်စီတပ်က ထပ်ပြီး မီးရှို့ခဲ့တဲ့အကြောင်း
- လောင်းလုံးမြို့နယ် ကမြောကြီးကျေးရွာတံတားမှာ မိုင်းတွေ့တာကြောင့် ခရီးသည်တွေ ပိတ်မိခဲ့ကြတဲ့အခြေအနေ
- စစ်ကောင်စီတပ်သား မင်္ဂလာဆောင်နေတဲ့နေအိမ်အနီးက စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အကြောင်း
- ထားဝယ်ဈေးကွက်ထဲ ကြက်သွန်ဖြူဈေးမြင့်တက်နေတဲ့အခြေအနေ
- လောင်းလုံးမြို့နယ် ကူးတို့ဂိုဏ်း သံဃနာယက ဥက္ကဌဆရာတော် ပျံလွန်တော်မူသွားတဲ့အကြောင်း
- သေဆုံးသူအများအပြားရှိခဲ့တဲ့ တရုတ်နိုင်ငံက စားသောက်ဆိုင်ပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး လူလေးဦးကိုဖမ်းဆီးထားတဲ့အကြောင်း အပါအဝင်
- ဒီနေ့ ရွှေပေါက်စျေးအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ထားဝယ်၊ တနင်္သာရီ ဆိုသည့် ရှေးတိုင်းပြည်ကြီးအဖြစ် ထင်ရှားခဲ့သည့် တနင်္သာရီတိုင်းအတွင်း ၃၇ မင်းကိုးကွယ်မှု အလွန်နည်းပါးသည်။
သို့သော် ထားဝယ်ဒေသတွင် ထင်ရှားသည့် နတ်များရှိသည် ရှင်ဂီး(ရှင်းကြီး - ရွာရှင်) နတ်ပွဲဆိုလျှင် ရွာလုံးကျွတ်၊ နယ်လုံးကျွတ်လုပ်ကြသည်။
ထားဝယ်ဒေသနတ်များတွင် ဟိန္ဒူနတ်၊ မွတ်ဆလင်နတ်များလည်း ပါဝင်သလို မောင်းမကန်ကျေးရွာ ဆင်ရုပ်နတ်မှာလည်း ထင်ရှားသည်။
ယင်းသို့ပင် ပုလော-မြိတ် ဒေသက ကျားနတ်၊ တနင်္သာရီရှင်မအောင်သာနတ်တို့မှာလည်း ထင်ရှားသည့် နတ်များဖြစ်သည်။
ယခုအပတ် Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် နတ်ကိုးကွယ်မှု အကြောင်းကို တင်ဆက်ပေးလိုက်ရပါသည်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇွန်လ ၁၈ ရက်ကနေ ၂၄ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
Dawei Watch ရဲ့ခံစားသက်ဝင် ရုပ်ရှင်အစီအစဉ်မှာ ဒီတစ်ပတ် တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်ဇာတ်ကားက SAW IV ပါပဲ။
SAW ရုပ်ရှင်ဇာတ်ကားတွေဟာ Jigsaw(ဂျစ်ဆော)ရဲ့ဂိမ်းပွဲဖန်တီးပုံတွေကြောင့် ပရိသတ်စိတ်ဝင်စားမှုကို အစဉ်အဆက် ရရှိခဲ့ပြီး ဒီနှစ် အောက်တိုဘာလကိုရောက် SAW X ထွက်လာဖို့ ရှိနေပြီလည်းဖြစ်ပါတယ်။
SAW ရုပ်ရှင်ဇာတ်ကားတွေ အများကြီးထဲကမှ SAW IV ကို ရွေးချယ်လိုက်တာဟာ ကစားပွဲရဲ့အခြေခံအချက်က ထူးခြားလို့ပါပဲ။
ဒီဇာတ်ကားမှာ Game ပွဲ စီစဉ်သူက ရဲအရာရှိ ရစ်ဂ်ကို ဖမ်းဆီးပြီး ဂိမ်းကစားဖို့ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။
လောကမှာ လူသားတွေက “လုပ်မပေးနိုင်လို့ ရင်နာလိုက်တာ၊ ပျက်ကွက်မှုတွေအတွက် ရင်နာလိုက်တာ”စသဖြင့် တစာစာ အော်ကြပါတယ်။
တကယ်တမ်းမှာက လူသားတွေ လိုက်မလုပ်နိုင်၊ လက်လှမ်းမမီနိုင်၊ ရပ်ကြည့်ရင်နာရုံကလွဲပြီး ဘာမှ မတတ်နိုင်တဲ့ဖြစ်စဉ်တွေက အများကြီးရှိပါတယ်။
အဲ့ဒီလိုအချိန်အခါမျိုး၊ အကြောင်းတရားမျိုး ကြုံဆုံလာရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး စိတ်ဖြေဆေးရှာဖွေတာထက် ကိုယ်ရောက်နေရာအရပ်ကနေ ကိုယ်လုပ်နိုင်သလောက်က ဘာလဲ၊ ကိုယ်မလုပ်နိုင်တာက ဘာလဲ ဆိုတာကို ဉာဏ်နဲ့ယှဉ်ပြီး အဖြေရှာတာကသာ အကောင်းဆုံးပါပဲ။
လောကထဲမှာ အရာအားလုံးကို ကိုယ်က နေရာတကာ ဝင်ရောက်ပါဝင်ပြီး လုပ်နိုင်အောင် ကိုယ်လည်း စူပါမန်းမှ မဟုတ်တာပဲလေ။
SAW IV ဟာ တချို့အဖြစ်အပျက်တွေမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဖို့ထက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်အောင် သင်ကြားဖို့ တစ်ကွက်ချင်း၊ ဂိမ်းတစ်ဆင့်ချင်းအလိုက် ပြသသွားခဲ့ပါတယ်။
ဒါကြောင့်လည်း SAW ဇာတ်ကားတွေ အများကြီးအနက်ကမှ SAW IV ကို ရွေးချယ်ညွှန်းဆိုလိုက်တာရတာပါ။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
From the publisher's feed