
Sign up to save your podcasts
Or


မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇူလိုင်လ ၁၆ ရက်ကနေ ၂၂ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇူလိုင်လ ၁၅ ရက်နေ့ကနေ ဇူလိုင်လ ၂၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့လယ်မှာ ပိုက်ဆံအိတ်အလစ်သုတ်ခံရတဲ့အကြောင်း
- ကော်သူလေးတပ်က မိုင်းဆွဲတိုက်ခိုက်လို့ KNU တပ်မဟာ ၄ တပ်ရင်းမှူးသေဆုံးသွားတာ။
- ကျွန်းစုမှာ လှေနဲ့လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ တိုက်ခိုက်ခံခဲ့ရတာ။
- အာဇာနည်နေ့က ပုလောမြို့မှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့တဲ့အကြောင်း
- ဖမ်ဆီးခံရတဲ့ ကံပေါက်ဈေးက ကုန်စုံဆိုင်ပိုင်ရှင်မိသားစုနဲ့ အလုပ်သမားတွေ ပြန်လွတ်လာတဲ့အခြေအနေ
- မဟာချိုင်မှာ တစ်ဦးတည်းနေတဲ့ မြန်မာအလုပ်သမား အခန်းထဲသေဆုံးနေတဲ့အကြောင်း
- ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား လေးဆယ်ကျော် လုပ်အားခမရဘဲ အလုပ်ထုတ်ခံခဲ့ရတဲ့အကြောင်း
- ရွှေဈေးအတက်အကျ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကော့သောင်း လုံးဖောမှာ အိမ်ခြေတစ်ရာကျော်ရေနစ်မြုပ်ခဲ့ပြီး လူလေးရာကျော်ရေဘေးသင့်ခဲ့တဲ့အကြောင်း
- ရေဖြူမြို့နယ်က စစ်ဘေးရှောင်တွေထဲ ကျန်းမာရေးမကောင်းသူတွေရှိနေပြီး စားနပ်ရိက္ခာအခက်အခဲနဲ့လည်းရင်ဆိုင်နေကြရတဲ့အခြေအနေ
- ထုံခါ မောတောင်လမ်း ဒီကနေ့ကစပြီး ဖြတ်သန်းသွားလာလို့ရနေပြီ ဆိုတာ
- တနင်္သာရီမြို့နယ်မှာ ငါးရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားတဲ့အကြောင်း
- ရန်ကုန်ကနေ ဆေးကုပြီးပြန်လာတဲ့ ထားဝယ်မြို့ခံတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့အခြေအနေ
- ရေကြီးနေတဲ့ မော်လမြိုင်မြို့မှာ ရေနစ်သေဆုံးတဲ့ကလေး သုံးဦးအထိရှိနေပြီဆိုတာ
- လူငယ် နိုင်ငံရေးသမားပီထာ ထိုင်းဝန်ကြီးချုပ်ရွေးပွဲမှာ ထပ်ပါလို့မရတော့တဲ့ အကြောင်း
- ထိုင်း မြန်မာနယ်စပ်တစ်နေရာမှာ ကားတိုက်မှုဖြစ်လို့ တရားမဝင်မြန်မာအလုပ်သမားတွေ သေဆုံးခဲ့ကြတဲ့အခြေအနေ
- ထားဝယ်ရွှေဈေးကွက်အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
စူပါဟီးရိုး ဇာတ်လမ်းကြိုက်တဲ့သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားပါပဲ။ ဒီဇာတ်ကားက ဘာများကောင်းလို့လဲလို့ မေးခွန်းထုတ်စရာရှိကောင်းရှိနိုင်ပါတယ်။
ဘာကောင်းသလဲဆိုတော့ ကိုယ့်ရဲ့အိမ်နီးချင်း အိန္ဒိယရဲ့ရုပ်ရှင်အဆင့်အတန်းက ဘယ်လောက်အထိ ရောက်သွားပြီလဲဆိုတာကို ဒီဇာတ်ကားကြည့်လိုက်ပြီးတာနဲ့ အကဲဖြတ်လို့ ရသွားပါလိမ့်မယ်။ ဒီဇာတ်ကားဟာ ဘောလိဝုဒ်အဆင့်တောင် မရောက်သေးပါဘူး။
တမီလ်ဇာတ်ကားအဆင့်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီလောက်အဆင့်ကတောင် CGI Effect တွေနဲ့ အခုလို ဇာတ်လမ်းတွေ ရိုက်ကူးတင်ဆက်လာခဲ့ပြီဆိုတော့ အိမ်နီးချင်း အိန္ဒိယရဲ့ရုပ်ရှင်အဆင့်အတန်းဟာ မြန်မာထက် လုံးဝကို သာလွန်းခြင်းမက သာသွားခဲ့ပြီဆိုတာ ရှုမြင်နိုင်ပါတယ်။
ဇာတ်ကားရဲ့နာမည်ကတော့ Veeran ပါ။ ဒါပေမဲ့ ဟောလိဝုဒ်ဇာတ်ကား ၄ ကားကို ပေါင်းစည်းထားတဲ့ ဇာတ်လမ်းမျိုးဖြစ်နေတာကတော့ ဝေဖန်ချင်စရာဖြစ်လို့နေပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အာဇာနည်နေ့မှာ ဗိုလ်မှူးကြီးဗထူးရဲ့ဇာတိ လေးသွန်းခံရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အကြောင်း
- ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုတွေကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားတွေအကြောင်း
- မြိတ်မြို့မှာ မိုးသက်လေပြင်းကျရောက်လို့ သဗ္ဗာန်လှေ ၁၅ စီးနစ်မြုပ်သွားတာ
- မော်လမြိုင်မြို့ပေါ် ရပ်ကွက်တိုင်းနီးပါး ရေကြီးရေလျှံနေတဲ့အခြေအနေ
- ထိုင်းနိုင်ငံထဲ ဆန္ဒပြပွဲတွေဖြစ်ပွားနေတာ
- ရွှေဈေးကွက်အတက်အကျ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်းဝန်ကြီးများအိမ်ရာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အကြောင်း
- ရေဖြူမြို့နယ်ထဲက တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်သားနှစ်ဦး ကျဆုံးခဲ့တဲ့အကြောင်း
- မိုးသက်လေပြင်းကြောင့် တနင်္သာရီတိုင်းထဲ ထိခိုက်ပျက်စီးခဲ့တဲ့အခြေအနေ
- မလေးရှားနိုင်ငံမှာ မြန်မာဒုက္ခသည်တွေနဲ့ အလုပ်သမားအရေး ကူညီပေးနေသူနဲ့မိသားစုဝင်တွေကို အမည်မသိအဖွဲ့က ဖမ်းသွားတဲ့အကြောင်း
- ကားဝယ်ရမယ့် စရိတ်မတတ်နိုင်လို့ ထိုင်းတောင်ပိုင်းမှာကျင်းပမယ့် ကားမောင်းပြိုင်ပွဲကို ဝင်မပြိုင်ဖြစ်တော့တဲ့ ထားဝယ်သား
- ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် ပီထာကို နောက်တစ်ကြိမ် ပြန်အရွေးခံမယ်လို့ ညွန့်ပေါင်း၈ ပါတီအတည်ပြုတဲ့အကြောင်း အပါအဝင်
- ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ကိုရောက်ရင် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို စတင်ကျင်းပတော့မှာပဲဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပူးတွဲအိမ်ရှင်တွေအဖြစ် ကျင်းပသွားဖို့ ရှိနေတာက ဩစတြေးလျနဲ့ နယူးဇီလန် တို့ပါပဲ။
ဒီနှစ်ကမ္ဘာ့လားပြိုင်ပွဲကို အာဆီယံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခွင့်ရရှိတာက ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းနဲ့ ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့ပဲဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ မိတ်ဆက်ပေးချင်တာကတော့ တောင်ကိုရီးယားအမျိုးသမီးဘောလုံးအသင်းမှာ ပါဝင်လာမယ့် ကေစီယူဂျင်း ဆိုတဲ့ ဘောလုံးမယ်လေးပါပဲ။
ဘာကြောင့်လဲဆိုတော့ ကေစီယူဂျင်းက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အသက် ၁၆ နှစ်အရွယ်မှာတင် ပါဝင်ကစားခွင့်ရတဲ့သူ ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကို အသုံးမပြုကြဖို့ တားမြစ်လိုက်တဲ့အကြောင်း
- စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့လှေတစ်စီး ထားဝယ်မြစ်ထဲ နစ်မြုပ်သွားတဲ့အခြေအနေ
- ပျူစောထီးတွေ အဖမ်းခံရပြီးနောက် သရက်ချောင်းမှာ တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း
- စစ်ကြောင်းထိုးချိန် စစ်ကောင်စီတပ်က ဖမ်းထားတဲ့ ဒေသခံတွေ ပြန်လွတ်လာတဲ့အကြောင်း
- ကံပေါက်ဒေသက အမျိုးသမီး ထပ်အဖမ်းခံရတဲ့အကြောင်း
- ထီးခီးလမ်းမှာ KNU နဲ့ ကော်သူးလေတပ်တို့ ပစ်ခတ်မှုဖြစ်လို့ လေးဦးဒဏ်ရာရသွားတဲ့အခြေအနေ
- ပုလောက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရတဲ့အကြောင်း အပါအဝင်
- ထိုင်းတောင်ပိုင်းမှာ ထိုင်းအလုပ်ရှင်တစ်ဦးနဲ့ မြန်မာသုံးဦး သေနတ်နဲ့ပစ်သ တ်ခံရတဲ့ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed