
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသောင်းခွဲရှိလာတဲ့အကြောင်း
- ထားဝယ်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနားမှာ ဗုံးပေါက်တဲ့ အကြောင်း
- အာဆီယံနိုင်ငံတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ကို ပြင်းပြင်းထန်ထန်အရေးယူကြဖို့ အမေရိကန်အစိုးရက တိုက်တွန်းတဲ့အကြောင်း
- ကျားဖောင်လုပ်ဖို့အတွက် ထားဝယ်ဒေသထွက် ဝါးပိုးဝါးတွေ လာဝယ်နေတဲ့ အခြေအနေ
- ကမ္ဘာကျော်တေးသံရှင် တေလာဆွစ်ဖ်ကို ထိုင်းမှာလာဖျော်ဖြေဖို့ ဝန်ကြီးချုပ်လောင်းက ဖိတ်ကြားတဲ့အကြောင်း
- ချင်းမိုင်မြို့မှာ တရားမဝင်ဖွင့်ထားတဲ့ မြန်မာလူမျိုးစားသောက်ဆိုင်ပိုင်ရှင်နဲ့ မြန်မာအလုပ်သမားတွေ အဖမ်းခံရတဲ့အကြောင်း အပါအဝင်
- ထိုးတက်သွားတဲ့ အခေါက်ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ထားဝယ်မြို့၏ လွမ်းမောဖွယ် ညစျေးတန်းများ၊ မိုးအလင်းရောင်းကြသည့် အလင်းဆိုင်များမှာ မဆလ ခေတ်မှစတင်ပြီး တည်ရှိနေခဲ့သည်။ ပုံစံနေရာများ ပြောင်းသွားသော်လည်း ယခုအချိန်အထိ ရှိနေသော ညစျေးတန်းနှင့် အလင်းဆိုင်များမှာ အဝေးရောက် ထားဝယ်သားများအတွက် လွမ်းမောဖွယ်ပင်။
၂၀၁၇ နှစ်ဆန်းပိုင်းက ရေးသားထားခဲ့သည့် လွမ်းမောဖွယ် ညစျေးတန်းနှင့် အလင်းဆိုင်လေးများအကြောင်း ကို ပြန်လည်တင်ဆက်လိုက်ပါသည်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇူလိုင်လ ၂ ရက်ကနေ ၈ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ထားဝယ်မြို့မှာ မြို့တော်ခန်းမအသစ်တစ်ခုကို ဆောက်လုပ်နေပါတယ်။ ကျပ်သိန်းပေါင်း ၂၄၀၀၀ ကျော်အသုံးပြုပြီး လက်ရှိ မြို့တော်ခန်းမနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဗထူးပန်းခြံနေရာမှာ ဆောက်လုပ်နေတာပါ။
ဒါဟာ ထားဝယ်မြို့တော်ခန်းမနဲ့ ဗထူးပန်းခြံကို ဖျက်ဖို့စီစဥ်နေတာဖြစ်နိုင်ပါသလား။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့က ဗထူးပန်းခြံနေရာမှာ မြို့တော်ခန်းမအသစ်တစ်ခုကို ဆောက်လုပ်နေတဲ့အခြေအနေ
- လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်နှစ်ဦး ကျဆုံးခဲ့တဲ့အကြောင်း
- မြိတ်မှာ ကြက်သွန်းဖြူတစ်ပိဿာ တစ်သောင်းကျပ်အထိမြင့်တက်လာတာ
- ကျိုက်ထီးရိုးတောင်တက်ကားလမ်းက တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရတဲ့အကြောင်း
- ငှားရမ်းပြီး NLD ရုံးခန်းဖွင့်ထားတဲ့ အဆောက်အအုံကို စစ်ကောင်စီက ချိတ်ပိတ်လိုက်တဲ့အကြောင်း
- အတက်အကျမရှိဘဲ နှစ်ရက်ဆက်ဈေးငြိမ်နေတဲ့ အခေါက်ရွှေဈေး
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ အဖမ်းခံရတဲ့သူ ၁၆၀၀ ကျော်အထိရှိနေပြီဆိုတဲ့အကြောင်း
- နှစ်ရက်အကြာ ပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ်ကလေး သေဆုံးလျှက်ပြန်တွေ့ခဲ့ရတဲ့အခြေအနေ
- သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာမှာ ပစ်သတ်ခံရသူဟာ ပိန်းတောကျေးရွာသားဖြစ်နေတဲ့အကြောင်း
- စစ်ကောင်စီက သွားလာခွင့်ပိတ်ထားတဲ့ ကလိန်အောင်ကံပေါက်လမ်းပိုင်း ဖြတ်သန်းသွားလာလို့ရနေပြီဆိုတာ
- အရှေ့တောဒေသ သင်္ကန်တုံးရွာက နေအိမ်ငါးဆောင်ကို စစ်ကောင်စီတပ်က မီးရှို့လိုက်တဲ့အကြောင်း
- ပုလော မြဒေါင်းရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ငါးဖမ်းလှေငယ်နှစ်စီး ပျက်စီးခဲ့တာ
- ထိုင်းရောက် မြန်မာလင်မယား အချင်းချင်း ရန်ဖြစ်ပြီး ကလေးကို စတိုးဆိုင်မှာထားရစ်ခဲ့တဲ့အခြေအနေ
- မလေးရှားသွားမယ့် မြန်မာ ၂၀ ဦး ထိုင်းနိုင်ငံတောင်ပိုင်းမှာ အဖမ်းခံလိုက်ရတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ကမ္ဘာတစ်ဝန်းလည်း စားသောက်ကုန် ကုန်စျေးနှုန်းတွေ တက်နေပါတယ်။
စစ်ပွဲတွေ၊ ဥတုကပ်ဘေးတွေကြောင့် ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ဖော်ပြပေးလိုက်ပါတယ်။
From the publisher's feed